Ch-20

468 39 3
                                    

Uni

***ပုစ္ဆာတွက်ရင် အလွယ်ဆုံး လက္ခဏာက အပေါင်းအနှုတ်လို့ဆိုကြတယ်

မင်းနဲ့ကိုယ်ရဲ့ ပုစ္ဆာအတွက် ဘယ်လက္ခဏာက အလွယ်ဆုံးလက္ခဏာ ဖြစ်မလဲ.........

_________________________________

Chanyeol Kyungsoo ကို Surprise တိုက်ပြီးပြီးချင်းမှာပဲ Chen Baek တို့နှစ်ကောင်ကို ထိန်းကာ တစ်ဖွဲ့လုံး ပြန်သွားကြသည်။  Chen Baek တို့ကနှောင့်ယှက်ချင်သေးပေမဲ့ ရိပ်မိတဲ့ဆိုင်ရာပိုင်ရာတွေက ပွေ့ချီကာ ခေါ်သွားကြသည်။ မဟုတ်ရင် မလွယ်။
ခုနက စီစဉ်တဲ့သူတွေလည်း တစ်ယောက်မှမရှိကြတော့။
Kyungsoo နဲ့ Chanyeol သာကျန်နေခဲ့ကြသည်။

စင်ပေါ်မှာ မျက်နှာချင်းဆိုင်ရပ်နေကြပေမဲ့ နှစ်ယောက်လုံး အကြည့်မလွှဲကြသေး။ တစ်ယောက်နဲ့တစ်ယောက်မမြင်ဖူးသလို ကြည့်နေကြသည်။ Kyungsoo ရင်ထဲမှာ သံစုံတီးဝိုင်းတီးသလိုဆူညံနေသည်။ Chan က သူ့ကို Surprise တိုက်တယ်ဆိုတာ မယုံနိုင်သေး။ အိမ်မက်တစ်ခုလိုပင် ။ Chan ကလည်း Kyungsoo အတွေးတွေကိုသိနေစွာ။

" အိမ်မက်မဟုတ်ပါဘူး ငယ် တကယ်ဖြစ်နေတာပါ "

" ဒီခြံဝင်းက? "

" ကိုယ်ဝယ်ထားတာ ငယ် ။ ငယ့်ကို ချော့ချင်ပေမဲ့ ဘယ်လိုချော့ရမလဲ မသိတာကြောင့် ဒီခြံဝင်းကြီးနဲ့ အိမ်မှာ Surprise တိုက်ပြီး ကိုယ့်ကို စိတ်ဆိုးပြေဖို့ တောင်းဆိုလိုက်တာ "

" ကို ရယ် တကယ်ပဲ အများကြီးကုန်မှာပေါ့ "

" ငယ့် အတွက်ပဲလေ "

" ဟုတ်ပါပြီ "

" ကို့ကို စိတ်ဆိုးပြေမယ်မလား "

" ပြေရမှာပေါ့ ဒီလောက်လုပ်ပေးထားတာကို "

" ကျေးဇူးပါ ငယ် ရယ် "

" ‌အင်း ငယ် လည်း ကျေးဇူးတင်တယ် ကို ငယ့် ကိုအခုလိုချစ်ပေးလို့ "

" အရမ်းချစ်တယ် ငယ် "

တစ်ဦးနဲ့တစ်ဦးတင်းကျပ်စွာ ဖတ်ပြီးတဲ့နောက်မှာတော့ နှုးညံ့တဲ့အနမ်းတွေ ဆက်လက်ဖြန့်ကျဲလျက်။

________________________________

" Hmm....ကို...အာ့ "

" ချစ်တယ် ငယ် ...... "

Happy House(U+Z)Where stories live. Discover now