Part 30

9.3K 1K 104
                                    

ZawGyi

ယွီရှင်းလန်တစ်ယောက် ဝမ်အိမ်တော်တွင် သူမနှင့်ယောကျာ်းဖြစ်သူ နှစ်ဦးတည်းသာ ရှိနေသည့်အချိန်

"အကို...ရှင်းလန် အကို့ကိုပြောစရာရှိလို့"

"အင်း...ပြောလေ ဘာပြောမလို့လဲ"

"အမှန်က ကြိုပီးအသိပေးထားတာပါ။ ရိပေါ်လေးနဲ့ ကျွန်မ နှစ်ယောက်တည်းစကားပြောချင်လို့...အဲဒါကလည်း အကို့ရဲ့မိန်းမအနေနဲ့မဟုတ်ဘဲ ကျန့်အာအမေအနေနဲ့ပြောချင်တာ"

"ကောင်းပီလေ...ရှင်းလန် သဘောပါပဲ"

"နောက်ပီး အခုကတည်းက ကြိုပြောထားချင်တာကလေ အကယ်၍ အနာဂတ်မှာ ကလေးတွေကြား ပြဿနာတစ်စုံတစ်ရာ ရှိလာခဲ့ရင် ဘယ်သူမှားမှားမှန်မှန် ကျွန်မကတော့ ကျန့်အာဘက်ကပဲရှိနေမှာ....ဒီတစ်ခေါက်ကိစ္စဖြစ်ပီးကတည်းက အဲဒီဆုံးဖြတ်ချက်ကိုချလိုက်တာ"

ယွီရှင်းလန်သူမ၏ ဆုံးဖြတ်ချက်အား ယောက်ျားဖြစ်သူအား တစ်ခါတည်းအသိပေးရန်ဆုံးဖြတ်ခဲ့ပီးသားဖြစ်သည်။ လက်တွေ့တွင် ရှောင်ကျန့်မှာက သူမတစ်ဦးတည်းသာရှိသည်မဟုတ်လား...ငယ်စဉ်ကတည်းက သူမ၏မျက်နှာကိုသာကြည့်ပီးနေခဲ့သည့် ကလေးအား သူမအနေဖြင့် တစ်ခါမှားယွင်းပြစ်တင်မိခဲ့သဖြင့် အနာဂတ်တွင်တော့ တူညီသောအမှားမျိုးကို ထပ်မဖြစ်စေရန် စဉ်းစားပီးဖြစ်သည်။

"ဒါဆိုရင်တော့ ရိပေါ်လေးက သနားစရာပဲ"

"ဘာဖြစ်လို့လဲ?"

"အဲဒါက အကိုကလည်း သားကျန့်ဘက်ကပဲမို့လို့လေ..ဟား..ဟား"

ဝမ်မင်ရန်၏ စကားအဆုံးတွင်တော့ ယွီရှင်းလန်ပါ ပြိုင်တူရယ်လိုက်မိကြသည်။ အနေအေးသည့် သူမ၏ယောက်ျားက အမှန်တကယ်ကို လူကောင်းတစ်ယောက်ဖြစ်သည်ကို သူမသိပါသည်။ ထိုကြောင့်လည်း သူမလက်ထပ်ဖို့ဆုံးဖြတ်ချက်ချခဲ့တာပင်မဟုတ်လား။ ညနေဘက်တွင်တော့ သူမ ရိပေါ်အား မနက်ကကတည်းက ဖုန်းဆက်ကာ ကြိုချိန်းထားခဲ့သဖြင့် ဝမ်ရိပေါ်မှာ ရှောင်ကျန့်ထက်စော၍ အိမ်သို့ပြန်လာခဲ့သည်။ ထို့ကြောင့် ယွီရှင်းလန်မှာ ဝမ်ရိပေါ်အား

"ဒီနေ့သားကို သီးသန့်ခေါ်လိုက်ရတာက သားနဲ့ကျန့်အာ လက်မထပ်ခင်မှာ အန်တီက ရှောင်ကျန့်ရဲ့ အမေအနေနဲ့ စကားနည်းနည်းလောက်ပြောချင်လို့ပါ"

Meet Point Of Parallel Lines Where stories live. Discover now