Part 13

11.1K 1K 88
                                        

ZawGyi

အပြန်လမ်းတွင်တစ်လမ်းလုံးအိပ်လိုက်လာသည့်ရှောင်ကျန့်အား ဟိုတယ်သို့ပြန်ရောက်သည့်အချိန်တွင် ဝမ်ရိပေါ်မှာ ကျောပိုး၍သာ အိပ်ခန်းဆီသို့ခေါ်လာလိုက်သည်။ ညနေခြောက်နာရီလောက်မှ နိုးလာသည့်ရှောင်ကျန့်က ဟိုတယ်ခန်းထဲသို့ပြန်ရောက်နေသဖြင့် စားပွဲပေါ်တွင် Laptop တစ်လုံးနှင့်အလုပ်ရှုပ်နေသည့် ဝမ်ရိပေါ်အား

"ငါ့ကို မင်းခေါ်လာတာလား?"

"ငါမဟုတ်ရင် တခြားဘယ်သူရှိသေးလို့လဲ? ကားသမားက အခန်းထဲအထိလိုက်ပို့ပေးမယ်ထင်နေတာလား?"

"နှိုးလိုက်တာမဟုတ်ဘူး"

"နှိုးရင်တောင် နိုးမယ့်ပုံမပေါ်တာဘယ်သူလဲ?"

ဆက်ပြောနေလျှင်စကားများတော့မည်ကို ကြိုသိသဖြင့် ဘာစကားမှမဆိုတော့ဘဲ အဝတ်အစားများကိုသာလဲရန် ပြင်လိုက်တော့သည်။ အဝတ်များလဲပီးသောအခါတွင်တော့ ဝမ်ရိပေါ်အား

"ဗိုက်ဆာပီ ညစာမှာထားလား?"

"ဟင့်အင်း ငါကအပြင်မှာသွားစားမလို့"

"ငါတော့မသွားနိုင်ဘူး။ ဟိုတယ်ကပဲမှာစားမယ်"

အတူတူစားလျှင် မနက်တုန်းကလို ရန်ဖြစ်နေမည်ကို စိုးသဖြင့် ဝမ်ရိပေါ်မှာ ညစာကိုအပြင်မှာသာထွက်စားလေတော့သည်။ ညစာစားပီးပြန်လာသောအခါတွင် ရှောင်ကျန့်မှာ ကုတင်ပေါ်တွင်လှဲကာ ဖုန်းသုံးနေသည်။

ဝမ်ရိပေါ်ပြန်ရောက်လာသည်ကို သိသော်လည်း ရှောင်ကျန့်လှည့်ပင်မကြည့်မိ။ အမှန်တော့ ဝမ်ရိပေါ်နှင့် ယခုလိုမျိုး တစ်ခန်းထဲတွင်အတူရှိနေသည်ကပင် အလွန်နေရခက်လှသည်ကို မနေ့က ကိစ္စအားပြန်တွေးမိလျှင်ဖြင့် သူတကယ်ကိုထွက်သာပြေးလိုက်ချင်မိသည်။ ပြန်ရောက်လာသည့်ဝမ်ရိပေါ်မှာ ခဏနေသောအခါတွင် ဘေးဘက်မှ ကုတင်ပေါ်သို့တက်သွားသည်ကို သူမြင်လိုက်ရလေသည်။ မနေ့ကကိစ္စအား အစမဖော်ချင်သော်ငြား Ye Hua ဘက်မှ သူတို့အား ယခုကဲ့သို့ယုတ်မာသွားခြင်းကိုတော့ ဒီအတိုင်းကျော်သွားမပေးနိုင်သဖြင့်

"ဝမ်ရိပေါ်"

ဖုန်းသုံးနေရာမှသူ့အားလှမ်းခေါ်လာသည့် ရှောင်ကျန့်ကြောင့် ရိပေါ်လည်း

Meet Point Of Parallel Lines Where stories live. Discover now