ZawGyi
"လာရဲလာကြည့်...ငါမထိုးရဲဘူးမထင်နဲ့နော်"
"ထိုးလေ...ထိုးပေါ့...ကြောက်မယ်ထင်နေလား? မင်းသိပ်ထိုးချင်တယ်ဆိုရင် ထိုးလေ...ထိုးလိုက်စမ်းပါ"
"ဟက်! ဟုတ်တာပေါ့ မင်းကိုငါက ဓားနဲ့ထိုးလိုက်ရင် အများအမြင်မှာထပ်ပီးတော့ ငါကပဲ လူဆိုးကြီးဖြစ်သွားရမှာ....ဆယ်နှစ်ကျော် ကိုယ့်ကိုပညာသင်ပေး ကျွေးမွေးခဲ့တဲ့ ဝမ်အိမ်တော်ရဲ့ ကျေးဇူးကိုမှမထောက် သူတို့ရဲ့တစ်ဦးတည်းသောမျိုးဆက်ကို ငါကပဲအနိုင်ကျင့်နေသလို...လူကြီးတွေအမြင်မှာလည်း ငါကဆိုးသွမ်းတဲ့သူပေါ့...မင်းသိပ်တော်တယ် ဝမ်ရိပေါ်...အမြဲမင်းရဲ့အပြစ်ကို ငါ့အလွန်ဖြစ်အောင်လုပ်တဲ့နေရာမှာ သိပ်တော်လွန်းတယ်...အမှန်တော့ ငါကသာအပိုလူဖြစ်နေတာ...ဒီအတိုင်းငါမရှိတော့ရင် အရာအားလုံးအဆင်ပြေသွားမှာ"
"ရှောင်ကျန့်!!"
ဓားကိုကိုင်ကာ ရှောင်ကျန့်ခြိမ်းခြောက်နေမိသော်လည်း မည်သည့်အရာကိုမှမကြောက်တတ်သည့် ဝမ်ရိပေါ်ကြောင့် ရှောင်ကျန့်မှာဘာလုပ်ရမှန်းမသိစွာဖြင့် ကြံရာမရသည့်အဆုံး ကိုင်ထားမိသည့်ဓားဦးချွန်အားမိမိ ဘက်သို့ဦးတည်လိုက်သည့်အခါတွင်တော့ တစ်စုံတစ်ရာကို အလွန်အမင်းစိုးရိမ်ထိတ်လန့်သွားသည့်ဟန်ဖြင့် ဝမ်ရိပေါ်မှာ သူ၏အမည်အားခေါ်ကာ အရှေ့သို့ပိုမိုတိုးလာသဖြင့်
"အရှေ့တစ်လှမ်းထပ်တိုးတာနဲ့ ငါ့ကိုယ်ငါထိုးမှာနော်"
"ဟင့်အင်း...ရှောင်ကျန့်!!!! မလုပ်နဲ့!!!!"
ရှောင်ကျန့် သူပြောလိုက်သည့်အခါ မျက်စိမျက်နှာပျက်နေသည့် ဝမ်ရိပေါ်က သူ့ထံသို့ အတင်းပင်ပြေးဝင်လာသဖြင့် မရည်ရွယ်ပါသော်လည်း လုပ်မိလုပ်ရာဖြင့် ဓားဦးချွန်အား သူ၏ဝမ်းဗိုက်တည့်တည့်သို့ ထိုးသွင်းဖို့ရာလုပ်လိုက်သောအခါ ဝမ်ရိပေါ်မှာ ဓားသွားနေရာအား လက်နှစ်ဖက်ဖြင့်ဆွဲကိုင်လိုက်ပီး
"ရှောင်ကျန့်...မလုပ်ပါနဲ့....ကျေးဇူးပြုပီး မလုပ်ပါနဲ့...ငါမှားသွားပါတယ်...ရှောင်ကျန့် အဲဒီလိုမလုပ်ပါနဲ့ ငါတောင်းပန်ပါတယ်...ရှောင်ကျန့် ကျေးဇူးပြုပီး..."
YOU ARE READING
Meet Point Of Parallel Lines
Fanfictionငယ်စဉ်ကတည်းက အရာရာတွင် အနိုင်မခံအရှုံးမပေးစွာ ပြိုင်ဆိုင်ခဲ့သော လူနှစ်ယောက်... မထင်မှတ်ဘဲ မိဘများက လက်ထပ်လိုက်ကြသောအခါ ညီအစ်ကိုတွေဖြစ်လာကာ တစ်အိမ်တည်း အတူတူနေဖြစ်လာသော်လည်း... ဆုံမှတ်မရှိတဲ့မျဉ်းပြိုင်တွေဟာ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ ဆုံလာ...