Part 27

10.5K 1K 45
                                        

ZawGyi

ယွီရှင်းလန်တစ်ယောက် ဒီနေ့တော့ သူမ၏သားနှင့်အချိန်ယူကာ စကားပြောရန်အတွက် ရှောင်ကျန့်ပြန်လာမည့်အချိန်ကို ထိုင်စောင့်နေမိသည်။ တစ်ပတ်ခန့်အချိန်ပေးခဲ့ပီး ဖြစ်သောကြောင့် ယခုအချိန်လောက်ဆိုလျှင်တော့ ရှောင်ကျန့်စိတ်ပြေလောက်ပီဖြစ်ကြောင်း ကောင်းကောင်းသိလေသည်။ သူမတစ်ယောက်တည်း၏မျက်နှာကိုသာကြည့်ပီး သူမတစ်ယောက်တည်းကိုသာ တွယ်တာလွန်းခဲ့သည့် ရှောင်ကျန့်က မည်မျှပင်အပေါ်ယံတွင်မာကြောခက်ထန်နေပါစေ အတွင်းစိတ်ပျော့လွန်းသူတစ်ဦးဖြစ်ကြောင်း သူမထက်မည်သူကပို၍သိနိုင်မည်နည်း။ ယင်းကဲ့သို့ ကလေးကိုမှ သူမကရက်ရက်စက်စက် ဆက်ဆံခဲ့မိသည်မဟုတ်လား။

မင်္ဂလာပွဲတွင် ရုတ်တရက်ပျောက်ချင်းမလှပျောက်သွားပီး ရိပေါ်နှင့်အိပ်ယာထက်မှဓာတ်ပုံများက ဖုန်းထဲသို့ရောက်လာသည့်အချိန်တွင် သူမမှာအမှန်ပင် ထိတ်လန့်သွားရယုံသာမက ရှက်လွန်းလို့မျက်နှာပင် ဘယ်နားသွားထားရမည်ကိုမသိဖြစ်ခဲ့ရသည်။ သူမနှင့် သူမ၏သားမှာ ဥစ္စာပစ္စည်း မကြွယ်ဝသည့်တိုင် ဝမ်အိမ်တော်တွင် ခေါင်းမော့ရင်ကော့နေနိုင်လောက်အောင် ပြုမှုနေထိုင်ခဲ့ကြသူများဖြစ်လေသည်။ ထို့ကြောင့် သိက္ခာနှင့်မာနတရားကိုရှေ့တန်းတင်မိသည့် သူမ၏အဖြစ်မှာ သားဖြစ်သူအား အယုံအကြည့်မဲ့သွားစေလောက်သည်အထိကို မှားယွင်းသွားမိခဲ့သည်။ အဖြစ်အပျက်တွေကို သေချာမသိနိုင်သည့် သူမက ထိုအချိန်တုန်းက ယောက်ျားဖြစ်သူကိုလည်းမျက်နှာမပြဝံ့ပေ။ သို့ပေသိ သူမယောက်ျားကတော့ အနေအေးသူပီပီ စိတ်အေးအေးထားရန်သာ ပြောခဲ့သော်လည်း သူမကတော့ထိုကဲ့သို့မလုပ်နိုင်ခဲ့။

ရှောင်ကျန့် ပြန်ပေါ်လာသည့်အချိန်တွင်လည်း ရိပေါ်နှင့်အတူဖြစ်နေသည်ကို မြင်လိုက်ရသည့်တစ်ခဏ သူမ၏စဉ်းစားတွေးခေါ်နိုင်စွမ်းများအားလုံးသည် လုံးဝဥသုန် ပျောက်ကွယ်သွားခဲ့ကာ စိတ်လိုက်မာန်ပါဖြင့် သားဖြစ်သူအား လက်လွတ်စပယ် ဆက်ဆံခဲ့မိလေသည်။ ယခုအချိန်အထိလည်း ဖြစ်ပျက်ခဲ့သည်များကိုသူမ သေသေချာချာမသိ။ သို့သည့်တိုင် အရာအားလုံးအား ခေါင်းအေးအေးဖြင့် စဉ်းစားဆုံးဖြတ်ပီးသည့်အခါတွင်တော့ သူမသားကိုသာ အပြည့်အဝယုံကြည်ပေးရန်ဆုံးဖြတ်လိုက်သည်။ သူမအနေဖြင့် မာနကြီးလွန်းသည့်သားဖြစ်သူကို သိက္ခာမကျစေချင်ခဲ့ခြင်းသာဖြစ်ခဲ့သော်ငြား ယခုတော့ သားဖြစ်သူအားသူမကိုယ်တိုင်ပင် ပြန်ဖျက်၍မရနိုင်သော ဒဏ်ရာပေးခဲ့မိလေသည်။

Meet Point Of Parallel Lines Where stories live. Discover now