Part 47

8K 827 59
                                    

ZawGyi

ရှယ်ယာရှင်အစည်းအဝေးပီးသည့်နေ့တည်းက နှစ်ယောက်စလုံးမအားလပ်သဖြင့် သူနှင့် ရှောင်ကျန့်နှစ်ယောက်တည်းလုံးဝမတွေ့ဖြစ်ခဲ့။ ပုံမှန်ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့စောသွားရသည့် ဝမ်ရိပေါ်က သိပ်လွမ်းရသည့်နေများတွင်တော့ ရှောင်ကျန့်နှင့်အတူမနက်စာကို အတူစားရရန်စောင့်နေလေ့ရှိသည်။ ဒီနေ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာရှိနေတုန်း ယွီပင်းဖုန်းဆက်လာပီး ရှောင်ကျန့်ကညဘက်ကြီး အလုပ်ကိစ္စဖြင့်အပြင်သို့တစ်ယောက်တည်းထွက်သွားသည်ဟုပြောလာသဖြင့် သူလည်းချက်ချင်းပင် လုပ်ငန်းခွင်ထဲမှထွက်လာခဲ့သည်။ ရှောင်ကျန့်ကများသောအားဖြင့် အိမ်နှင့်ကုမ္မဏီမှလွဲလျှင် ညဘက်အပြင်သွားလေ့မရှိ။ နောက်ပီး တစ်ဖက်ကုမ္မဏီက ရှောင်ကျန်နှင့်သီးသန့်ဆွေးနွေးချင်သည်ဟုပြောကာ ညဘက်ကြီးခေါ်ထားသောကြောင့် စိတ်ထဲတွင် တစ်ခုခုမူမမှန်ဟုတွေးမိလိုက်သည်။

ရှောင်ကျန့်ကားတွင်တပ်ထားသည့် တည်နေရာပြစက်ကိုကြည့်လိုက်မိသည့်အခါ ကလပ်တစ်ခုတွင်ရပ်လိုက်သည်ကို တွေ့လိုက်ရသည်။ ထို့နောက် ဖုန်းတည်နေရာဖြင့်ဆက်လက်စောင့်ကြည့်နေလိုက်သည့်အခါ ထိုကလပ်အဆောက်ဦးထဲသို့ဝင်သွားပုံရသည်။ အစကရှောင်ကျန့်ကို ဖုန်းဆက်မေးလိုက်ရမည်လားဟု တွေးလိုက်မိသော်လည်း တကယ်အလုပ်ကိစ္စသာဖြစ်နေပါက သူ့အားထပ်ပီးအထင်လွဲသွားမည်ကို စိုးသဖြင့်မဆက်မိတော့ပေ။ ဆောက်လုပ်ရေးလုပ်ငန်းခွင်က မြို့ထဲနှင့်အနည်းငယ်အလှမ်းဝေးသဖြင့် ဝမ်ရိပေါ်မှာကားကိုအရှိန်အမြင့်ဆုံးနှုန်းဖြင့်မောင်းနှင်နေလိုက်မိသည်။ မီးပွိုင့်ဘယ်နှစ်ခုတောင်ကျော်ခဲ့မိလဲ မသိတော့သည့်သူက ဆိုင်ကယ်ဖြင့်သာဆိုလျှင် ဒီထက်ပိုမြန်အောင်မောင်းနိုင်မည်ဟုတွေးနေမိပြန်သည်။

ကလပ်သို့ရောက်သည်နှင့် ဝင်ပေါက်ဝတွင်ကားကိုရပ်လိုက်မိကာ ဖုန်းတည်နေရာမှပြနေသည့်အတိုင်းလိုက်သွားရာတွင် အပေါ်ထပ်သီးသန့်ခန်းများဆီသို့ရောက်လာသဖြင့် ပို၍စိတ်ပူသွားမိရကာ နောက်ဆုံးရှောင်ကျန့်ရှိနေပုံရသည့် အခန်းဝတွင်သက်တော်စောင့်လေးယောက်ကို တွေ့လိုက်ရသည့်အခါ သေချာပေါက်တစ်ခုခုဖြစ်နေပီမှန်းသိလိုက်ရသည်။ ထိုအခန်းသို့ချက်ချင်းဦးတည်သွားလိုက်ပီး အထဲသို့ဝင်မည်အပြု သူ့ကိုတားဆီးလာသည့် သက်တော်စောင့်များကြောင့် ပြန်လည်၍တိုက်ခိုက်လိုက်ပီး တံခါးကိုဖွင့်ဝင်လိုက်သည်နှင့် မြင်လိုက်ရသည့် မြင်ကွင်းကသူ့ရင်ဝကိုဆောင့်ကန်ခံလိုက်ရသည့်နှယ်ဖြစ်သွားခဲ့သည်။ အခန်းထဲသို့ပြေးဝင်သွားပီး ခုံပေါ်တွင်တွန်းထိုးရုန်းကန်နေသည့် ရှောင်ကျန့်အား အပေါ်မှတက်၍စော်ကားနေသည့်ကောင်ကို ဆွဲချလိုက်ပီးသည်နှင့် အဆက်မပြတ်ထိုးလိုက်မိတော့သည်။ အသိစိတ်လွတ်စွာထိုးနေမိတုန်း ရှောင်ကျန့်ကသူ့ကိုလာတားလေသည်။ ရှောင်ကျန့်၏ တုန်ယင်နေသည့်အသံကိုကြားလိုက်ရသည့်အခါ ဒေါသများပိုမိုကာထွက်လာရသည့်သူက စားပွဲပေါ်ရှိပုလင်းကိုယူကာ ထိုလူယုတ်မာ၏ခေါင်းအား ရိုက်လိုက်တော့သည်။

Meet Point Of Parallel Lines Where stories live. Discover now