Ch-28

426 41 6
                                    

Uni

Chanyeol နဲ့ Kyungsoo အပျော်လွန်နေကြသည်။ ဒီနေ့က သူတို့နှစ်ယောက်လုံးရဲ့ဘဝကို သားသားလေးလား မီးမီးလေးလားမသိတဲ့ ကလေးလေးက ရောက်လာခဲ့ပြီလေ။ Baek နဲ့ Kai ရဲ့ကူညီပေးမှုတင်မကပဲ စီးပွားရေးလောကရဲ့God ဖြစ်နေတာက ထိုဆေးရုံအုပ်ကိုတော်တော်လေးလှုပ်စေသည်။ Baek နဲ့ Kai တုန်းကဖုံးကွယ်‌ထားပေမဲ့ Chanyeol ရဲ့စိုးရိမ်မှုကြောင့် Chanyeol ရဲ့အရှိန်အဝါကိုသုံးလိုက်ခြင်းပင်။ ဒါ့အပြင်ကို Kai ရဲ့အရှိန်အဝါတွေ နဲ့ နိုင်ငံခြားရောက်နေတဲ့ Kris Sehun Lay တို့၏အရှိန်အဝါတွေအောက်မှာ ထိုဆေးရုံသည် ပြားပြားဝပ်နေတော့သည်။ ဒါတောင်နောက်ထပ် လူ7ယောက်ရဲ့Back ground ကိုမဖော်ရသေးဘူး။ ဖော်များဖော်လိုက်ရင် ဆေးရုံအုပ်နှင့်ရှယ်ယာရှင်တစ်ချို့ ထိုနေရာပင်သွေးအန်ပေလိမ့်မည်။ အခုတောင်ကိုယ်ဝန်က နှစ်လရှိသေးပေမဲ့  ဖုန်းတဂွမ်ဂွမ်ဆက်ူမှအမှားမလုပ်ရဲပေ။ Baek တုန်းက Baek ရဲ့တစ်ချက်အမိန့်ကြောင့် ဂရုမစိုက်ချင်ယောင်ဆောင်ထားပေမဲ့ ကွယ်ရာမှာတော့ သည်းသည်းလှုပ်ကြသည်သာ။ သားသား လေးကိုဆို ပိုဆိုးတာပေါ့ ။

အခုရက်ပိုင်းအတွင်းကတော့ သေချာပေါက် Kyungsoo နဲ့ Baek နားမဒိန်းကျင့်ခံရတော့မည်မှာသေချာနေသည်။ အကြောင်းမှာကား Chen နဲ့ Minseok တို့အတွဲ အပြင် Luhan နဲ့ Suho က တရုတ်ကနေချက်ချင်းပြန်လာကြကာ Kyungsoo အိမ်ပေါ်သို့‌တက်လာကြတော့မည်ဖြစ်သောကြောင့်တည်း။ Kyungsoo မှာ Chan ရဲ့ အသေးစိတ်ဂရုစိုက်မှုအပြင် ကျန်တဲ့လူတွေရဲ့ဂရုစိုက်မှာကို တွေးကြည့်ရင်းရူးချင်လာရသည်။ သူ့ရဲ့အစားသောင်းကျန်းပုံနဲ့ Chan ရဲ့စိတ်ပူတက်မှု အပြင်ကို သူငယ်ချင်းများ၏ ဗျစ်တောက်ဗျစ်တောက်ပြောမှုကို မြင်ယောင်ရင်း ဘယ်သူမှ မရောက်ခင်ကတည်းက မြင်ယောင်‌နေရင်း မျက်နှာတစ်ခုလုံးရှုံ့မဲ့နေတော့သည်။ Baek ရဲ့ စိုးရိမ်မှုက တစ်ခြားမဟုတ်ပေ။ Luhan ရဲ့ သားယောင်္ကျားလေးမွေးထားပြီးအနေထိုင်ဆင်ခြင်စမ်းပါဟုသောစကားများကြောင့် ဖြစ်ပြီး သေချာသည်က Luhan hyun ရောက်လာခဲ့ပါက သူရဲ့အစားအသောက်လေးတွေကိုလွှတ်ပစ်တော့မှာတွေးပူနေခြင်းပါ။

" ငါလေး ငိုချင်လိုက်တာ "

Kyungsoo ဘေးနားကနေအသံထွက်လာတဲ့ Baek

Happy House(U+Z)Tempat cerita menjadi hidup. Temukan sekarang