Part 31

10.5K 1.1K 73
                                        

ZawGyi

မင်္ဂလာခန်းမထဲသို့မဝင်မီ တံခါးအပြင်ဘက်တွင်စောင့်နေသည့် ဝမ်ဥက္ကဌကြီးအား လက်တွဲပီးသည်နှင့် ဝန်ထမ်းများကခန်းမတံခါးအားဆွဲဖွင့်ပေးတော့မည့်အချိန်တွင် ရှောင်ကျန့်တစ်ယောက် အလျှင်အမြန်တားလိုက်မိကာ

"ခဏ! ခဏလေး မဖွင့်နဲ့ဦး"

အရှိန်အဝါကြီးသူအများအပြားရှိနေကြသည့်ယခုပွဲ၏ အဓိကလူမှာသူဆိုသောအသိဖြင့် အာရုံစိုက်ခံရသည်ကိုမနှစ်သက်သည့် ရှောင်ကျန့်မှာ အဆင်သင့်ဖြစ်ရန်အလို့ဌာ အသက်ဝဝရှုသွင်းနေမိသည်။ အနည်းငယ်စိတ်လှုပ်ရှားနေသည့် သူ၏စိတ်ကို သိနေသည့်အလား ဝမ်ဥက္ကဌမှ

"ကျန့်အာ"

"ဟုတ် ဥက္ကဌ...ဟို...ဖိုးဖိုး"

"ဘာမှစိတ်လှုပ်ရှားနေဖို့မလိုဘူး....ကုမ္ပဏီ အစည်းအဝေးမှာ အကြောင်းအရာတွေကိုရှင်းပြတဲ့အချိန် မတ်တပ်ရပ်နေတယ်လို့သဘောထားလိုက်...ကြားလား?"

"ဟုတ်..ကြားပါတယ်....ရပီ တံခါးဖွင့်လိုက်တော့"

ထို့နောက် ဝန်ထမ်းများ ဆွဲဖွင့်ပေးလာသည့် တံခါးကို ဖြတ်ကျော်ကာ ခန်းမထဲသို့ဝင်လာသည့်အချိန်တွင်တော့ ဧည့်ပရိတ်သတ်များစွာ၏ အရှေ့တွင်လျှောက်လမ်းမှတစ်ဖြည်းဖြည်းချင်းဝင်သွားရသည်နှင့် မျက်စိရှေ့တည့်တည့်ရှိစင်ပေါ်တွင်ရပ်နေသည့် ဝမ်ရိပေါ်ကိုလှမ်း၍မြင်နေရသည်။ ဝမ်ရိပေါ်၏ပုံစံသည်လည်း သူနှင်မခြားစိတ်လှုပ်ရှားမှုများရောထွေးနေသည်ဟုထင်မိသော်လည်း ကျယ်ဝန်းလှသည့် ခန်းမ၏အနေအထားကြောင့် ရှောင်ကျန့်လည်း သေချာမပြောနိုင်တော့.. အဘယ်ကြောင့်ဆိုသော် ဝမ်ရိပေါ်လိုသွေးအေးလူသားတစ်ယောက်နှင့် စိတ်လှုပ်ရှားမှုဆိုသည်ကား မည်သို့မှမအပ်စပ်နိုင်ပေဘူးမဟုတ်လား။

လျှောက်လမ်းဘေးတစ်ဖက်တစ်ချက်ကိုလည်း Wedding Decoration ပြုလုပ်ရာတွင် တန်ဖိုးအကြီဆုံးဖြစ်သည့် ရောင်စုံ Peony ပန်းများနှင့် လှပတင့်တယ်စွာအလှဆင်ထားသဖြင့် မင်္ဂလာပွဲ၏ ကြီးကျယ်ခမ်းနားမှုကိုပိုမိုထောက်ပံ့ပေးနေသယောင်ရှိသည်။ သာမန်လူများအနေဖြင့် အိပ်မက်တောင်မက်ခွင့်မရှိနိုင်သည့် သူတို့၏မင်္ဂလာပွဲသည်ကား လူဂုဏ်ထံများအချင်းချင်းပင် အားကျယူရလောက်သည်အထိကိုပင် နေရာတိုင်းတွင် ခမ်းနားထည်ဝါမှုများကကြီးစိုးနေသည်။

Meet Point Of Parallel Lines Where stories live. Discover now