Ch-29

399 29 2
                                    

Uni

***ဘယ်နည်းနဲ့ဘဲတွက်တွက် နောက်ဆုံးရလဒ်က မင်းဆိုတဲ့အဖြေဖြစ်နေဖို့ပဲလိုတာ........

_________________________________

အခုရက်ပိုင်း Chan တို့အိမ်မှာလူစည်နေသည်။ Kyungsoo ရဲ့တဖြည်းဖြည်းပူလာတဲ့ ဗိုက်လေးကြောင့် Chanyeol ကလည်းအလုပ်မသွား ၊ Xuidae couple ကလည်းဆိုင်ပိတ်ပြီး လာနေသည်။ ပြီးတော့ Luhan hyun က တရုတ်ကနေပြန်လာပြီး ကြည့်ပေးနေတာကြောင့် Sehun သည်လည်းအဆစ်ပါလာခဲ့သည် ။ Suho ပါရောက်လာတော့ yixing ကလည်းထပ်ကြပ်မခွာ၊ တော်သေးတာပေါ့ Tao နဲ့ Kris က အလုပ်ရှုပ်နေလို့ မလာဖြစ်။ နေ့တိုင်း Video Call ခေါ်ရတာလည်း အလုပ်တစ်ခုလိုပင်။ Baek တုန်းက အကုန်လုံးအနားရှိနေခဲ့ကြတာကြောင့် Kris နဲ့ Tao က အရမ်းကိုလာချင်နေကြသည်။ ဖြတ်မရတဲ့အလုပ်တွေကြောင့် ‌Kyungsoo မွေးပြီးမှ လာကြမည်ဖြစ်သည်။ Baek ကတော့ Kyungsoo နားကမခွာ။ Kai က Chanyeol ရဲ့အလုပ်တွေကို တစ်ခါတစ်ခါသွားကြည့်ပေးရလေသည်။ ဒါပေမဲ့သူသည်လည်း အိမ်မှာပဲနေတာများသည်။
Kyungsoo က လူတွေများလို့စိတ်ရှုပ်နေပါသည်ဆိုမှ မိဘတွေကလည်း Chanyeol ကြောင့် အိမ်ပြန်ခေါ်မရမှန်းသိတာကြောင့်လာနေကြသည်။ အဲ့တော့ Kyungsoo ရဲ့ မုန့်ခိုးစားဖို့အိမ်မက်လေးက မစရသေးခင် ပျက်စီးသွားလေတော့သည်။

Baek ကတော့ ရှုံ့မဲ့နေတဲ့ Kyungsoo မျက်နှာကိုကြည့်ကာ အူလှိုက်သည်းလှိုက်ရယ်ကာစတတ်သည်။ ဘာလို့ဆို သူက စားလို့ရသည်ကိုး။ နေ့တိုင်း Baek နဲ့ Kyungsoo ရဲ့ ရန်ဖြစ်သံလေးတွေကြောင့် အိမ်ကြီးက ပိုပြီးအသံဝင်လာသလို။

Baek ရဲ့သားလေးကို အဖွားအိမ်ပို့ထားလို့သာတော်တော့သည်။ သားလေးမရှိလို့သာပေါ့ မဟုတ်ရင် သားလေးငိုသံကိုပါ ကြားရမည်ဖြစ်သည်။

" ဒုန်း .... "

ဖြစ်ပြန်ပါပြီ။ ပြေးကြည့်စရာမလိုတဲ့ မြင်ကွင်းလေး..

" ဟား ဟား ဟား "

ဗိုက်ကိုဖိကာ ရယ်နေသော Baek..

နီရဲနေသောမျက်နှာလေးနှင့် ခေါင်းအုံးကို လက်တစ်ဖက်ထဲနဲ့မနိုင်မနင်းယူကာ ပစ်ပေါက်လိုက်သော Kyungsoo ..

" အရူးကောင် ထွက်သွားငါ့အခန်းထဲက "

" ဟား ဟား အေးပါကွာ သွားပြီနော်အသည်းလေး "

Happy House(U+Z)Where stories live. Discover now