Ch-22

382 35 0
                                    

Uni

***တစ်ခါတစ်လေမှာ ဖြေရှင်းပြီးပြီလို့ထင်တဲ့ပုစ္ဆာတွေက အဆင့်တွေကျန်နေတက်သေးတယ်.............

________________________________

Hawaii မှာ Kyungsoo တို့ 1ပတ်လောက်နေခဲ့ပြီး ပြန်လာခဲ့ကြသည်။
Kris & Tao , Luhan & Sehun , Lay & Suho တို့က တရုတ်သို့ပြန်သွားကြသည်။ သူတို့လည်း သူတို့အလုပ်တွေပစ်ထားတာကြာနေပြီလေ။ ချက်ချင်းပြန်သွားကြသည်။Chen & Minseok ကလည်း ဆိုင်ဖွင့်ရမှာဆိုတော့ ချက်ချင်းပြန်သွားကြသည်။ Baek ကတော့ ကိုယ်ဝန် နဲ့မို့ အိမ်ပြန်နေရသည်။ နှစ်ဖက်မိဘတွေက သူတို့အိမ်လိုက်နေစေချင်တာကြောင့် သွားနေရသည်။ Kai ကတော့ Chanyeol ဆီကနေ ခွဲထွက်ထားတာကြောင့် အသစ်ကပြန်စရမလိုပင် ဖြစ်နေသည်။ အရင်ကအဟောင်းတွေရော အသစ်တွေရောဆိုတော့ မနည်းကြိုးစားနေရသည်။
Chanyeol ကတော့ သူ့ကုမ္ပဏီခွဲတွေနဲ့ဌာနချုပ်နဲ့က ပစ္စည်းစာရင်းတွေ ဈေးစာရင်းတွေက ကွာဟနေသည်။ သူအရင်က အကူညီယူထားတဲ့ ကုမ္ပဏီတွေက ရန်စလာတာတွေလည်းရှိသည်။ Chanyeol ရဲ့ ပိုင်ဆိုင်မှုတွေကို တရားဝင်ကြေညာထားပြီဖြစ်တာကြောင့် အတိုက်အခိုက်တွေက ပိုများလာသည်။ Chanyeol အရင်တစ်ခါကလို Kyungsoo ကို အလုပ်တွေများလို့ပစ်ထားမိမှာ ဆိုးတာကြောင့် Kyungsoo ကို ကြိုက်တဲ့ဌာနမှာဝင်ကာ အလုပ်လုပ်စေသည်။

" ကို ရေ ဒီနေ့ ဘယ်သွားရမှာမလို စောစောသွားရမယ် "

" ကို ဒီနေ့ Night Duty "

" ကို ဒီနေ့ ဌာနမှူးက စောစောခေါ်လို့ "

" ကို ဒီနေ့ အလုပ်မပြီးသေးလို့အိမ်ပြန်နောက်ကျမယ် "

Chanyeol messages တွေဖတ်ပြီး ပြုံးမိသည်။ သူ့ ငယ် က သူ့ကို အပီပြင်ကို လက်စားချေ‌နေတာပဲ။ဒါပေမဲ့ message ကတော့ ဘာလုပ်လုပ်ပို့စမြဲ။ ကိုယ်က သာ Replay တောင် မပြန်မိ။  အလုပ်စလုပ်ခိုင်းကတည်း အခုထိ တွေ့ဖို့ ခဲယဉ်းလွန်းနေသည်။ ကိုယ် ကလည်း ပြန်ရောက်ရင် အလုပ်မများဘူးဟုပြောခဲ့သမျှ စုပုံနေတဲ့ အလုပ်တွေက သူ့ကို လှောင်ပြောင်နေ‌သယောင်။ အိမ်ပြန်လမ်းက အမြဲတိတ်ဆိတ်နေတက်ပြီး အိမ်မှာလည်း တိတ်ဆိတ်နေတက်သည်။ ကိုယ် အိမ်ရောက်တော့ ငယ်က အိပ်ပျော်နေပြီ။ အရင်က ကို့ ရင်ခွင်မဟုတါရင် အိပ်မပျော်ဘူး ဆိုတဲ့လူသားလေးက အိပ်ပျော်နေတာ သူပြန်ရောက်မှန်းတောင်မသိ။ မနက်ဆိုလည်း သူ့ထက် အရေးကြီးတယ် ဟုဆိုကာ ပြာယာခတ်ကာထွက်သွားမြဲ။ ထမင်းလက်စုံစားချင်တယ်ပြောခဲ့တာ ဘယ်ဆီနေမယ်မသိ။ ကိုယ်ကလည်း ငယ် ရေ ဖြေးဖြေး ဟုသာပြောနိုင်သည်။ ဟာဝိုင်အီ မှာ ကလေးယူမယ်ပြောခဲ့တာလဲ အခုချိန်မှာ ရေပေါ်မှာအရုပ်ဆွဲခဲ့သလို။ ဒါပေမဲ့  နောင်တရလား လို့မေးရင် မရပါ။ ငယ် ပျော်နေသည်လေ။ ဝန်ထမ်းတွေကြားမှာ ပြုံးရယ်နေတဲ့ ငယ် က သူအတွက် နောင်တမရစေတဲ့ဖြစ်တည်မှုလေး။ ငယ် ပျော်ရင် သူအဆင်ပြေနေသည်လေ။

Happy House(U+Z)Où les histoires vivent. Découvrez maintenant