ZawGyi
ရှယ်ယာရှင်အစည်းအဝေးတွင် ဥက္ကဌကြီးက
"အခုလို ရုတ်တရက်ကြီး ရှယ်ယာရှင်အစည်းအဝေးလုပ်ရတဲ့ အကြောင်းအရင်းက XoKiZu ဘက်က အကြောင်းပြန်လာလို့ပဲ"
XoKiZu ဘက်မှ အကြောင်းပြန်ချက်ကို သိရပီဟုပြောလာသဖြင့် ရှောင်ကျန့်မှာ အနည်းနှင့်အများတော့ စိတ်လှုပ်ရှားနေသည်မှာ မသိလျှင် စာမေးပွဲရလဒ်ကိုစောင့်နေသည့် ကျောင်းသားတစ်ယောက်ပမာဖြစ်နေလေသည်။ အဘယ်ကြောင့်ဆိုသော် တစ်ခုခုထူးခြားတာရှိလို့သာ ရှယ်ယာရှင်အစည်းအဝေးကို ရုတ်တရက်ကြီးလုပ်လိုက်ရသည်မဟုတ်လား။ သို့ပေတိ ဝမ်ရိပေါ်မှာတော့ သူနှင့်ဆန့်ကျင်ဘက်ပင် စိတ်မဝင်စားသည့်ပုံစံဖြင့်သာ နားထောင်နေလေသည်။ ထို့နောက် ဥက္ကဌကြီးဆက်ပြောလာသည်က
"သတင်းကောင်းကတော့ XoKiZu ဘက်က တရုတ်မှာလုပ်မဲ့ သူတို့ရဲ့ စီမံကိန်းတွေအားလုံးကို Wang Group နဲ့ လက်တွဲလုပ်ဆောင်မယ်လို့ အကြောင်းကြားလာတယ်"
ဥက္ကဋ္ဌကြီး၏စကားဆုံးသည့်အခါမှသာ ရှောင်ကျန့်တစ်ယောက်စိတ်အေးနိုင်တော့သည်။ အခြားသောရှယ်ယာရှင်များမှာတော့ ထိုစကားကိုကြားသည်နှင့် လက်ခုပ်များတီးကာ သူနှင့်ဝမ်ရိပေါ်အား ချီးကျူးစကားများကိုဆိုလာကြသည်မှာ နားဖြင့်မဆန့်နိုင်အောင်ပင်ဖြစ်သည်။
"ဒါပေမဲ့ သူတို့ဘက်က အထူးတောင်းဆိုထားတာတစ်ခုရှိတယ်"
ထို့နောက်တွင်တော့ ဥက္ကဌကြီးထပ်မံပြောလာသည့် စကားကြောင့် သူရော ရှယ်ယာရှင်များပါ စိတ်ဝင်တစား နားထောင်မိကြလေသည်။
"အဲဒါက ဘာလဲဆိုတော့ သူတို့က ကုမ္မဏီအချင်းချင်းဆက်သွယ်ဖို့ ကိုယ်စားလှယ်ကို ရှောင်ကျန့်နဲ့ပဲ လုပ်ချင်တယ်တဲ့။ ရှောင်ကျန့်မဟုတ်တဲ့ တခြားဘယ်သူနဲ့မှ မလုပ်ဘူးလို့ပြောလာတယ်။ အဲဒါကြောင့် ဒီစီမံကိန်းနဲ့ ပတ်သတ်ပီး ရုံးပိုင်းဆိုင်ရာနဲ့ ကုမ္ပဏီချင်းဆက်သွယ်ရမယ့်တာဝန်တွေကို ရှောင်ကျန့်ကိုပေးပီး ဆောက်လုပ်ရေးလုပ်ငန်းခွင် နဲ့ပတ်သတ်တဲ့ အပိုင်းကိုတော့ ရိပေါ်ကတာဝန်ယူရလိမ့်မယ်"
ဥက္ကဌကြီးပြောပီးသည်နှင့် သူ၏အရှေ့တွင်ထိုင်နေသည့် ဝမ်ရိပေါ်အား လှမ်းပီးအကဲခတ်မိတော့သည်။ သို့သော်ငြား ဝမ်ရိပေါ်ဘက်မှ ဘာမှအထွန့်တက်လာခြင်းမျိုးမရှိသည့်အတွက် ဘာရယ်မဟုတ် အနည်းငယ်တော့ စိတ်သက်သာရာ ရသွားလေသည်။
YOU ARE READING
Meet Point Of Parallel Lines
Fanfictionငယ်စဉ်ကတည်းက အရာရာတွင် အနိုင်မခံအရှုံးမပေးစွာ ပြိုင်ဆိုင်ခဲ့သော လူနှစ်ယောက်... မထင်မှတ်ဘဲ မိဘများက လက်ထပ်လိုက်ကြသောအခါ ညီအစ်ကိုတွေဖြစ်လာကာ တစ်အိမ်တည်း အတူတူနေဖြစ်လာသော်လည်း... ဆုံမှတ်မရှိတဲ့မျဉ်းပြိုင်တွေဟာ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ ဆုံလာ...
