Part 18

9.5K 1K 74
                                    

ZawGyi

တစ်လမ်းလုံးစကားတစ်ခွန်းမှ မပြောသည့်မျက်နှာထာတင်းတင်းဖြင့် ဝမ်ရိပေါ်ကြောင့် ရှောင်ကျန့်လည်း သူ့ဘက်မှစတင်ကာ ဘာစကားမှမပြောရဲပေ။ နောက်ပီးအခုအချိန်အထိဖြစ်ပျက်ခဲ့သည့်အရာများကြောင့် ထိန့်လန့်စိုးရွံ့နေမှုကလည်းအလျဉ်းမပြေနိုင်သေး။ မည်မျှပင်ယောက်ျားတစ်ဦးဖြစ်နေစေကာမူ ယင်းကဲ့သို့တွေ့ကြုံလိုက်ရသည့်အခါ သူအမှန်တကယ်ပင် ကြောက်ရွံ့မိခဲ့သည်ကို သူ့ကိုယ်သူသာအသိနိုင်ဆုံးဖြစ်သည်။ စိတ်ကိုမနည်းတည်ငြိမ်အောင်ထားပီး ပတ်ဝန်းကျင်ကိုလှမ်းကြည့်လိုက်မိသည့်အခါမှသာ အိမ်တော်သို့ပြန်သည့်လမ်းဖြစ်မနေဘဲ လူသူပြတ်သောလမ်းမတစ်နေရာဖြစ်နေသောကြောင့် ကားမောင်းနေသည့် ဝမ်ရိပေါ်အားလှမ်းကြည့်လိုက်ပီး

"ဘယ်သွားနေတာလဲ ရိပေါ်....ဒါ အိမ်ပြန်တဲ့လမ်းမှမဟုတ်တာ"

သူမေးလိုက်သောအခါ ဝမ်ရိပေါ်က သူ၏ဘက်သို့တစ်ချက် လှည့်ကြည့်လာပီး သူ၏မေးခွန်းအားပြန်လည်ဖြေဆိုခြင်းမရှိဘဲ မောင်းနှင်နေသည့်ကားကို ရုတ်တရက်လမ်းဘေးသို့ထိုးရပ်လိုက်လေသည်။ ယခုဝမ်ရိပေါ်၏ပုံစံမှာ ပုံမှန်လူနှင့်လုံးဝမတူဘဲ ဘာကြောင့်မှန်းမသိ လွန်စွာမှ ကြောက်စရာကောင်းသည့်ပုံပေါ်နေသဖြင့် ကားရပ်လိုက်သည့်အကြောင်းအရင်းကိုပင် ရှောင်ကျန့်မှာမမေးရဲတော့ပေ။ ကားရပ်လိုက်ပီးသည်နှင့် ဝမ်ရိပေါ်က ကားအတွင်းခန်းရှိမီးများအားလုံးကို ဖွင့်လိုက်ကာ ကားပေါ်ကဆင်းသွားသည်ကို ရှောင်ကျန့်မှာအကြောင်သားလေးဖြင့်သာကြည့်နေမိလေသည်။ မောင်းသူနေရာမှဆင်းသွားသည့် ဝမ်ရိပေါ်မှာ သူထိုင်နေသည့်ဘက်သို့လာကာ ကားတံခါးအားဖွင့်လိုက်ပီး ထိုင်ခုံဘေးအောက်ရှိ ရှေ့ထိုင်ခုံအားအနောက်သို့ဆုတ်သည့်ခလုတ်အားနှိပ်ကာ သူထိုင်နေသည့်ခုံအားအနောက်သို့ရောက်သွားစေရန်ပြုလုပ်လိုက်သည်။ မူမမှန်သည့်ဝမ်ရိပေါ်၏ ပုံစံကိုသူ့မှာကြောင်တောင်တောင်ဖြင့် ကြည့်နေမိတုန်း ဝမ်ရိပေါ်က ကားတံခါးအားဆွဲပိတ်ကာ ရုတ်တရက် သူ၏ပေါင်ပေါ်သို့ခွတက်၍ထိုင်လာသဖြင့် ထိန့်လန့်သွားမိကာ

Meet Point Of Parallel Lines Where stories live. Discover now