ZawGyi
"မင်းတို့နှစ်ယောက်အတူ ဂျပန်ကိုသွားရမယ်"
ဖခင်ဖြစ်သူ၏စကားကို ကြားသောအခါ ဝမ်ရိပေါ်မှာ နားမလည်ဟန်ဖြစ်သွားကာ
"ဂျပန်သွားရမယ် ဟုတ်လား? ဘာလုပ်ဖို့လဲပါး.......ပီးတော့ ဘာဖြစ်လို့ နှစ်ယောက်အတူလဲ?"
"ဟုတ်တယ်။ ဘာလုပ်ဖို့လဲဆိုတော့ ဒီတစ်ခေါက်ဂျပန်ရဲ့ နာမည်ကြီး ကုမ္မဏီဖြစ်တဲ့ XoKiZu က တရုတ်မှာရင်းနှီးမြုပ်နှံမှု အနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေလာဆောက်မယ်။ အဲ့တာ သူတို့နဲ့ပူးပေါင်းလုပ်ဆောင်ဖို့အတွက် တရုတ်ကကုမ္မဏီတွေကိုဖိတ်ခေါ်ထားတာ"
"XoKuZu ဆိုရင်တကယ်နာမည်ကြီးကုမ္မဏီမဟုတ်လား ဝမ်ပါး။ ကျွန်တော်သိသလောက်ဆို ကမ္ဘာအနှံ့မှာလည်း သူတို့လုပ်ငန်းတွေအများကြီးပဲရှိတယ်"
"မှန်တယ် အဲ့ဒါကြောင့် ဒီတစ်ခါ တင်ဒါအောင်ဖို့က တကယ်အရေးကြီးတယ်"
"သူတို့က တင်ဒါစနစ်နဲ့သွားမှာ ဟုတ်လား...ပါး? ဒါလူပါးဝတာပဲ။ ကျွန်တော်တို့ Wang Group က ဝင်ပြိုင်ဖို့လိုလို့လား"
"ဝမ်ရိပေါ် ဒါအလုပ်လုပ်နေတာလေ သူတို့ကလည်း သူတို့ရဲ့အကျိုးအမြတ်ကိုပဲအရင်ကြည့်မှာပဲ။ အကယ်၍ သူတို့နဲ့သာလက်တွဲခွင့်ရခဲ့ရင် Wang Group ကရမဲ့ အကျိုးအမြတ်ကလည်း နည်းမှာမဟုတ်ဘူး။ သားအမြင်ကရော ဘယ်လိုရှိလဲ ရှောင်ကျန့်?"
ဝမ်ရိပေါ်အားပြောဆိုပီးသောအခါ သူ၏အမြင်ကိုမေးမြန်းလာသည့် ဝမ်ပါးကြောင့်
"သူများတွေတောင် လုပ်နိုင်ရင် Wang Group ကလည်းလုပ်နိုင်ရမှာပေါ့"
သူ၏အဖြေကိုကြားသောအခါတွင်တော့ အရှေ့တွင်ထိုင်နေသည့် ဝမ်ရိပေါ်မှာ သူ့အားခနဲ့သည့်ဟန်ဖြင့် လှမ်းကြည့်လာသည်ကို ဂရုမစိုက်စွာ မသိချင်ယောင်ဆောင်လိုက်လေသည်။
"သိပ်ကောင်းတယ်....ပြောတာတော့ အားရစရာပါပဲ။ ဒါပေမဲ့ အဲ့ဒီတင်ဒါကို ရဖို့ဆိုတာ ထင်သလောက်မလွယ်ဘူး။ တရုတ်ဘက်က ကုမ္ပဏီကြီးတစ်ရာလောက်က ဝင်ပြိုင်ကြမှာ။ အဲတာကြောင့် ပါးတို့ဘက်က မင်းတို့နှစ်ယောက်စလုံးကို ဒီတာဝန်ပေးရတာပဲ"

STAI LEGGENDO
Meet Point Of Parallel Lines
Fanfictionငယ်စဉ်ကတည်းက အရာရာတွင် အနိုင်မခံအရှုံးမပေးစွာ ပြိုင်ဆိုင်ခဲ့သော လူနှစ်ယောက်... မထင်မှတ်ဘဲ မိဘများက လက်ထပ်လိုက်ကြသောအခါ ညီအစ်ကိုတွေဖြစ်လာကာ တစ်အိမ်တည်း အတူတူနေဖြစ်လာသော်လည်း... ဆုံမှတ်မရှိတဲ့မျဉ်းပြိုင်တွေဟာ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ ဆုံလာ...