Ch-27

411 42 2
                                    

Uni

Baek သူ့ရှေ့မှာ ထိုင်နေတဲ့ မိန်းကလေးကို စိတ်ပျက်စွာ ကြည့်နေမိသည်။ ထို မိန်းကလေးက တစ်ခြားသူတော့ မဟုတ်။ နေ့လယ်က Jongin နဲ့ အတူတွေ့ခဲ့တဲ့ မိန်းကလေးပင်။ သူ Center ထဲက အထွက် ထိုမိန်းကလေးနဲ့ ပက်ပင်းတိုးခြင်းပင်။ ရှောင်သွားပေမဲ့ နာမည်ခေါ်ကာ သူမနဲ့စကားပြောရအောင် ဟုဆိုကာ ပြောလာသည်။ Baek ငြင်းလိုက်ရင် ရပေမဲ့ သူမ ဘာပြောမလဲဆိုတာ သိချင်တာကြောင့် သူမ နဲ့အတူလိုက်သွားလိုက်သည်။ သူ့ရှေ့မှာ ပင် Jongin ဆီကို ဖုန်းခေါ်နေသော သူမ ။ သူသက်ပြင်းချရင်းသာ စောင့်နေလိုက်ပါသည်။ သူမက Jongin က သူမ ခေါ်ရင် ချက်ချင်းလာတာကို သူ့ကို ကြွားချင်သည့်ပုံပင်။ Jongin ဆီက ငြင်းလိုက်သည်ထင်သည်။ ပျက်ယွင်းသွားသော သူမ မျက်နှာက သက်သေပင်။

" ဒီမှာ အမိ ပြောစရာမရှိရင် ကျွန်တော်ကို သွားခွင့်ပြုပါလား ကျွန်တော့သားလေး မျှော်နေမှာဆိုးလို့ပါ "

Baek ပြောပြီးထလာလိုက်သည်။ တကယ်ပါ သူစိတ်ညစ်ရတာက Jongin ကို အိမ်ထောင်ရှိတယ်ဆိုတာတောင် လိုက်ကပ်နေသော မိန်းကလေးတွေကြောင့်ပင်။ ပြီးတော့လည်း လက်လျှော့သွားရသည် ကို Baek ကို လာလာငြိတာကို အသည်းပေါက်ဆုံးပင်။ အခုလည်း အနောက်‌ကနေ လှမ်းပြောတဲ့ စကားသံကို ကြားဖြစ်အောင်ကြားလိုက်ရသေးသည်။ Jongin ကို သူမ အပိုင်ဖြစ်အောင်လုပ်မည်ဆိုပဲ။ စိတ်ထဲကနေ ပြောခဲ့လိုက်ပါတယ်။ မင်းတက်နိုင်ရင် ယူသွား ဟု။

Baek အိမ်ပြန်ရောက်တော့

ဟို လင်လင်နှစ်ယောက်နှင့်သားက ဆော့နေပြီး ဟို တစ်ယောက်ကိုတော့ မတွေ့ပေ။

Kyungsoo ဧည့်ခန်းထဲ ဝင်လာတဲ့ Baek ကိုမြင်တော့

" မင်းကလည်း နောက်ကျလိုက်တာ "

" ကျမှာပေါ့ မင်းချစ်လင်သူငယ်ချင်းရဲ့ အရှုပ်တော်ပုံတွေလေ "

ဒေါသတကြီးဝင်သွားသော Baek ကို သားသားနဲ့ Kyungsoo က ကြောင်ကာကြည့်နေသည်။ Chanyeol ကတော့ Kyungsoo မျက်နှာလေးကိုသာငေးနေသည်။

Kyungsoo က

" ကို သားကိုထိန်းထားအုံးနော် ငယ် Baek နောက် လိုက်သွားအုံးမယ် "

Happy House(U+Z)Where stories live. Discover now