Ch-10

566 54 16
                                    

Uni

***ပုစ္ဆာတစ်ပုဒ်ကိုမသိကိန်းထားပြီးတွက်ရတာနဲ့Equationချပြီးတွက်ရတာ ဘယ်ဟာပိုလွယ်မလဲ........
____________________________

KS လေယာဥ်ပေါ်ကနေ ဆင်းလိုက်တော့ Chan က KS ရဲ့လက်ကိုအုပ်မိုးကာဆုတ်ကိုင်လိုက်သည်။ KS လည်း Chan ရဲ့လက်ကိုပြန်ဆုတ်ကိုင်ကာ လေယာဥ်ပေါ်ကနေနှစ်ယောက်အတူဆင်းလာခဲ့သည်။ Baekနဲ့Chen ရဲ့အပူကပ်မှုကြောင့် Kai တို့တစ်ဖွဲ့လုံး ကြိုဆိုရေးတွေနဲ့မတ်တက်ရပ်ကာ KS တို့ကိုစောင့်နေရသည်။ KSနဲ့Chan လေယာဥ်အောက်လည်းရောက်ရော KS က Chan ရဲ့လက်ကိုဖြုတ်လိုက်ကာBaek ဆီသို့အပြေးတစ်ပိုင်းသွားတော့သည်။ Chan ဘာလို့လဲဟု ကြည့်လိုက်တော့ Baekhyun က နေပူထဲရပ်နေတာကြောင့် ​KS ပြေးထွက်သွားခြင်းကိုနားလည်လိုက်သည်။ Chan ကတော့ လေယာဥ်ပေါ်ကဆင်းဆင်းချင်းအလုပ်ကိစ္စအရင်ပြောရသည်။ နားဖို့လာခဲ့ပေမဲ့ အနောက်ကနေလိုက်လာသောအလုပ်တွေကြောင့်စိတ်ကသိပ်မကြည်ချင်တော့။ ဒါပေမဲ့ပေါင်းစွာနဲ့ပဲ ခနရပ်ကာ Chan သူ့ရဲ့အတွင်းရေးမှူးကိုသူ့အစားပဲတာဝန်ယူခိုင်းရပေအုံးမည်။ Chan သူ့ရဲ့လူတွေနဲ့စကားပြောနေတုန်း KS က Baek ကိုအပြစ်တင်သံနဲ့ပြောပါတော့သည်။

Ks : " Baek ဘာလို့နေပူထဲရပ်နေတာလဲ ။ မင်းကတော့တကယ်ပါပဲ "

Kai : " သူ့ကိုဘယ်သူကများနိုင်လို့လဲ"

ဟုဆိုကာ ​စိတ်တိုချင်နေတာကိုထိန်းတာတဲ့ Kai က ဝင်ပြောလေသည်။
Chen ကလည်း

Chen : " သူလုပ်ချင်တာလုပ်ရရင်​ပျော်နေတာလေ "

Baek : " မင်းတို့ကလည်း ငါ့ဆိုပြောဖို့ပဲ "

All : " မပြောရအောင်မင်းကနေလို့လား "

အကုန်လုံးတစ်သံထဲထွက်သွားတာကြောင့် Baek ကိုဆူနေရာနေ ပြုံးသွားကြသည်။ နောက်တော့ သူတို့အကုန်လုံး Chan ဆီအာရုံရောက်သွားတဲ့သူတို့

Ks : " ကားပေါ်ကပဲစောင့်ကြမလား "

ပြန်ဖြေဖို့တောင်အချိန်မရလိုက်ပါဘူး။ Chan က ခြေလှမ်းကြဲကြီးတွေနဲ့ KS အနားရောက်လာသည်။

Chan : " sorry ကွာ။ အလုပ်ကမနေခဲ့ချင်ဘူးထင်တယ်။ ငါနောက်ကိုပဲလိုက်နေတာ။ သွားကြရအောင် ။ "

Happy House(U+Z)Where stories live. Discover now