Ch-1

1.4K 82 4
                                    

အလင်းရောင်တစ်ချို့မျက်နှာပေါ်ဖြာကျမှုကြောင့် Chan အိပ်နေရာကနေ နိုးထလာခဲ့သည်။ နိုးနိုးချင်း သူ့ဘေးက ကောင်လေးကို ကြည့်မိတော့ ချစ်ရသူရဲ့ အိပ်ပျော်နေပုံက သူကိုဆွဲဆောင်နေသယောင် ။ မနေ့ညက သူပေးခဲ့ Marking ရာတွေနဲ့လှပနေတဲ့ဒီလူသားကိုကြည့်ရင်း ချစ်မဝနိုင်။ သူတို့နှစ်ယောက် လက်ထပ်ခဲ့တာ 1 နှစ်တောင်ပြည့်သွားခဲ့ပြီ ။ မနေ့က Anniversary နေ့ဖြစ်တာကြောင့် အိမ်မှာ သူတို့နှစ်ယောက် ချစ်ရည်လူးခဲ့ကြခြင်းဖြစ်သည်။ ဘယ်လောက်တောင် ကြမ်းခဲ့ကြလည်းဆိုတာ မနက် 3နာရီမှ အိပ်ခဲ့ကြသည်။ Chan soo ရဲ့ မျက်နှာလေးကို ငေးရင်းတွေးနေရာမှ သူ့ရင်ခွင်ထဲကို တိုးဝင်လာတာကြောင့် ပြုံးလိုက်မိသည်။

Chan : " ငယ် နိုးနေရင် ထတော့လေ"

KS : " အိပ်ချင်သေးတယ် "

ဟုဆိုကာ သူ့ရင်ထဲ အတင်းတိုးဝင်လာတာကြောင့်

Chan : " ဟက် ကိုယ့်ကို ဆွဲဆောင်နေတယ်ပေါ့လေ။ ကိုယ်စိတ်ပါလာရင် မလွဲဘူးနော် "

KS : " ဘယ်သူက ဆွဲဆောင်လို့လဲ။ နှာဘူးကြီး ။ အဲ့တာပဲတွေးနေတာ "

Chan : " ဟား ဟား ကိုယ်က ခင်ဗျားလေးတစ်ယောက်ကိုပဲ ဘူးတာပါဗျာ။ ခင်ဗျားလေး က အမြဲတမ်းချစ်ဖို့ကောင်းနေတာကို "

KS : " ​😒 တော်ပါ ။ ရေသွားချိုးတော့မယ် "

Chan : " ကိုယ်နဲ့အတူတူချိုးမယ်လေ နာနေသေးတယ်မလား။ ကိုယ်ချိုးပေးမယ်လေ "

KS : " နာ၊ မနာ မင်း အောက်ကနေ ကြည့်လေ။ ပြီးတော့ ရေချိုးပေးစရာလည်းမလိုဘူး နားလည်လား။ မင်းနဲ့သာရေချိုးရင် ဒီမနက် ရေချိူးခန်းထဲက ထွက်ရဖို့လမ်းမမြင်ဘူး 😒 "

Chan : " ငယ်ကလည်းကွာ ကိုယ်ချိုးပေးချင်လို့ပါဆို။ ပြီးတော့ ညက ကိုယ်တောင်းတာ မဟုတ်ဘူးလေ။ ငယ် ကိုယ်တိုင်ပေးတာလေ "

KS : " aww နစ်နာသူကြီးပေါ့ "

Chan : " ငယ်ကလည်းကွာ "

KS : " သွား လာမဖတ်နဲ့ "

Chan : " ချစ်လို့ပါကွာ "

KS : " မထိပါနဲ့ဆို "

Chan : " ဘာဖြစ်လဲ ကိုယ့်မိန်းမ အဲ ကိုယ့်ယောင်္ကျားကိုဖတ်တာ "

Happy House(U+Z)Where stories live. Discover now