Part 19

10.9K 1.1K 111
                                        

ZawGyi

ဝမ်အိမ်တော်သို့ရောက်သည့်အခါ ဝမ်ရိပေါ်က

"ဒီပုံစံနဲ့ အိမ်ထဲမဝင်နဲ့။ ကားပေါ်မှာခဏထိုင်စောင့်နေ။ ငါအင်္ကျီသွားယူလာခဲ့မယ်"

"အင်း"

ဝမ်ရိပေါ်မှကားပေါ်တွင်သာ စောင့်နေရန်ပြောလာသည့်အခါ အင်္ကျီကြယ်သီးများပြုတ်နေသည့်အပြင်ပြဲကွဲ၍ ဖရိုဖရဲဖြစ်နေသော ယခုသူ၏ပုံစံဖြင့် အိမ်တော်ထဲသို့ ဝင်ရန်အမှန်ပင်အဆင်မပြေသဖြင့် သူလည်း ကားထဲတွင်သာထိုင်၍စောင့်နေလိုက်မိသည်။

"ရော့...ဒါကို လဲဝတ်လိုက်"

ခဏကြာသောအခါ ဝမ်ရိပေါ်က အိမ်တော်ထဲမှပြန်ထွက်လာကာ ကားအပြင်ဘက်မှနေ၍ လည်ပင်းဖုံးသည့်အင်္ကျီတစ်ထည်အား သူ့ကိုကမ်းပေးလာသဖြင့် ကားထဲတွင်ပင် ထိုအင်္ကျီကိုလဲဝတ်လိုက်လေတော့သည်။ ထို့နောက် သူတို့နှစ်ယောက်စလုံး အိမ်တော်ထဲသို့ဝင်လိုက်သည့်အခါ အိမ်တော်ထိန်းလွီမှ

"သခင်လေးရော အကိုလေးပါ တစ်ခါတည်းပြန်လာကြတာပဲ။ ထမင်းစားဖို့ ပြင်ထားလိုက်ရတော့မလား?"

"ရေချိုးပီးမှပဲ စားတော့မယ်"

"အဲဒါဆို ကျွန်တော်နောက်နာရီဝက်လောက်နေမှ ပြင်ထားလိုက်ပါ့မယ်။ သခင်လေးအတွက်ရော ဘယ်လိုစီစဉ်ပေးရမလဲ?"

"အတူတူပဲပြင်ထားလိုက်"

"ဟုတ်ကဲ့ပါ"

ထို့နောက် သူရော ဝမ်ရိပေါ်ပါ အပေါ်ထပ်သို့တက်လာ၍ စကားတစ်ခွန်းမှမဆိုမိကြဘဲ ကိုယ်စီအခန်းထဲသို့သာ ဝင်လိုက်ကြလေသည်။ အိပ်ခန်းထဲသို့ရောက်သည်နှင့် စိတ်အရှင်းတည်ငြိမ်စေရန်အတွက် ခေတ္တမျှထိုင်ပီးမှသာ ရေချိုးခန်းထဲသို့ဝင်လိုက်တော့သည်။ ရေချိုးရန်အတွက် အဝတ်အစားများအားချွတ်လိုက်သောအခါတွင်တော့ မှန်သားပြင်ထက်တွင် သိသာထင်ရှားစွာမြင်နေရသော သူ၏ခန္ဓာကိုယ်ပေါ်မှ စက်ဆုပ်ဖွယ်အရာများကို ဒီထက်ပိုပီးကြည့်နိုင်စွမ်းမရှိတော့သည့်သူ့မှာ မျက်နှာလွှဲကာ ရေကိုသာချိုးလိုက်လေတော့သည်။

ရေမိုးချိုးပီးသောအခါ ခန္ဓာကိုယ်ပေါ်ရှိအရာများအား အပြည့်အဝ ဖုံးကွယ်စေနိုင်သော အဝတ်အစားကိုသာရွေးချယ်ဝတ်ဆင်ကာ အောက်သို့ဆင်းလာကာထမင်းစားလိုက်သည်။ ခဏအကြာမှ ရောက်လာသည့် ဝမ်ရိပေါ်ကလည်း စကားတစ်ခွန်းမှ ပြောဆိုခြင်းမရှိဘဲ သူ၏မျက်နှာချင်းဆိုင်တွင်သာ ဝင်ထိုင်၍ထမင်းစားနေသည်။ ထမင်းစားပီးသောအခါတွင်တော့ ဝမ်ရိပေါ်မှာ အပေါ်ထပ်သို့တက်သွားပီဖြစ်သော်လည်း သူကတော့ အိမ်တော်ထိန်းလွီထံသို့သွားကာ

Meet Point Of Parallel Lines Where stories live. Discover now