Part 44

10K 977 184
                                        

ZawGyi

အတွင်းရေးမှူးမရှိတော့သည့် ရှောင်ကျန့်က အတွင်းရေးမှူးအသစ်ထပ်ရှာသည့်အခါတွင်လည်း ရှောင်ကျန့်၏ဘေးတွင် လူစိမ်းလုံးဝမထားချင်တော့သည့် ဝမ်ရိပေါ်မှာ လူသစ်ထပ်မရောက်လာစေရန် အမျိုးမျိုးပြုလုပ်ကာ တားဆီးထားခဲ့သဖြင့် နောက်ဆုံးတော့ ယွီပင်းကိုပဲ ရှောင်ကျန့်မှာလက်ခံလိုက်ရလေသည်။ ကုမ္မဏီရှိရုံးခန်းကိုတော့ အမြဲစစ်ဆေးနေသည့် စစ်ဆေးရေးရှိသောကြောင့် ကင်မရာတပ်ဆင်ဖို့မလွယ်သည်မို့ ရှောင်ကျန့်ကိုအချိန်တိုင်းစောင့်ကြည့်နေ၍ မရသဖြင့် ယခုကဲ့သို့ စီစဉ်လိုက်ရခြင်းဖြစ်သည်။ ရှောင်ကျန့်၏အမေကတော့ သူတို့နှစ်ယောက် Wang Group တွင်အလုပ်စဝင်ခဲ့သည့် အချိန်ကတည်းက ကုမ္မဏီမှထွက်လိုက်ပီး အိမ်မှာပဲနေတော့သဖြင့် ရှောင်ကျန့်စားရေးသောက်ရေးအတွက် သူမကသာဂရုစိုက်တော့သည်။

Wang Group သို့ရောက်သည့်နောက်ပိုင်းမှစတင်ကာ သူနှင့်ရှောင်ကျန့်တို့၏ ပြိုင်ဆိုင်မှုမှာပိုမို၍ပြင်းထန်လာခဲ့သည်။ ဆက်ခံသူနေရာကို စိတ်မဝင်စားသော်လည်း ရှောင်ကျန့်ကိုတော့ အရှုံးမပေးချင်သည့်သူမှာ အနိုင်ရရန် အတတ်နိုင်ဆုံးကြိုးစားခဲ့သည်။ ဤသို့ဖြင့် ပြိုင်ဆိုင်လာကြရင်းမှ သူတို့နှစ်ယောက်၏ဘဝကိုအပြောင်းအလဲဖြစ်စေခဲ့သည့် ဂျပန်သို့သွားရမည့် ခရီးစဉ်စတင်လာခဲ့သည်။ ပါး၏တာဝန်ပေးမှုအရ XoKiZu ဘက်မှ ရင်းနှီးမြုပ်နှံမှုကိုရရှိရန်အတွက် သူနှင့်ရှောင်ကျန့်မှာ တစ်လခန့်အတူကြိုးပမ်းခဲ့ကြပီးနောက် ဂျပန်နိုင်ငံတွင်ပြုလုပ်မည့် ရင်းနှီးမြုပ်နှံမှုပွဲသို့တက်ရောက်ရန်သွားခဲ့ကြသည်။ လေယာဉ်ပေါ်တွင် လျှောက်လမ်းနှင့်ကပ်ရပ်ခုံတွင် ရှောင်ကျန့်ကထိုင်ပီး သူကတော့ပြတင်းပေါက်ရှိရာဘက်တွင်ထိုင်ကာ ဖုန်းသုံးနေတုန်း

"ဟဲ့...ကြည့်ပါဦး အိပ်နေတဲ့ပုံလေးက ချစ်စရာလေး"

"ဟုတ်ပဟယ်...အထဲက သွားလေးတောင်ပေါ်နေတယ်"

"ယုန်သွားလေးဟ သေချာကြည့်ကြည့်"

လျှောက်လမ်းဟိုဖက်အခြမ်းရှိ ထိုင်ခုံဘက်မှ အသံတွေထွက်လာသဖြင့် ဝမ်ရိပေါ်တစ်ယောက် လှည့်ကြည့်မိသောအခါ ဘေးတွင် အိပ်ပီးလိုက်ပါလာသည့် ရှောင်ကျန့်ကိုပြောနေခြင်းဖြစ်သောကြောင့်

Meet Point Of Parallel Lines Where stories live. Discover now