Ch-21

388 35 0
                                    

Uni

***သင်္ချာအက္ခရာတွေကို 0ကနေ ရေသွားရင် အဆုံးမရှိတဲ့ဂဏန်းတွေရလာသလိုပဲ ကိုယ့်အချစ်တွေကလည်း အက္ခရာကိန်းစဉ်တန်းလို အဆုံးမရှိတဲ့အနန္တကိန်းစဉ်တန်းပါ

_________________________________


" ရောက်လာကြာသေးတယ်ပေါ့ "

" ....... "

" ကဲပါ Baek ရယ်လာပါ သွားကြရအောင်မှောင်နေမယ် "

" ဟွင့် "

Baekhyun တို့ကိုကြည့်ပြီးနှစ်ယောက်သား ရယ်မိကြပါသည်။

အကုန်လုံးက ကိုယ်စီထွက်သွားကုန်တာကြောင့် ခရီးပန်းလာပေမဲ့ တကူးတကခေါ်ထားတာဆိုတော့ သွားရအုံးမည်ပေါ့

" သူဌေး ကားသော့ "

" မင်းလိုက်မှာလား "

" ဟုတ်ပါတယ် သခင်လေးတို့က သူဌေးကို ကားမမောင်းခိုင်းဖို့ပြောထားတာကြောင့်ပါ "

" အဲ့တာဆို မြန်မြန်သွားကြမယ် ငယ်တို့ကျန်နေခဲ့ပြီ "

" အင်းပါ ငယ်ရယ် သွားမှာပါ ဒီမှာကားသော့ က "

" ဟုတ်ကဲ့သူဌေး "

အတန်ကြာမောင်းပြီးတဲ့နောက်မှာ တော့

" ငယ်လေး "

" ဗျာ "

" ကိုယ်တို့ ကလေးယူကြမလား "

" ဟင် ကိုက လိုချင်လို့လား "

" လိုချင်ပေမဲ့ ငယ် မယူချင်ဘူးဆိုလည်း ကိုက ငယ့် သဘောလေ "

" အင်း..... Baek ကိုမေးကြည့်အုံးမယ် ငယ်ကြောက်လို့ "

" ဟုတ်ပါပြီ ငယ့် သဘောပါဗျာ "

" ကို ဒါနဲ့လေ ဘယ်တော့ပြန်မှာလဲဟင် "

" ငယ်က ပြန်ချင်ပြီလား "

" အိမ်ကို လွမ်းလို့ကိုရဲ့ "

" ကိုယ် နဲ့နေရတာမပျော်ဖူးပေါ့ "

" အဲ့လိုမဟုတ်ဘူးလေ အိမ်မှာက အမြဲတမ်း ငယ်က တစ်ယောက်ထဲကျန်ခဲ့တာလေ အခုလို ကို အားနေတဲ့အချိန် ငယ်တို့အိမ်မှာ အမှတ်တရလေးတစ်ခုရှိစေချင်တာ။ ဒီမှာအကြာကြီးနေပြီး ပြန်သွားရင် ကိုက အလုပ်နဲ့ဆို ငယ်တစ်ယောက်ထဲကျန်နေခဲ့ရမှာ "

Happy House(U+Z)Hikayelerin yaşadığı yer. Şimdi keşfedin