Part 28

8.7K 1K 107
                                    

ZawGyi

ဒီနေ့မနက်စာစားချိန်တွင် ဝမ်ရိပေါ်အား မတွေ့ရသဖြင့် ဘာတွေများကြံစည်နေသလဲဟု မှန်းဆနေမိသည်။ ထို့နောက် မနက်စာစားပီးသည်နှင့် ကုမ္ပဏီသို့ထွက်လာခဲ့လိုက်သည်။ စိတ်ထဲတွင်လည်း သူ့ကိုစိန်ခေါ်သွားသည့် ဝမ်ရိပေါ်ခေါ်ရာနောက်သို့ လုံးဝမလိုက်ရန် တွေးထားလိုက်သည်။ ကုမ္ပဏီသို့ရောက်သောအခါ ယခင်နေ့များအတိုင်း အလုပ်လုပ်နေတုန်း ဆယ်နာရီလောက်တွင်တော့ သူ၏ ရုံးခန်းထဲကို ရုတ်တရက်ဝင်ချလာသည့် လူများကြောင့် ဘာမှန်းမသိစွာဖြင့် အကြောင်သားလေးဖြစ်နေမိသည်။ တူညီဝတ်စုံများကို ဝတ်ဆင်ထားကြသည့် မိန်းကလေးအနည်းငယ်နှင့် အနောက်တွင်လည်း အဝတ်အစားအမျိုးမျိုးကို ချိတ်ဆွဲထားသည့်တွန်းလှည်း များစွာအား ယောက်ကျားလေးများက ရုံးခန်းထဲသို့သွင်းယူလာသဖြင့် ထိုအချိန်မှသာ သတိဝင်လာရကာ အပြင်ဘက်ရှိ ယွီပင်းအား လှမ်း၍ခေါ်မိတော့သည်။

"ယွီပင်း! ယွီပင်း! ဒါတွေက ဘာတွေလဲ?"

သူလှမ်းခေါ်လိုက်သည့်အခါတွင် ပြာပြာသလဲဖြင့် ယွီပင်းတစ်ယောက်လည်း ဝင်လာပီး

"ငါ...ငါလည်း မသိဘူး"

"ဒီလောက် လူတွေဝင်လာတာကို မင်းမမြင်ဘူးလား? မတားဘူးလား?"

"ငါလည်းတားတယ် မရဘူး။ သူတို့က အတင်းဝင်လာကြတာ"

ပိုင်ရှင်၏ခွင့်ပြုချက်ကိုမယူဘဲ ရုံးခန်းထဲသို့ အတင်းကာရောဝင်လာကြသည့် ထိုလူများအား ရှောင်ကျန့်လည်း

"ဒီမှာ ခင်ဗျားတို့က ဘယ်သူတွေလဲ? ဘာဖြစ်လို့ သူများရုံးခန်းထဲခွင့်ပြုချက်မရှိဘဲဝင်လာကြရတာလဲ? နေပါဦး....ဒီလောက်ဝင်လာတာတောင် လုံခြုံရေးတွေကမမြင်ကြဘူးလား မတားကြဘူးလား?"

သူမေးနေတုန်း ရုံးခန်းထဲသို့ ဝမ်ရိပေါ်တစ်ယောက် ဝင်လာပီး

"ငါဝင်ခိုင်းလိုက်တာ။ ဘယ်သူက ငါ့ကိုတားရဲမှာလဲ"

"ဝမ်ရိပေါ်....ဒါက ရုံးခန်းနော် ကစားကွင်းမဟုတ်ဘူး"

"ဘာလဲ? မင်းပဲ အလုပ်တွေအရမ်းများနေပီး အပြင်လုံးဝမသွားနိုင်လို့ ငါကအခုလို စီစဉ်လိုက်ရတာလေ။ အဲဒါကြောင့် အခုရွေးလိုက်တော့"

Meet Point Of Parallel Lines Where stories live. Discover now