Ch-19

414 35 2
                                    

Uni

*** မင်းအချစ်တွေက သင်္ချာပုစ္ဆာလိုမျိုးပေါင်းနှုတ်မြောက်စားတွေနဲ့တွက်ပြီး အဖြေထွက်လာရင်ကောင်းသား

ဒါပေမဲ့ မင်းအချစ်က သင်္ချာပုစ္စာတစ်ပုဒ်မှမဟုတ်ပဲလေ......

__________________________________________________________________

ခြံတစ်ခြံရှေ့မှာ ထိုးရပ်သွားတဲ့ ကားတစ်စီး။ တိတိကျကျပြောရရင် Kyungsoo စီးလာတဲ့ကားလေးပေါ့။
Kyungsoo မှောင်မဲနေတဲ့ ခြံနဲ့အိမ်ကြီးကိုကြည့်ပြီး ကြက်သီးတွေဖြန်းခနဲ။ ဘယ်ရောက်နေလဲ မေးဖို့ရာ ကားမောင်းပို့တဲ့ ကောင်လေးကို ကြည့်လိုက်တော့ မရှိတော့။ Kyungsoo ပတ်ဝန်းကျင်တစ်ခုလုံး လှည့်ပတ်ကြည့်တော့လည်း ဘယ်သူမှမရှိပေ။ Kyungsoo စိတ်ချောက်ချားလာတာကြောင့် ph ခေါ်ဖို့လုပ်တော့ ph ကတိုင်မမိပေ။

" ကျစ် "

Kyungsoo စိတ်ရှုပ်ရှုပ်နဲ့စုတ်သတ်မိသည်။ နောက်တော့ အရဲစွန့်ကာ ခြေလှမ်းစလှမ်းလိုက်သည်။ အိမ်ကြီးကို လှမ်းကြည့်တော့ သော့ပိတ်ထားသည်မို့။ အိမ်ကို ပတ်ထားသည့်တစ်ဖက်က လမ်းလေးကနေ ‌Kyungsoo  လျှောက်လာမိသည်။

