Ch-17

511 41 1
                                    

Uni

***မညီမျှခြင်းရဲ့နောက်မှာ မသိကိန်းရှိတယ် ညီမျှခြင်းရဲ့နောက်မှာအဖြေရှိတယ်တဲ့ ဒါဆိုရင် မင်းနဲ့ကိုယ်ရဲ့ပေါင်းစည်းခြင်းနောက်မှာ ဘာလို့အဖြေရှိမနေရတာလဲ..............

______________________________

ထိုနေ့ညက........
အင်း ထိုနေ့ညကလို့ပြောရတော့မည်။ Baek ရဲ့ ဆေးခပ်မှုက အကြီးအကျယ်အောင်မြင်သည်ဟု ပြောလို့ရအောင်ဖြစ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် 10 ယောက်လုံး နေ့လည် 12 နာရီမှ နိုးကြလေသည်။ တိုင်ပင်ထားသလားလို့ထင်ရအောင် တစ်ပြိုင်နက်နိုးလာကြသည်။ 10 ယောက်လုံးက မတိုင်ပင်ထားပေမဲ့တိုင်ပင်ထားသည့်တစ်ယောက်ကတော့ Byun Baekhyunပင်။ တစ်မနက်လုံး ထွက်မလာတဲ့ သူ့သူငယ်ချင်းတွေကြောင့် အခန်းထဲမှာ ၊စားသောက်ခန်းမှာ စသဖြင့်စားစရာမုန့်မျိုးစားကာ တခွီးခွီးရယ်နေသည်။ နေ့လယ်စာ စာတော့လည်း တစ်ယောက်တည်းရီနေလို့ ဝိုင်းဆဲတာခံရသည် ။ အဲ့တာလည်းမမှတ်။

" ​Baek မင်းလည်းရီနေ တစ်နေကုန်တော့မယ် အခုထိအရယ်မရပ်သေးဘူး ထွက်လာမဲ့ မင်းဗိုက်ထဲက ကလေးကိုတော့ ရင်လေးတယ်သိလား "

Chen က မနေနိုင်စွာပြောလာတော့

" ရင်လေးရအောင် မင်းကအတုတပ်ထားလို့လား "

" ဟာ ကြည့်စမ်း မင်းဗိုက်ထဲကကလေးကတော့ သေချာတယ် အရိုင်းတုံးလေးဖြစ်လာမှာ "

" မင်းတို့နဲ့ပေါင်းလို့လေ "

Baek  ရဲ့စွာတေးလန်မှုကို ဘယ်သုကမှခွန်းတုံ့မပြန်နိုင်။ အကုန်လုံးက Kai ကိုသာ လှည့်ကြည့်နေကြတော့သည်။ အကြည့်တွေရဲ့ အဓိပ္ပါယ်က မင်း ဘယ်လိုများ သည်းခံနေလဲ ဆိုတဲ့အဓိပ္ပါယ်နဲ့ မင်းသည်းခံနိုင်တာ အံ့သြတယ်ဆိုတဲ့ အဓိပ္ပါယ်တွေပင်။

ခနကြာတော့ ကိုယ့်အတွဲကိုယ်စီနဲ့ထွက်သွားကြသည်။ Baek နဲ့ Kai သာ ဟိုတယ်၌ကျန်ခဲ့တော့သည်။

__________________________

" ငယ် "

" ဟင် "

" ကို...."

" ဟေ့ယျောင်တွေ !!! "

" ဟာ မလုပ်နဲ့! "(both)

Happy House(U+Z)Where stories live. Discover now