Part 49

9.5K 913 90
                                        

ZawGyi

မင်္ဂလာပွဲနေ့ မရောက်မချင်း စိတ်မအေးနိုင်ခဲ့သည့် ဝမ်ရိပေါ်က မင်္ဂလာပွဲနေ့တွင်လည်း ရှောင်ကျန့်ထွက်ပြေး၍မရနိုင်ရန် သက်တော်စောင့်များကို အများအပြားချထားခဲ့သည်။ သူထင်ထားသည်ထက် မင်္ဂလာပွဲကို မြန်မြန်လက်ခံလိုက်သည့် ရှောင်ကျန့်ကြောင့် ဝမ်ရိပေါ်က ရှောင်ကျန့်တွင်သူ့အားပြန်ပီး လက်စားချေမည့်အကြံအစည် တစ်ခုခုရှိနေသည်ဟုသာထင်မှတ်နေသဖြင့် ထိုကဲ့သို့စိတ်ပူနေရခြင်းသာဖြစ်သည်။ ရှောင်ကျန့်နှင့်လက်ထပ်ပွဲပျက်ခဲ့ဖူးသည့် ဟိုလူ့ဘက်ကိုလည်း မင်္ဂလာပွဲမတိုင်ခင်ကတည်းက လူများလွှတ်ကာ လှုပ်ရှားမှုရှိမရှိစောင့်ကြည့်ခိုင်းထားခဲ့သည်။ ဤသို့ဖြင့် မင်္ဂလာပွဲမှ ရှောင်ကျန့်ထွက်မပြေးနိုင်ရန်အတွက် ဘက်ပေါင်းစုံမှသေချာစီစဉ်ထားခဲ့ကာ ထိုနေ့တွင်လည်းရှောင်ကျန့်ကို သူ၏မျက်စိအောက်မှလုံးဝအပျောက်မခံခဲ့။ မိတ်ကပ်ခန်းတွင် ပြင်ဆင်နေကြသည့်အချိန်တွင် ဝမ်ရိပေါ်မှာ ပီးပြည့်စုံသည်ထက်ပိုသော သူ၏အချစ်အား မကြာခဏ ကြည့်နေမိခဲ့သည်။

မင်္ဂလာခန်းမစင်မြင့်ထက်တွင် စောင့်နေသည့်အချိန်တွင် အချိန်ကျနေပီဖြစ်သော်လည်း ဝင်မလာသေးသည့် ရှောင်ကျန့်ကြောင့် ထွက်ပြေးသွားပီဟု ထင်လိုက်မိကာ စင်ပေါ်မှဆင်းရှာရန်ပြင်လိုက်သည့်အချိန်တွင်ပင် တံခါးပွင့်လာကာ ဖိုးဖိုး၏လက်ကိုတွဲကာ ခန်းမထဲသို့ဝင်လာသည့် ရှောင်ကျန့်အား တွေ့လိုက်ရသည့်အချိန်မှသာ သက်ပြင်းချလိုက်မိသည်။ စိတ်လှုပ်ရှားနေပုံရသည့် အချစ်အား မျက်တောင်မခတ်နိုင်လောက်သည်အထိငေးနေမိကာ ဖိုးဖိုးကသူ၏လက်ထဲသို့ ရှောင်ကျန့်အားထည့်ပေးလာသည့်အချိန်မှသာ သတိပြန်ဝင်လာတော့သည်။ ကတိသစ္စာစကားကျိန်ဆိုသည့်အခါ father ၏အမေးကို ဘာမှပြန်ဖြေမလာဘဲ ဒီအတိုင်းရပ်နေသည့်ရှောင်ကျန့်ကြောင့် ထိုအချိန်မှသာ တစ်ခုခုကိုသတိရလိုက်မိသည့် ဝမ်ရိပေါ်က

'ဧကန္တ ရှောင်ကျန့်က မင်္ဂလာပွဲက ထွက်ပြေးဖို့မဟုတ်ဘဲ လူအများ ရှေ့မှာငြင်း..ငြင်းလိုက်မလို့လား...မဖြစ်ဘူး...အဲဒီလိုမဖြစ်ရဘူး...အဲဒီလိုလုပ်ခွင့်မပြုနိုင်ဘူး'

Meet Point Of Parallel Lines Where stories live. Discover now