Kyungsoo လျှောက်လာတဲ့လမ်းတစ်လျှောက် သူခြေတစ်လှမ်းလှမ်းရင် လမ်းတစ်ဖက်တစ်ချက်ဆီမှာရှိတဲ့ မီးလေးတွေကလင်းလာသည်။ အစက ကြောင်သွားပေမဲ့ ထူးဆန်းတာကြောင့် ခြေလှမ်းတွေကဆက်လှမ်းနေမိသည်။ မီးတွေလင်းလာတော့ မကြောက်တော့တာလည်းပါမည်။ သူလျှောက်လမ်းဆုံးတော့ ဆိုင်းဘုတ်ရှေ့မတ်တပ်ရပ်မိတော့ တစ်ဖက်သို့သွားရန် ညွှန်ပြနေသော မြားလေးကြောင့် သူခြေလှမ်းတွေဆက်လှမ်းမိသည်။ ခုနကလို ခြေလှမ်းလှမ်းတိုင်းမီးလေးတွေက လင်းလာပြန်သည်။ ဒီတစ်ခါက အရောင်ပါတဲ့မီးလေးတွေ ။ သေချာကြည့်ရင်  မီးအလင်းရောင်သုံးရောင်သာအလှည့်ကျလင်းလာသည်။
နောက်တစ်နေရာအရောက်မှာတော့ ဝက်ဝံရုပ်ကြီးက သူ့လက်ထဲ ဝက်ဝံရုပ်လေးထည့်ပေးကာ ဆက်သွားဖို့ညွှန်ပြလာသည်။ Kyungsoo မျက်နှာလေးက ရောင်ခါစတုန်းကထက် အေးစက်မနေတော့။ ပြုံးယောင်ယောင်လေးဖြစ်လာသည်။ ဒါပေမဲ့ သူမပြုံးသေးပါ။ ဒီအစီစဉ်က ဘယ်သူကြံလည်းဆိုတာ သူသိသွားပြီလေ။ တစ်နေရာရာကနေ စောင့်ကြည့်နေမယ်ဆိုတာလည်း သိတာကြောင့် မျက်နှာလေးကို အနည်းငယ်တင်းထားခြင်း။ Kyungsoo ဆက်လျှောက်လာတော့ ပန်းခင်းကြီးတစ်ခုကိုတွေ့လိုက်ရသည်။ လမ်းမရှိတဲ့ပန်းခင်းကြောင့်သူ ရပ်နေလိုက်သည်။သူ့မျက်လုံးထဲမှာ အမှောင်မဲထဲမှာရှိနေတဲ့ အရောင်မရှိတဲ့ပန်းခင်းကြီးတစ်ခုလိုဖြစ်နေတာသည်။ ဒါပေမဲ့ ခုနက ဝက်ဝံရုပ်ကြီးက သူ့ကို ပန်းခူးဖို့ အမူအရာပြတော့။ သူပန်းတစ်ပွင့်ကိုခူးလိုက်သည်။ သူခူးလိုက်သည့်ချက်ချင်းပင် သူ့မျက်စိရှေ့မှာရှိနေတဲ့ ပန်းတွေရွေ့ကာ တစ်ယောက်စာသွားတဲ့လမ်းလေးဖြစ်သွားသည်။ Kyungsoo အံ့ဩလွန်း၍ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ပန်းတွေက မသိရင် သက်ရှိတွေအတိုင်း။ အဲ့ထက်ထူးဆန်းတာက ပန်းပင်တွေက အစစ်တွေပင်။ အဲ့တာကို ဘယ်လိုလုပ်ထားလဲဆိုသည့်အချက်က Chan ကို အကြီးအကျယ်အံ့ဩစေမိသည်။ သူ အံ့ဩကာ လမ်းလေးပေါ်ခြေချမိတော့ ခုနကအတိုင်း မီးတွေလင်းလာပြန်သည်။ ပန်းတွေကြားမှာ အလှဆင်ထားတဲ့မီးလေးတွေနဲ့ ပန်းခင်းကြီးက ငေးမောဖွယ်အတိ။ ပန်းခင်းတစ်ခုလို‌လှမ်းလျှောက်လို့အပြီးမှာတော့ ပန်းခင်းတစ်ခင်းလုံးအပြင် ပန်းခင်းအပြင်ဘက်နေ ဆလိုက်တွေကလည်း လင်းလာသည်။ Kyungsoo