Part 58

10.4K 1K 200
                                    

ZawGyi

ဒီရက်ပိုင်း ရှောင်ကျန့်တစ်ယောက် စိတ်တွေညစ်နေရလေသည်။ အကြောင်းသည်ကား ဝမ်ရိပေါ်က ဖွင့်ပြောပီးသည့်နောက်ပိုင်း သိသိသာသာ သူ့ကိုအနှောက်အယှက်ပေးနေခြင်းကြောင့်ဖြစ်သည်။ လူကြားမရှောင် သူကြားမရှောင် အချစ်ဟု ထပီးခ်ါတတ်သဖြင့် သူမှာမျက်နှာပူရပေါင်းလည်းများနေရပီဖြစ်ကာ တစ်ချိန်လုံး သတိပေးနေရသည်။ ယခုအချိန်မှာ ရှောင်ကျန့်တောင့်တမိသည့် တစ်ခုတည်းသောအရာသည်ကား အရင်သူသိခဲ့သည့်ဝမ်ရိပေါ် ပြန်ရောက်လာစေချင်တာပဲဖြစ်သည်။ ယခုဝမ်ရိပေါ်သည်ကား သူအတွက်အလွန်စိမ်းသက်နေသလို တစ်ချက်တစ်ချက်ဝမ်ရိပေါ်ပြောလာသည့် စကားတွေမှာလည်း သူ့အားနေရခက်စေသလို ရံဖန်ရံခါတွင် အသက်ရှုရပင်ခက်စေသည်။ ယခုဆိုလျှင် ဝမ်ရိပေါ်သူ့အားဖွင့်ပြောပီးသည်ကို ယွီပင်းပါသိရှိပီးဖြစ်သည်။ နောက်ပီး ယွီပင်းပြောပြချက်အရ ဝမ်ရိပေါ်က သူ့အားအထက်တန်းကတည်းက ကြိုက်ခဲ့သည့်ဟု သိလိုက်ရသည့်အခါ ရှောင်ကျန့်မှာ မည်သို့မှမယုံနိုင်ခဲ့ပေ။ သို့ပေသိ ယွီပင်းက အခိုင်အမာကိုပြောလာသည်မှာ သူ့အားထိုအချိန်ကတည်းက ဝမ်ရိပေါ်ကိုယ်တိုင်ဝန်ခံခဲ့သည်ဟုဆိုသဖြင့် ရှောင်ကျန့်မှာ အရမ်းကိုအံ့အားသင့်ခဲ့ရပြန်သည်။ ဝမ်ရိပေါ်က ဒီအတောအတွင်း သူ့အားဒီလောက်နှောက်ယှက်ခဲ့သည်ကို ထိုစကားများကိုသူမည်ကဲ့သို့ လက်ခံယုံကြည်ရပါမည်နည်း။ အစကတည်းက ဝမ်ရိပေါ်အား နားမလည်နိုင်ခဲ့သည့်သူက အခုအချိန်ထိလည်း ထိုနည်း၎င်းသာဖြစ်သည်။

ဝမ်ရိပေါ်နှင့်ပတ်သတ်သည့် သူ၏စိတ်ရင်းကို ရှောင်ကျန့်ကိုယ်တိုင်လည်းသေချာမသိပေ။ သူ့အနေနှင့် ပြောရလျှင်တော့ ဝမ်ရိပေါ်အား သံယောဇဉ်ရှိသည်ဟုတော့ပြော၍ရသည်။ ငယ်ငယ်ကတည်း အပေါင်းအသင်းသိပ်မရှိခဲ့သည့် သူ့အတွက် ဝမ်ရိပေါ်ဆိုသည်မှာ မတည့်အတူနေ သူငယ်ချင်းတစ်ယောက်ဖြစ်သည်။ သို့သော်လည်း ဝမ်ရိပေါ်အား ချစ်လားဟုစဉ်းစားကြည့်သောအခါတွင်တော့ ရှောင်ကျန့်မှာ သေချာရေရာသည့်အဖြေမရှိ...ဝမ်ရိပေါ်၏ ဖွင့်ဟဝန်ခံချက်က သူ့အတွက်တော့ ရုတ်တရက်ဆန်လွန်းလှသည်။ ဒီနောက်ပိုင်း ဝမ်ရိပေါ်၏အပြုအမူများသည် သူ့အားစိတ်လှုပ်ရှားစေသည်မှာ မှန်သော်လည်း သူ့အနေဖြင့် ထိုမျှလောက်နှင့်တော့ ဝမ်ရိပေါ်အားချစ်နေသည်ဟု ပြောလို့မရနိုင်ဘူးမဟုတ်လား...နောက်ပီး ဝမ်ရိပေါ်ပေးခဲ့သည့် ဒဏ်ရာများသည်လည်း အခုအချိန်ထိ သူ၏စိတ်ထဲတွင်စွဲထင်ကျန်နေသေးကာ အရှင်းမပျောက်သေးသလို ရှောင်ကျန့်ဟာနောက်ထပ်နာကျင်ရမည်ကိုလည်း သိပ်ကြောက်မိပါသေးသည်။ ရှောင်ကျန့် သူကိုယ်တိုင်ကလည်း အချစ်နှင့်ပတ်သတ်၍တစ်ခါမှ အတွေ့အကြုံမရှိသလို အရေးတယူအချိန်ယူပီး တွေးလည်းမတွေးခဲ့ဖူးသဖြင့် သူတကယ်ပင် အချစ်ဟာဘာမှန်းကိုမသိ.....

Meet Point Of Parallel Lines Where stories live. Discover now