Ch-13

552 47 6
                                    

Uni

***မျဥ်းပြိုင်တွေဖြစ်တဲ့မျဥ်းနှစ်ကြောင်းကိုတောင် Mat  Formula တွေနဲ့​အဖြေထုတ်လို့ရသေးတာ
မင်းနဲ့ကိုယ်က ဘာကြောင့်​မဖြေရှင်းနိုင်ရမှာလဲ.........
_____________________________

Flesh back ( Start )

Chan ငယ် နဲ့မင်္ဂလာဆောင်ပြီးနောက်နေ့မှာ အလုပ်သွားခဲ့သည်။ Kai နဲ့အတူပေါ့။ သူတို့နှစ်ယောက်လုံး ကုမ္ပဏီတစ်ခုစီဦးစီးကြပေမဲ့ Chan အဖေရဲ့ကုမ္ပဏီလုပ်ငန်းတွေနဲ့ KS အဖေရဲ့ပိုင်ဆိုင်မှုတွေက သူတို့နှစ်ယောက်လုံးလက်လွှဲယူလိုက်ရသည်။ အစက KS ကိုရှယ်ယာတွေနဲ့ ကုမ္ပဏီရဲ့အခြေအနေတွေတည်ငြိမ်သွားရင်ဦးစီးခိုင်းဖို့သူတို့နှစ်ယောက်တွေးထားကြသည်။ ပြီးတော့ Baekhyun ကိုပါ KS နဲ့အတူတူလုပ်ခိုင်းမည်ပေါ့ ။ ကံကြမ္မာက Chanyeol အပေါ်ရက်စက်စွာပြုမူခဲ့သည်။ အမည်မသိတဲ့သူတစ်ယောက်ဦးစီးတဲ့ ကုမ္ပဏီကြီးတစ်ခုက ရုတ်ရပ်ပေါ်လာပြီး Chanyeol ရဲ့ကုမ္ပဏီကိုရိုက်ချပစ်ခဲ့သည်။side effect အနေနဲ့ Kai ကိုပါထိခဲ့သည်။ နဂိုကတည်းက စေ့စပ်တိကျပြီးသေချာပိုင်နိုင်စွာကြိုးစားအားထုတ်ထားမှုကြောင့်အကျမနာသော်လည်းအထိခိုက်များသည်။ သတင်းတွေကိုမရမကလိုက်ပိတ်ထားတာကြောင့် ဘာမှမဖြစ်သလိုဟန်ပြအနေနဲ့ရပ်တည်နိုင်သည်။ နောက်တော့ Kai နဲ့ ပူပေါင်းလိုက်သည်။ Chan နဲ့ Kai ရဲ့အရည်ချင်းတွေ​နဲ့ကုမ္ပဏီက ခနအတွင်းအောင်မြင်လာတာကြောင့်ရလာတဲ့အကျိုးမြတ်တွေကိုပျက်စီးသွားတဲ့နေရာတွေကိုလိုက်ဖာနေရပြန်သည်။ ဘယ်လိုမှ KS အတွက်အချိန်မပေးနိုင်။ အစက သူတို့နှစ်ယောက်ပဲတိုက်ခိုက်ခံရတယ်ထင်ပေမဲ့ Lay Kris sehun xuimin တို့ကိုပါ side effect အနေနဲ့ဆွဲသွင်းထားသည်။ အဲ့တော့အကုန်လုံးအလုပ်တွေများကာ KS ကိုဘယ်သူမှလှည့်မကြည့်နိုင်ကြ။ Chanyeol က KS ကိုထိခိုက်မှာကြောင့်ဘာမှမလုပ်ခိုင်း။ အပြင်မထွက်ခိုင်းတာ​က ပြသာနာတွေကိုပိုဆိုးစေသည်။ နောက်ပြီး Chan ရဲ့အလုပ်တွေကိုမိန်းကလေးတွေနဲ့သာဖြေရှင်းဖို့နောက်ကွယ်ကနေခိုင်းထားသေးသည်။ KS အပြင်ထွက်တဲ့အချိန် Chan ကိုမိန်းကလေးတွေသွားနေတာကိုမမြင်မြင်အောင်လုပ်သည်။ နဂိုတည်းက KS က သူဘာဖြစ်နေဖြစ်နေသိုဝှက်တက်သူဆိုတော့ Chan ကိုဘာမှပြန်မပြော။ Chan ကလည်း KS က သူ KS အနားမနေလို့စိတ်ဆတ်နေတယ်လို့ပဲထင်သည်။ သူတို့နှစ်ယောက်ဆက်ဆံရေးက အဆင်မပြေဖြစ်လာသည်။ ပိုပြီးအဆင်မပြေအောင်လုပ်ခဲ့တာက 6 month Anni နေ့မှာ Chan က KS ချိန်းထားတာကိုမေ့ကာ ကောင်မလေးတစ်ယောက်ဆီသွားနေတဲ့ပုံဖြစ်လုပ်ထားသည်။ KS က အဲ့နေ့ကတည်းက Chan သူ့ကိုထားခဲ့တော့မည် အထင်နဲ့အကုန်လျောက်လုပ်တော့သည်။ အဲ့ထက်ပိုဆိုးတာက KS သူ့သူငယ်ချင်းတွေကို ph ဆက်တဲ့အချိန်တိုင်း အမြဲတမ်းမကိုင်နိုင်အောင်နည်းအမျိုးမျိုးနဲ့တားထားသည်။ အဲ့တော့ KS တစ်ယောက်ထဲနေ့တိုင်းဖြတ်သန်းနေရသလိုဖြစ်လာသည်။ Chan ကလည်း အလုပ်တွေကြားထဲနစ်နေသည်။ Baek က သူဖြစ်နေတာမှန်သမျှကိုပေါက်ကွဲတော့ Kai ခမျာ ဖြစ်သမျှတွေကို အလိမ်တစ်ဝက်အမှန်တစ်ဝက်နဲ့ရောပြီးပြောပြရသည်။ အဲ့တုန်းကဆို Baek က 1 ပတ်လောက်စကားမပြောပဲနေခဲ့သည်တဲ့။ Kai ကသူ့ကိုမသနားအား Chan ကိုသာကူညီနေရသည်။ Kai ရဲ့ကုမ္ပဏီတွေကသိပ်မရှိပေမဲ့ Chan တစ်ယောက်ထဲ ကုမ္ပဏီ 6 ခုလောက်ကိုတစ်ယောက်ထဲလှုပ်ရှားနေရတာ အဲ့တာအပြင်ကို KS နဲ့ကလည်း တစ်ရက်ပြီးတစ်ရက်အဆင်ပြေလာတယ်မရှိပဲ ပြသာနာတွေတစ်ခုပြီးတစ်ခုသာပါလာသည်။ Chan ခမျာ ခနနားတဲ့အချိန်တွေဆို KS ဓာတ်ပုံလေးကိုကြည့်ပြီးခိုးငိုနေတက်သည်။ နောက်ဆုံး Chan က နိုင်ငံခြားမှာရှိတဲ့ သူ့ရဲ့အကိုဝမ်းကွဲကိုလှမ်းခေါ်ပြီး အကူညီတောင်းရတော့သည်။ (Baek နဲ့တိုက်မိတဲ့တစ်ယောက်ပါ။ သိကြလား မသိရင်တော့ S1 ကိုပြန်ဖတ်။) ဟိုကလည်း အားတက်သရောပြန်ပြီးကူညီပေးပါသည်။ နောက်တော့ နိုင်ငံခြားက အဆက်သွယ်တွေများလာတာကြောင့် လုပ်ငန်းတွေကအဆင်ပြေလာသည်။ တိုက်ခိုက်လာတဲ့ကုမ္ပဏီနာမည်ကိုသေချာကြည့်မိတော့မှ သူတို့နှစ်ယောက်အရမ်းအံ့သြမိသွားသည်။ DS ဆိုတဲ့နာမည်က သူတို့သိတာသာမလွဲရင် DO Group နဲ့ပက်သက်နေသည်။ ဘာမှမသိသေးတဲ့အချိန်မှာ သူတို့နှစ်ယောက်ဘာမှမလုပ်ချင်သေးတာကြောင့် သူတို့နှစ်ယောက်အလုပ်တွေကိုသာ သိမ်းကြုံးလုပ်နေကြသည်။ Kai ကတော့ သူ့ရဲ့ကုမ္ပဏီနဲ့ Chan ရဲ့ ကုမ္ပဏီ2ခု အဲ့တာအပြင်ကို သူတို့နှစ်ယောက်ပေါင်းဖွင့်ထားတဲ့ ကုမ္ပဏီ ကုမ္ပဏီပေါင်းများစွာနဲ့လုပ်နေရတာကြောင့် Chan ဘာတွေထပ်လုပ်နေတယ်ဆိုတာ သူသေချာမသိတော့။ Chan က လုပ်ငန်းတွေကို Loey ဆိုတဲ့နာမည်နဲ့ဆက်လက်တိုးချဲ့ပစ်သည်။ နောက်တော့လူယုံအဖြစ် 6 ယောက်လောက်ကို သူ့နေရာမှာအစားထိုးအုပ်ချုပ်စေသည်။ တစ်ချို့လုပ်ငန်းတွေကို သူ့အတွင်းရေးမှူးတွေနဲ့သာဆောင်ရွက်စေသည်။ အတွင်းရေးမှူးတွေက လုပ်ငန်းတစ်ခုကိုတစ်ယောက်နှုန်းထားတာကြောင့် အဆင်မပြေစရာတော့မရှိ။ နိုင်ငံခြားလုပ်ငန်းတွေမှာလည်း ရှယ်ယာဝင်ထားတာမနည်း။ နောက်ပြီးဘယ်သူမှမသိအောင် နိုင်ငံခြားမှာတိုးချဲ့ထားတဲ့လုပ်ငန်းတွေကမနည်း ။ နိုင်ငံအတွင်းမှာကိုမဟုတ်ဘဲ ကမ္ဘာအနှံ့သူပိုင်တဲ့အရာတွေက ပစ်မလွဲ။ သူက Loey ဆိုတဲ့နာမည်နဲ့ ကမ္ဘာ့အတော်ဆုံးစီးပွါးရေးလုပ်ငန်းရှင်အဖြစ် Top 10 ထဲမှာပါလာသည်။ သူတစ်ယောက်ထဲကြောင့်တော့မဟုတ်သူ့ဘေးကသစ္စာရှိတဲ့သူတွေ ၊ သူ့ရဲ့ hyun၊ နောက်ပြီး သူ့ကိုယုံကြည်ပေးခဲ့တဲ့ လုပ်ငန်းရှင်တွေကြောင့်သူဒီနေရာရောက်လာခဲ့သည်။ Kai ကလည်း Top 100 ထဲမှာပါသည်။ သူတို့နှစ်ယောက် 1 နှစ်အကြာမှာ ဒီလိုအောင်မြင်မှုတွေရလာတာကိုမယုံနိုင်။ အဲ့ကြားထဲမှာ Chan နဲ့ KS အိမ်ထောင်ရေးက ပိုဆိုးလာတာကြောင့် Chan တို့မှာဖြေရှင်းရသေးသည်။ သေချာအချိန်ပေးပြီးစုံစမ်းတော့ KS ရဲ့အကိုဖြစ်သူက KS ကိုမကျေနပ်တာကြောင့် Chan တို့ကိုကွဲသွားစေချင်သည်။ စီးပွါးရေးကိုထိခိုက်စေချင်လို့မဟုတ်ဘဲ အိမ်ထောင်ပြိုကွဲသွားရုံသာ။ KS လူလွတ်ပြီး Chan အကြောင်းစုံစမ်းခိုင်တဲ့တစ်ယောက်က KS အကိုရဲ့လူဖြစ်နေသည်။ KS ဆီကိုသတင်းအမှားတွေသာပို့ပြီး သူ့ဆီကိုတော့သတင်းအမှန်တွေသာပို့စေသည်။ 1 Year Anni နေ့တုန်းကလည်း အိမ်အပြန်နောက်ကျစေရုံသာမကပဲ ဆေးခပ်ထားသေးသည်။ Chan က အိမ်ကိုအရောက်ပြန်လာကာ KS နဲ့ Anni နေ့ကိုဖြတ်သန်းခဲ့သည်။ နောက်နေ့မှာပဲ Chan မသိအောင် KS ဆီကို Massage ပို့ခဲ့တာက Chan က ယောင်္ကျားတစ်ယောက်နဲ့ဖတ်နေတဲ့ပုံကိုပို့ခဲ့သည်။ ညစာစားတော့ Chan ဆီကိုလာပြီး နှုတ်ဆက်တဲ့သူက ဓာတ်ပုံထဲမှာ Chanဖတ်ထားတဲ့သူဖြစ်နေတာက KS ကိုပိုပြီးဒေါသထွက်စေသည်။ နောက်ပြီးထိုလူက Chan လို့ခေါ်တာကို Chanyeol မငြင်းလိုက်တာက လောင်နေတဲ့မီးကို ဓာတ်ဆီတွေနဲ့ထပ်ဖြန်းလိုက်သလိုပဲ ပိုပြီးတောက်လောင်စေသည်။ နောက်ဆုံး Chan နဲ့ KS ပြသာနာတက်ကာ KS ဆေးရုံရောက်ရသည်။ ပြသာနာဖြစ်တဲ့နေ့က Chan KS အခန်းထဲမသွားတာက သူတို့နှစ်ယောက်တကယ်ပြတ်သွားသည်ဟုထင်စေဖို့။ သူရဲ့စာကြည့်ခန်းမီးကလည်းလင်းနေမှာဖြစ်သလို KS အခန်းလည်းလင်းနေလျှင် သူတို့နှစ်ယောက်ကိုစောင့်ကြည့်နေတဲ့သူကတကယ်ထင်သွားသည်။ ကုမ္ပဏီရဲ့သစ္စာဖောက်တစ်ယောက်ကိုဖမ်းဖို့ Chanyeol တစ်ယောက် KS အနားမှာနေဖို့ကိုတစ်ညတာစွန့်လွှတ်ခဲ့ရသည်။ KS ပြန်ထလာတဲ့အချိန်မှာအရာအာလုံးနေသားတကျဖြစ်သွားခဲ့သည်။ Chan နဲ့ Kai ပင်ပန်းခဲ့ရကျိုးနပ်ခဲ့ပါသည်။

Happy House(U+Z)Where stories live. Discover now