Part 43

8.2K 1K 156
                                    

ZawGyi

ကြမ်းပြင်ပေါ်တွင် ပြန်ကျဲနေသော ဆိုင်ကယ်ဦးထုပ်များနှင့် အရုပ်များကို ဝမ်ရိပေါ်တစ်ယောက် လိုက်ကောက်နေရင်းမှ

"ဒါတွေ ပြန်ဆက်ဖို့အချိန်ဘယ်လောက်တောင် ယူရဦးမလဲမသိဘူး..တစ်စစီ ဖြစ်ကုန်ပီ...ရှောင်ကျန့် မင်းတော်တော် အကြောက်အလန့်မရှိတာပဲ"

ထိုနေ့ညတွင်လည်း ယခင်ညများအတိုင်း ရှောင်ကျန့်အခန်းထဲသို့ဝင်ကာ စောင်သွားခြုံပေးသည့်အခါ ရှောင်ကျန့်၏ဘေးတွင် အိပ်နေသည့်ဟိုကြောင်စုတ်မကို တွေ့လိုက်ရပြန်သည်။ တကယ်ပါ...ရှောင်ကျန့်က အဲဒီခြေတိုနေတဲ့ကြောင်မကိုဘာ့ကြောင့်များ အဲဒီလောက်အထိ အရေးပေးနေလဲဆိုသည်ကို သူအမှန်ပင်မတွေးတတ်...တစ်ခါတစ်လေ ဝမ်ရိပေါ်က ထိုကြောင်ကိုလက်ဆောင်ပေးခဲ့သည့် ဖိုးဖိုးကိုဒေါသထွက်မိရကာ တစ်ခါတစ်လေကျပြန်တော့ သူ့တွင်လည်း ထိုကြောင်မကဲ့သို့ခြေတံတိုများရှိလျှင် ရှောင်ကျန့်ကနည်းနည်းလောက်ပဲဖြစ်ဖြစ် သဘောကျလာလေမလားဟု ရူးကြောင်ကြောင်အတွေးမျိုးကို တွေးတတ်ပြန်သည်။

စောင်ခြုံပေးပီး ပြန်လှည့်ထွက်လာဖို့လုပ်ပီးမှ ညနေက ကြောင်မကိုနမ်းလိုက်သည့် ရှောင်ကျန့်၏ပုံကိုပြန်ပီး မြင်ယောင်လာသဖြင့် လုံးဝမကျေမနပ်ဖြစ်မိရကာ ကုတင်ဘက်သို့ပြန်လာခဲ့ပီး ကြောင်မကိုဖက်ကာ အိပ်ပျော်နေသည့် ရှောင်ကျန့်၏ မထူမပါးနှုတ်ခမ်းလေးအား ဖိကပ်နမ်းလိုက်သည်။ ဤသို့ဖြင့် ကာယကံရှင်ကိုယ်တိုင်မသိလိုက်သည့် ပထမဆုံးအနမ်းမှာ ဝမ်ရိပေါ်၏ ခိုးယူသွားခြင်းကိုခံခဲ့ရလေသည်။

'ငါတန်ဖိုးထားတဲ့ပစ္စည်းတွေကို ဖျက်ဆီးသွားတဲ့ မင်းကို ဒီလောက်တော့ အပြစ်ပေးသင့်တယ်မလား'

ထိုနေ့မှစတင်ကာ ဝမ်ရိပေါ်၏ ရှောင်ကျန့်အားစောင်ခြုံပေးသည့် လုပ်ငန်းစဉ်တွင် ညတိုင်းအနမ်းများကိုခိုးယူခြင်းသည်လည်း ကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်ဖြစ်လာခဲ့သည်။ သို့သော်လည်း အအိပ်ဆတ်တတ်သည့်ရှောင်ကျန့်၏ အကျင့်ကြောင့် ထိကပ်ယုံဆိုမျှသာနမ်းလေ့ရှိသည်။ ထိုကဲ့သို့အနမ်းခိုးယူရာတွင် ပြုစားတတ်သည့် နှုတ်ခမ်းအောက်မှ မှဲ့နက်လေးသည်လည်း မပါမဖြစ်ပါဝင်ခဲ့သည်။

Meet Point Of Parallel Lines Where stories live. Discover now