Ch-25

407 41 2
                                    

Uni

***သင်္ချာပုစ္ဆာက မူးနောက်နေအောင်အဖြေရှာရတာ အချစ်ပုစ္ဆာက မူးနောက်နေအောင် ချော့ရတာ... 

တစ်စုံတစ်ယောက်အတွက်ပေါ့

_________________________________

" တူ ဝါး "

" ခ်ခ်ခ် "

" ဟား ချစ်စရာကြီးပါကွာ "

ဒီနေ့တော့ Kyungsoo တို့အိမ်မှာ Baek ရဲ့သားလေကို ထိန်းနေခြင်းဖြစ်သည်။ Chanyeol က အလုပ်သွားလေသည်။ Kyungsoo ကတော့ Baek တို့ရဲ့ ကလေး‌မမွေးခင်ကတည်းက ကလေးထိန်းအဖြစ် ခန့်အပ်ခြင်းခံထားရသူဆိုတော့ အိမ်မှာပဲပေါ့။ Baek က မိဘတွေအိမ်မှာ မနေချင်ဘူး ပြောလာတာကြောင့် Kai က Kyungsoo တို့အိမ် ပို့ထားသည်လေ။ Baek ကတော့ Jongin သွားလေရာနောက်တကောက်ကောက်လိုက်လေသည်။ အဲ့တော့ Baek တို့ရဲ့သား Kim Jonghyun က Kyungsoo ရဲ့လက်ပေါ်သာ။ ကလေးကလည်း မွေးကတည်းက Kyungsoo ရဲ့လက်ပေါ်မှာသာ အငိုတိတ်သည်လေ။ အခုလည်း Baek က Kai ကို နေ့လည်စာ သွားပို့မယ် ဆိုကာထွက်သွားလေသည်။ Kyungsoo ကတော့ ကလေးထိန်းပေါ့။

" ဟာ သားသား ကတော့ကွာ "

ကြမ်းပြင်တစ်ခုလုံး နူးညံ့နေတဲ့ ကော်ဇော မလို့သာ တော်တော့သည်။  တင်ထားတဲ့ ဆိုဖာပေါ်ကနေ အောက်ကို လှိမ့်ချသည်လေ။ Byun Baekhyun သားလို့မပြောရဘူး ။

နူးနူးညံ့ညံ့‌ ကော်ဇော ပေါ်ကျသွားတော့ တခစ်ခစ်နဲ့ရယ်လို့ ။ တကယ့်ဟာ‌လေး။

" ရီနေ သိလား ခင်ဗျားလေး ပြုတ်ကြတယ်ဆိုတာ ခင်ဗျားလေးရဲ့ ဖေဖေကြီး သိကြည့်ပါလား ။ ဒီက ပါးပါး ကို ဆူလိမ့်မယ်သိလား "

မှောက်ယက်ကလေး ဖြစ်နေတဲ့ သားသား ကို ပွေ့ချီလိုက်တော့ မျက်နှာလေးမဲ့လျက် ပါလာသည်။ ကြည့်ရတာ သူပြောတာ နားလည်သည့်ပုံ။

" လာ ပါးပါး နဲ့ အခန်းထဲသွားကြမယ်နော် "

" အဲ "

" အေးပါကွာ သွားချင်ရင်လည်းဇွတ်ပဲ"

Baek တို့ရဲ့ အခန်းထဲခေါ်သွားကာ သားသားအတွက်လုပ်ပေးထားတဲ့ နေရာလေးထဲ ထည့်ပေးလိုက်သည်။ သားသား အရပ်တစ်ရပ်စာ ကစားကွင်းသေးသေးလေး ဖန်တီးပေးထားတာကြောင့် အဆင်ပြေသည်။ သားသား ဆော့နေတာကို အနားကနေ ကူဆော့ပေးရုံပေါ့။ အရုပ်မျိုးစုံ ကစားနည်းမျိုးစုံကို လည်းထည့်ပေးထားသေးသည်။ လသားအရွယ်လေးဆိုပေမဲ့ တစ်နှစ်ပြည့်တော့မည်ပင်။ Chanyeol ကတော့ Kyungsoo ကို ကလေးယူဖို့ပြောဖူးပေမဲ့ Kyungsoo ဘက်က အဆင်သင့်မဖြစ်သေးဘူး ပြောပြီးကတည်းက ထက်မပြောတော့ပေ။ Kyungsoo သားသား လေးကိုကြည့်ရင်း သက်ပြင်းချမိသည်။

Happy House(U+Z)Where stories live. Discover now