Ch-3

781 72 10
                                    

*** ကိုယ်ဘက်ကတော့သေချာဖြေရှင်းပြီးတွက်ခဲ့ပေမဲ့ ထွက်လာတဲ့အခါအမှတ်ပြည့်မရတာ ကိုယ်ပဲအသုံးမကျတာလား ပုစ္ဆာကိုကအရမ်းခက်နေတာလား.....................
______________________________

Chan : " ငယ် ကိုယ်..... "

KS : " ထမင်းတွေအများကြီးရှိသေးတယ် Chan မစားတော့ဘူးလား "

Chan : " aww အင်း စားမယ် ငယ်။ ငါးစားအုံးမလား ကိုယ်ထွင်ပေးမယ်လေ "

KS : " omm "

Chan လူကသာငါးထွင်ပေးနေပေမဲ့ စိတ်က အဆိုးမရချင် ။ ငယ် ငယ်ကအရင်နဲ့လုံးဝမတူတော့ အရင်တုန်းက ဆို ဘယ်သူနဲ့ဖြစ်ဖြစ်သဝန်တိုလွန်းတဲ့ ငယ်။ ကျွန်တော့်နာမည်ကို သူ့နည်းအတူခေါ် ရင်ခခေါ်တဲ့လူကိုဂျိုကြည့်ကြည့်ကာ ပြသာနာရှာတက်တဲ့ ငယ်။ သူအလုပ်လုပ်နေတဲ့အချိန်မှာ အချိန်တိုင်း တောက်တဲ့လိုကပ်နေတက်တဲ့ ငယ် ။ ထမင်းစားရင် စားချင်တာလက်ညိုးထားကာ ပြုံးပျော်နေတက်တဲ့ ငယ် ။ သူမကြိုက်တာထည့်ကျွေးမိရင် နှုတ်ခမ်းလေးဆူကာ ပြောတက်တဲ့ ငယ် ။ သွားချင်တဲ့နေရာပေါင်းစုံကို လက်ညိုးထိုးကာ လိုက်ပို့ခိုင်းတက်တဲ့ ငယ်။ 1 နှစ်ကြာပြီးနောက်မှာ ငယ် ဟာအရမ်းကိုပြောင်းလဲသွားခဲ့ပြီ။ အရင်တုန်းက သဝန်တိုတက်တဲ့ငယ် ဟာ အခုတော့အပြုံးမျက်နှာဖြင့် စကားပြောနေတက်ပြီ ။ ကျွန်တော့်နာမည်ကို သူ့အတိုင်းလိုက်ခေါ် ရင်စိတ်မဆိုးတော့သည့်အပြင် ပြန်လည်ပြုံးပြကာ စကားပြောနေတက်ပြီ။ သူအလုပ်လုပ်နေချိန်မှာ တစ်ယောက်ထဲလည်းအိပ်နေတက်ပြီ။ ထမင်းစားရင်သူထည့်ပေးတာသာစားတော့သည့် ငယ်။ မကြိုက်တာ ထည့်ကျွေးမိတာတောင် တစ်ချက်မပြောဘဲ ရေနဲ့မျောချပြီး စားတဲ့ ငယ်။ အရင်တုန်းကလို ဘယ်သွားတယ် ဆိုကာ မပူဆာတက်တော့ဘဲ သူလိုက်ပို့မှသာ အပြင်ထွက်တော့သည့် ငယ်။ ငယ် ဘာတွေဖြစ်နေလဲ သူ့ယောင်္ကျားဖြစ်တဲ့ကျွန်တော် ဘာမှမသိခဲ့ပါ။ ငယ့်ကို အရာအားလုံးထက်ပိုပြီးဂရုစိုက်နေပေမဲ့ ဘာတွေက မှားနေလဲ ကျွန်တော်မသိတော့ပါ။

ငယ် ထမင်းစားပြီတာကြောင့် အတွေးတွေကိုရပ်ကာ

Chan : " ငယ် ဘယ်သွားချင်သေးလဲ ။ ကိုယ်ဘယ်လိုက်ပို့ရအုံးမလဲ "

Happy House(U+Z)Where stories live. Discover now