လှည့်ကြည့်မိတော့ ပန်းခင်းကြီးက တကယ်ကို လှပလွန်းစွာ။ သူငေးကြည့်နေမိတုန်း ငါးရုပ်ကြီးက သူ့အနားလာကာ ခရုလေးတစ်ကောင်လာပေးသည်။ Kyungsoo အံ့ဩနေတုန်းမှာပင် ဆက်သွားဖို့ အမူအယာနဲ့ပြောလာတာကြောင့် သူရှေ့ဆက်သွားမိသည်။ သူဒီအထိရောက်လာတဲ့တစ်လျှောက်လုံး မီးတွေက သူခြေလှမ်းလှမ်းမှလင်းလာသည်။ အပိုအလိုတောင်မရှိ။ သူ့နောက်မှာ ကျန်နေတဲ့နေရာတွေကလင်းနေပေမဲ့ အရှေ့ကတော့ မှောင်မဲနေသည်။ ရေးရေးလာသာမြင်ရတဲ့အမှောင်တစ်ခုပင်။ အနောက်က အလင်းတွေကလည်း အကူအညီမရ။ ဘာလို့ဆို သူ့အနောက်ဘက်ကိုသာ ရည်ရွယ်ပြီးဖွင့်ထားတာကြောင့်။ Kyungsoo ဆက်သွားလိုက်တော့ သူ့ရှေ့မှာကာနေတာက ရေပန်းတွေ ။ သူ့ဖိနပ်ကနေ သူ့ခါးလောက်ထိသာ ‌ရောက်နေတဲ့ရေပန်းလေးတွေက ခုနက ပေးလိုက်တဲ့ ခရုလေးနဲ့ထိလိုက်တဲ့တိခနဲရပ်သွားသည်။ Kyungsoo ပြုံးကာ ခြေလှမ်းလှမ်းလိုက်တော့ မီးတွေကလည်း ခြေလှမ်းအတိုင်းလင်းကာ ရေပန်းတွေကလည်း ပုံစံအမျိုးမျိုးနဲ့ လှပစွာ။ သူရပ်ကြည့်နေမိတော့ ရေပန်းတွေက တစ်ခုခုကိုရည်ညွှန်းနေသလို။ သူ မစဉ်းစားချင်။ မဟုတ်ဘူး မစဉ်းစားနိုင်တော့တာ။ Chan ဖန်တီးပေးထားတဲ့ကမ္ဘာကြီးမှာ သူကျဆုံးသွားတာကြောင့်။ ရေပန်းတွေအဆုံး သူနောက်ကိုပြန်လှည့်ကြည့်မိတော့ သူငေးသွားရပြန်သည်။ ရေပန်းတွေကလည်း မျက်နှာမလွှဲနိုင်စွာ လှပနေပြန်သေးသည်။ Chan က သူ့ကိုနှလုံးရပ်ကာသေစေချင်နေလားမသိ။ အနှစ်နှစ်အလလ စိတ်ဆိုးခဲ့တာတွေ မြိုသိပ်ခဲ့ရတာတွေကိုတော့ ချေဖျက်နိုင်လောက်အောင်ပင် ဆွဲဆောင်မှုရှိရှိလုပ်နိုင်လေသည်။ သူရပ်ကြည့်ပြီးဆက်သွားဖို့ပြင်တော့ သူ့ဘေးနားက ပင်ဂွင်းရုပ်ကြီးက သူ့ကို ပင်ဂွင်းရုပ်လေးပေးလာသည်။ ပြီးတော့ နှင်းပွင့်(❄️)ပုံနှင်တံလေးကိုလည်းပေးလာသည်။ Kyungsoo ပေးသမျှယူပြီးဆက်လျှောက်လာခဲ့သည်။ သူ့လက်ထဲမှာ ဝက်ဝံရုပ်ရယ် ပန်းရယ် ခရုလေးရယ် ပင်ဂွင်းရုပ်ရယ် နှင်းပွင်နှင်တံလေးရယ် နဲ့လက်များနေသည်။ ဒါပေမဲ့သူလက်က ပိုက်ထားနိုင်ပါသေးသည်။ Kyungsoo နောက်တစ်နေရာဆက်ဖို့ပြင်တော့ နှင်းရုပ်ကြီးက ပိတ်နေသည်။ Kyungsoo ပြုံးလိုက်ကာ ခုနကပေးလိုက်တဲ့ နှင်းပွင့်နှင်တံလေးနဲ့ ဝှေ့ရန်းသလိုလုပ်လိုက်တော့ နှင်တံထဲက