Part 5

11.9K 1.1K 18
                                        

ZawGyi

"ဒီမှာ တစ်ယောက်တည်း လာထိုင်နေရလား ရှောင်ကျန့်လေးရဲ့။ ဘာလဲ မင်းကို ပေါင်းမယ့်သူဘယ်သူမှမရှိဘူးလား။ ကျွတ်...ကျွတ်...ကျွတ် ပေါင်းမယ့်သူမရှိရင်လည်းပြောမှပေါ့။ သနားသောအားဖြင့် ငါကပေါင်းပေးရင်ပေါင်းပေးမှာပေါ့"

ကျောင်းအနောက်ဘက်ရှိ လူသူအရောက်အပေါက်နည်းသော ခုံတန်းရှည်လေးတွေ ထိုင်ကာစာအုပ်ဖတ်နေတုန်း ဟိုအချေကောင်ရောက်လာပီး သူ့အားရန်လာစနေခြင်းပင်။ အဲဒီလိုပဲ သူကလွတ်အောင်ရှောင်လည်း ဝမ်ရိပေါ်က သူ့ကိုအလွတ်မပေးတတ်။ အခုလည်း အားလုံးနဲ့ဝေးရာတွင် တမင်လာထိုင်နေသည်ကို ရအောင်ကိုပြဿနာ လာရှာနေပြန်ပီလေ။ စိတ်အလိုမကျစွာ ထိုင်နေရာမှထထွက်သွားရန်ပြင်လိုက်သောအခါ ဝမ်ရိပေါ်က သူ၏အရှေ့တွင်ပိတ်ရပ်လိုက်ပီး

"ဘာတွေ အဲ့ဒီလောက် ဘဝင်မြင့်နေရတာလဲ ရှောင်ကျန့်? မင်းကိုမင်း ဘာထင်နေလဲ? တစ်ကျောင်းလုံးက လူတွေကို မင်းနဲ့မတူဘူး မတန်ဘူးထင်နေတာလား? ဒါမှမဟုတ် မင်းကိုမင်းအတော်ဆုံးလို့ တွေးနေတာလား? မင်းလောက်ကတော့ ဒီကျောင်းကလူတွေအားလုံးလည်း တတ်ပီးသား"

"ဒီမှာ ဝမ်ရိပေါ်....မင်း ဘာလို့ငါ့ကို လိုက်နှောက်ယှက်နေမှန်းမသိပေမဲ့ သေချာတာကတော့ ငါ့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို မင်းလိုလူတစ်ယောက်အတွက်နဲ့ အကုန်မခံနိုင်ဘူး။ ပီးတော့ မင်းသိအောင်တစ်ခါတည်းပြောလိုက်မယ်။ ငါ့ကို ဘယ်သူမှမပေါင်းပေးလည်း ကိစ္စမရှိဘူး။ ဘာလို့လဲဆိုတော့ ငါ့အတွက် မည်သူတစ်ဦးတစ်ယောက်မှ မလိုအပ်ဘူး။ အခုတောင်မင်းကြောင့် ငါ့ရဲ့အချိန်တွေတော်တော်ကုန်သွားပီ"

"တောက်! လူပါးဝလိုက်တာ! ဒီမှာ ရှောင်ကျန့် မင်း စောင့်ကြည့်နေ မင်းအထင်သေးနေတဲ့ငါက မင်းကိုသေချာပေါက် အနိုင်ယူပြမယ်"

အနောက်တွင်စိတ်တိုကာအော်ဟစ်ပီးကျန်ခဲ့တဲ့ ဝမ်ရိပေါ်ကို ဂရုမစိုက်စွာ ၎င်းနေရာမှထွက်လာခဲ့လိုက်တော့သည်။ အမှန်တော့ ဒီကျောင်းကလူတွေအားလုံးနီးပါးက ဝမ်ရိပေါ်နည်းတူသူ့အား သနားစရာသတ္တဝါလိုလို စိတ်ပျက်စရာလူတစ်ယောက်လိုလိုသတ်မှတ်ကာ မတူသလိုမတန်သလို ဆက်ဆံကြသည်ကို ရှောင်ကျန့်ကောင်းကောင်းသိပါသည်။ ၎င်းတို့ထဲတွင် ဝမ်ရိပေါ်ကတော့ အဆိုးဆုံးပင်ဖြစ်သည်။ သို့သော်ငြား သူအမှန်တကယ်ကိုပင် ထိုလူများအားစိတ်မဝင်စားချေ။ သူ့ဘဝမှာ မားနှင့် သူ၏ဘဝရှေ့ရေးအောင်မြင်ဖို့မှလွဲ မည်သည့်အရာကမှ အရေးကြီးမနေခဲ့သလို အချိန်လည်းမပေးနိုင်ပါ။ သူ၏တစ်ခုတည်းသောရည်ရွယ်ချက်မှာ မားကိုအထင်သေးစွာဆက်ဆံကြသည့် သူ၏ပါးဘက်မှ စက်ဆုပ်စရာကောင်းသောဆွေမျိုးများထက်ပိုအောင်မြင်ပီး၎င်းတို့အား တစ်ချိန်ချိန်တွင်အထက်စီးမှဆက်ဆံနိုင်ရန်ပင်ဖြစ်သည်။

Meet Point Of Parallel Lines Tempat cerita menjadi hidup. Temukan sekarang