Ch-31

383 29 2
                                    

Uni

***အတွက်အချက်တွေနဲ့ဘဝကို ရွေးချယ်ခဲ့တာမဟုတ်လို့.......
မင်းရဲ့ကိန်းဂဏန်းတွေကို နောက်ပို့ထားရင်ကောင်းမယ်.........

_________________________________

Kyungsoo တို့ မိသားစုလေးက ကျန်ခဲ့တဲ့ ရက် 200 အတွင်း အရမ်းကို ပြည့်စုံကာ ပျော်ရွှင်နေခဲ့ကြသည်။

Kai နဲ့ Baek က Chan တို့ခြံထဲမှာ အိမ်တစ်လုံးထပ်ဆောက်ကာ အဲ့အိမ်မှာသွားကြသည်။ ဒါပေမဲ့လည်း မိသားစုနှစ်ရှိတာဆိုတော့ အပြုံးအရယ်တွေဆိုတာ မစဲပဲရှိနေခဲ့ကြလေသည် ။

ဒါပေမဲ့ အမြဲပြုံးနေနိုင်တာမှမဟုတ်တာ ...

Chan ရဲ့ နိုင်ငံခြားထွက်သွားရမည့် သတင်းက Kyungsoo နဲ့ Chan ကို အကြီးအကျယ် ပြဿနာတက်စေခဲ့သည်။

" အရင်တုန်းက လိုဆို မသွားနဲ့လို့မပြောဘူးလေ ဒါပေမဲ့ အခုသမီးလေး ရှိနေတယ်လေ အဲ့လောက်တောင် သမီးနဲ့ငါက အရေးမပါတော့ဘူးလား"

" ကိုယ်လည်း မသွားချင်ပါဘူး ဒါပေမဲ့ မသွားလို့မဖြစ်လို့ဘူးလို့ ကိုယ်ရှင်းပြနေရဲ့နဲ့ကွာ "

" အလုပ် အလုပ် အဲ့အလုပ်တွေချည်းပဲ မင်းဘဝမျာ ဘယ်တုန်းက ငါ့ကို ဦးစားပေးခဲ့လို့လည်း အခု သမီးလေးနဲ့တောင် မင်းက အလုပ်ကို ဦးစားပေးနေခဲ့တာလေ "

" မဟုတ်ပါဘူး ငယ် ရာ ။ ကိုယ် အခုတစ်ခေါက်က မသွားမဖြစ်လို့ပါ "

Chan ရှင်းပြနေရာက Kai ပါ ပါလာခဲ့သည်။

" ဟိုလေ Kyungsoo ရား အခုဟာက Chanyeol က မသွားလို့မဖြစ်လို့ပါ ။ သူရက်နည်းနည်းပဲပြီး တန်းပြန်လာမှာပါ ။ ငါ အာမခံပါတယ်ဟ "

" မလိုချင်ဘူး!!... "

Kyungsoo ရဲ့ အော်သံကြောင့် နှစ်ယောက်စလုံး အသံတိတ်သွားကြသည်။ ဆက်ပြောချင်ပေမဲ့ တစ်ခုခု ဖြစ်သွားမှာကြောင့် ရပ်လိုက်ကြသည်။ Baek က တော့ ကလေးနှစ်ယောက်လုံးကို ထိန်းနေတာကြောင့် Kyungsoo တို့ ဖြစ်နေတာကိုမသိပေ။

Kyungsoo လက်တွေတုန်ကာ အရမ်းဒေါသထွက်နေလေသည်။
စဉ်းစားကြည့်ပါအုံး ။ သမီးလေး မွေးပြီးတာ ရက် 200 ကျော် လဝက်ပဲရှိသေးတယ် ။ နိုင်ငံခြားသွားဖို့ပြင်ဆင်နေတာတောင်မဟုတ်ဘူး။ နိုင်ငံခြားသွားမှာ ဆိုတဲ့လူကို သူဒေါသမထွက်သင့်ဘူးလား။ ဘာကိုမှမတိုင်ဘဲ သွားခါနီးမှာ ငါဘယ်သွားမလို့ဆိုပြီး တိုင်ပင်တာ မဟုတ်တဲ့ အသိပေးခြင်းက သူ့ရင်ကို အဆပေါင်းများစွာပူလောင်စေသည်။ တကယ်ဆို ကြိုပြောရင်တောင် အဲ့လောက်ဒေါသထွက်ဖြစ်မည်မဟုတ်ပေ။ အခုတော့ ...........
တစိမ့်စိမ့်တွေးလေ ဒေါသကထိန်းမရလေ....

Happy House(U+Z)Where stories live. Discover now