နှင်းပွင့်လေးတွေကြွေကြကာ စောနက နှင်းရုပ်ကြီးသည်။ သူဝင်လိုက်ရလောက်မဲ့ တံခါးပုံစံကြီးဖြစ်သွားသည်။ Kyungsoo အံ့ဩလွန်း၍ ပါးစပ်လေးကိုအရုပ်တွေနဲ့ကွယ်လိုက်ရသည်။ တကယ်ပါ လူဝင်နေတာထင်တာ တကယ့်နှင်းရုပ်ကြီးဖြစ်နေတာက Chan အရမ်းကိုတော်လွန်းနေပြီ။ ကြည့်ပါအုံး နှင်းရုပ်အလည်ကနေ တံခါးလိုမျိုးအပေါက်ကြီးဖြစ်သွားတာကလည်း အံ့ဩဖို့ကောင်းသည်။ သူနှင်းရုပ်ကြီးကနေဖြတ်လိုက်တော့ မီးတွေကလင်းလာပြန်သည်။ အဲ့တာတင်မပြီးသေး အပေါ်ကနေ နှင်းလေးတွေလို တဖွဲဖွဲ ကျဆင်းလာလေသည်။ Kyungsoo အံ့ဩလွန်း၍ရူးတော့မည်ထင်သည်။ Chan ဘယ်လိုတောင် လုပ်နိုင်လွန်းရတာလဲ။ ပြီးတော့ နှင်းရုပ်တွေအပြင် ထင်းရှူးပင်တွေကလည်း အစစ်တွေ။ ပြီးတော့ နှင်းဖုံးနေတဲ့ အိမ်လေးတွေ။ ရေခဲတွေတောင်ပါသေးသည။ ရေခဲဆိုလို့ ရိုးရိုးရေခဲတောင်မဟုတ် ရေခဲတောင်လိုမျိုးတွေ ၊ ရေခဲပြင်အောက်မှာ ငါးလေးတွေကူးခတ်နေတဲ့ပုံတွေ ။ တကယ်ပါ Chan က အရမ်းကိုတော်လွန်းသည်။ ကိုယ့်ယောင်္ကျားကိုမြှေက်တယ်လို့ပြောလည်းခံရမှာပင်။ တကယ်ပါ။ သူသဘောကျသွားတာကာ ရေခဲပြင်စကိတ်ကွင်း အသေးစားလေးပေါ်မှာ သူတို့နှစ်ယောက်ရဲ့စတွေ့ ပုံလေးတွေကနေ အခုချိန်ထိ ပုံတွေကို အလှဆင်ထားသေးသည်။ နောက်ပြီး တစ်ဖက်ကတော့ သူစိတ်ထဲမရှင်းသည့်အကြောင်းရာများကို ရှင်းပြပေးထားသေးသည်။ Kyungsoo ထိုအရာတွေမြင်တဲ့အခါမှာ ခပ်ဟဟ ရယ်မိသည်။  သူအကုန်လုံးတဝကြီးကြည့်ပြီးတော့ အဆုံးသတ်ကို ရောက်မှန်းမသိ ရောက်လာခဲ့သည်။ သူ နောက်ကို လှည့်ကြည့်မိပြန်သည်။ တကယ်ပါ အနောက်မှာ ကျန်ခဲ့တဲ့ နေရာတွေက တကယ်လှသလို တစ်နေရာနဲ့တစ်နေရာက ပိုပိုပြီးကျယ်လာသည်။ သူလျှောက်ရတာများပြီးချွေးတောင်စို့လာသလို။ သူခေါင်းပေါ်က နှင်းတွေဖယ်ကာ အဲ့နားမှာပဲရပ်နေလိုက်သည်။ ခနကြာတော့ သူ့ရှေ့က မီးတွေက စက်ဝိုင်းပုံစံတဖျက်ဖျက်လင်းလာလေသည်။ ထို့နောက်မှာတော့ Surprise ဆိုတဲ့အသံနဲ့အတူ မီးအလင်းရောင်တွေနဲ့ ဘယ်နှစ်ရောက်မှန်းမသိတဲ့ လူတွေပါ ပေါ်ထွက်လာသည်။
Kyungsoo ပတ်ပတ်လည်ကြည့်မိတော့ Baek တို့အကုန်လုံးနဲ့ အိမ်တော်က လူတွေအကုန်လုံးပါ သူ့ကိုပြုံးကာကြည့်နေကြသည်။

Happy House(U+Z)Where stories live. Discover now