ZawGyi
လေယာဉ်ပေါ်တွင် ရှောင်ကျန့်တစ်ယောက် ထုံးစံအတိုင်း အိပ်ပီးလိုက်ပါလာရာ ပေကျင်းသို့ရောက်ခါနီးမှသာ ယွီပင်းနှိုးလိုက်သဖြင့်
"ရောက်ပီလား?"
"အင်း ရောက်တော့မယ်။ မင်းအိမ်တန်းပြန်မှာလား?"
"ဟင့်အင်း ငါကုမ္မဏီပဲသွားမယ်"
"ပင်ပန်းနေမှာပေါ့ တစ်ရက်နောက်နားလိုက်တာမဟုတ်ဘူး။ ဂျပန်မှာလည်း လုံးဝမနားရဘဲ ဆက်တိုက်အလုပ်လုပ်လာရတာကို"
"အစည်းအဝေးက ရလဒ်တွေ ဥက္ကဋ္ဌကြီးကို ပြချင်တာလည်းရှိသလို ဝမ်ရိပေါ်နဲ့လည်းစာရင်းရှင်းရဦးမယ်"
"ဘာလဲ လွမ်းလို့တွေ့ချင်ရင်တွေ့ချင်တယ်ပေါ့"
"အပိုတွေမပြောနဲ့ ငါဘာလို့ သူ့ကိုတွေ့ချင်နေလဲမင်းသိပါတယ်"
ဟုတ်တယ်..ရှောင်ကျန့်အခု ဝမ်ရိပေါ်ကိုတွေ့ချင်နေတယ်။ အကြောင်းပြချက်ကတော့ အလုပ်ကိစ္စကြောင့် ဂျပန်ကိုသုံးရက်လောက်သွားတာကို သူ့ကိုအလုပ်မလုပ်နိုင်လောက်အောင် ဖုန်းဆက်ပီး ဒုက္ခပေးတာပဲ။ တစ်ချိန်ကုန်ဖုန်းလာနေတာကြောင့် သူ့မှာအလုပ်တောင်ကောင်းကောင်းဖြောင့်အောင်မလုပ်နိုင်ခဲ့သလို အစည်းအဝေးခန်းထဲမှာ မြည်လာတဲ့ဖုန်းသံကြောင့် ရှောင်ကျန့်မှာတစ်ဖက်လူများကိုအားနာမိရသည်အထိ....နောက်ဆုံးဖုန်းပိတ်ထားလိုက်တော့ ယွီပင်းဖုန်းကိုဆက်ကာ ရစ်နေပြန်သေးသဖြင့် ရှောင်ကျန့်၏သည်းခံနိုင်စွမ်းတွေတော်တော်လေး ကုန်ခမ်းနေရပီဖြစ်သည်။
"မင်းကလည်း ရိပေါ်က မင်းကိုစိတ်ပူလို့ဆက်တာပါ။ ထမင်းကောင်းကောင်းစားရဲ့လား? သေချာအိပ်ရဲ့လား? ရေချိုးတာကြာနေမှာဆိုးလို့ရယ်..နောက်ပီး...."
"တော်တော့..အဲဒီလောက်အထိ လိုက်ပြောနေရအောင် ငါက ကလေးလား?"
"မင်းက ကလေးမဟုတ်ပေမဲ့ သူက မင်းကိုချစ်တာကိုး ဂရုစိုက်မှာပေါ့"
"တော်စမ်းပါ အပိုတွေ"
ယွီပင်း..သူ၏စကားကြောင့် ရှောင်ကျန့်၏နားရွက်ဖျားလေးများရဲတက်သွားသည်ကိုတော့တွေ့ဖြစ်အောင်တွေ့လိုက်သေးသည်။ ထို့နောက် ဆက်မစတော့ရန်သာဆုံးဖြတ်လိုက်ပီး
YOU ARE READING
Meet Point Of Parallel Lines
Fanfictionငယ်စဉ်ကတည်းက အရာရာတွင် အနိုင်မခံအရှုံးမပေးစွာ ပြိုင်ဆိုင်ခဲ့သော လူနှစ်ယောက်... မထင်မှတ်ဘဲ မိဘများက လက်ထပ်လိုက်ကြသောအခါ ညီအစ်ကိုတွေဖြစ်လာကာ တစ်အိမ်တည်း အတူတူနေဖြစ်လာသော်လည်း... ဆုံမှတ်မရှိတဲ့မျဉ်းပြိုင်တွေဟာ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ ဆုံလာ...