Ch-24

396 39 4
                                    

Uni

***မင်းင်္သချာပုဒ်စာတွေနဲ့ပက်သက်ပြီးတိုးတက်လာတဲ့တစ်နေ့ ငါတို့အချစ်တွေလည်း ခိုင်မြဲလာလိမ့်မယ်။ဘာလို့ဆို ငါတို့နှစ်ယောက်ရဲ့အချစ်က သင်္ချာပုဒ်စာတွေလို လှည့်ကွက်တွေနဲ့စခဲ့ကြတာမလို့................

________________________________

Chanyeol ရဲ့ စကားအဆုံးမှာတော့ ကားမောင်းတဲ့သူက  အသံတောင်မထွက်ဘဲ ရှေ့တည့်တည့်ကိုသဲကြီးမဲကြီးကြည့်ကာမောင်းနေတော့သည်။

Chanyeol ကတော့ မနမ်းရတာကြာနေတဲ့ နှုတ်ခမ်းတစ်စုံကို တစိုက်မတ်မတ်နမ်းရှိုက်နေသည်။ သူအဲ့နှုတ်ခမ်းလေးကို လွမ်းနေရတာမလား။ Chanyeol လက်တော့သာနိုပ်နေပေမဲ့ မျက်ဝန်းထောင့်ကနေ မြင်နေတဲ့ ငယ့် ရဲ့ပုံစံက သူ့ကိုစိတ်မထိန်းနိုင်အောင်လုပ်နိုင်လွန်းသည်။ ရင်ဘတ်ကို ပုတ်လာတဲ့လက်တွေကြောင့် နမ်းနေရာမှ ခွာလိုက်ပြီး ရင်ခွင်ထဲထည့်ထားလိုက်သည်။ ရင်ခွင်ထဲကကောင်လေးဆီက ဘာအသံမှထွက်မလာပေမဲ့ မျက်စောင်းတစ်ခုတော့ရလိုက်သေးသည်။ ချစ်စရာလေးပါဗျာ။ Chanyeol မျက်နှာကြီးပြုံးဖြီးဖြီးက အိမ်ရောက်သည်အထိမပျောက်သေး။ Kyungsoo ကတော့ ရှက်လွန်း၍ စကားမပြောနိုင်။ အိမ်ရောက်တော့ ကားတံခါးကိုဆွဲဖွင့်ပြီး အိမ်ပေါ်ပြေးတက်သွားတော့သည်။ Chanyeol ကတော့ ရယ်က အနောက်ကနေ လိုက်သွားသည်။ ကားသမားကတော့ သူ့သူဌေးအိမ်မှအမြန်ထွက်ခွာရေးသည့်သူ့အရေးတိုင်းပင်။ သူ့သူဌေးတွေဆင်းပြီးပြီဆိုတာ‌နဲ့ မောင်းထွက်သွားတာ အမြီးတောင်မမြင်လိုက်။

Chanyeol အိမ်ပေါ်တက်သွားတော့ Kyungsoo က အခန်းတံခါးကို လော့ချထားတော့သည်။

" ငယ် ငယ် ကိုယ်တိုင်ဖွင့်ပေးမလား ကိုယ်ဖွင့်ဝင်လာရ်လား ။ ကိုယ် ကိုယ်တိုင်ဖွင့်ဝင်ရရင် အပြစ်ပိုကြီးမယ်နော် ငယ် "

" ဂျောက် "

အခန်းတံခါးပွင့်သွားတော့

Chanyeol ဝင်ဝင်ချင်မြင်လိုက်ရတာက ခုတင်ပေါ်မှာ စိတ်ဆိုးပြီးထိုင်နေတဲ့ ငယ် ။ ဘယ်လိုတောင် ကလေးဆန်လာရတာလဲ။

" ငယ့် စိတ်ဆိုးနေတာလား "

" ......... "

Chanyeol သူ့အိတ်ကိုစားပွဲပေါ်တင်လိုက်ကာ Kyungsoo အနားသွားပြီးဖတ်လိုက်လေသည်။

Happy House(U+Z)Dove le storie prendono vita. Scoprilo ora