ZawGyi
"ရိပေါ်ရေ မင်းအပြင်မသွားခင် ရှောင်ကျန့်လေးနေရမယ့် အခန်းကိုအရင်ပြပေးလိုက်ပါလား။ သားသူငယ်ချင်းဆိုတော့ သားပြပေးတာပိုကောင်းမှာပေါ့။ သားအခန်းရဲ့ မျက်နှာချင်းဆိုင်အခန်းပဲ"
"လိုက်ခဲ့ အပေါ်ထပ်ကို"
"လိုက်သွားလိုက် ကလေး။ သားပစ္စည်းတွေကိုတော့ အိမ်ကအလုပ်သမားတွေကို ပီးမှပို့ခိုင်းလိုက်မယ်"
"ဟုတ်ကဲ့ပါ ဦးလေး"
"ဒါနဲ့ ဦလေးလို့ မခေါ်ပဲ ပါးလို့ပဲခေါ်ပါလားသားရယ်"
"ဟို....အဲ့တာကတော့ ကျွန်တော်ကြိုးစားကြည့်ပါ့မယ်"
"အင်းပါ အတင်းအကျပ်တော့ မလုပ်ပါနဲ့။ သားအတွက်အဆင်ပြေမှပါ"
"နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်"
ထို့နောက် ဝမ်ရိပေါ်ဦးဆောင်ရာနောက်သို့သာ သူလည်းလိုက်သွားတော့သည်။ ကြီးမားသည့်အိမ်၏ အပေါ်ထပ်တစ်ဆုံးလျှောက်ပီးသောအခါတွင်တော့ အခန်းတစ်ခု၏ရှေ့သို့ရောက်သောအခါ
"ဒီအခန်းပဲ မင်းနေရမယ့်အခန်း"
တံခါးဘေး အပြင်ဘက်တွင်ရပ်ပီးသူ့အားပြောလာသော ဝမ်ရိပေါ်အား တုံ့ပြန်မှုမပေးဘဲ အခန်းထဲဝင်ရန်ပြင်လိုက်သဖြင့်
"ဘာလဲ? ကျေးဇူးတောင် မတင်တော့ဘူးလား?"
"ငါက ဘာကိစ္စနဲ့ မင်းကို ကျေးဇူးတင်ရမှာလဲ?"
"ငါ မအားတဲ့ကြားက မင်းကိုအပေါ်အထိလိုက်ပို့တာလေ။ ဒီက ဝမ်သခင်လေး ကိုယ်တိုင်ကလေ"
"မင်းမအားရင် မပို့နဲ့ပေါ့။ မင်းလိုက်မပို့လည်း ငါကဒီအခန်းထဲမရောက်မှာမှမဟုတ်တာ"
ဝမ်ရိပေါ်အားပြန်ပြောလိုက်ပီး အခန်းထဲသို့ဝင်သွားရာ အနောက်မှ ထိုအချေကောင်ကလည်း အခန်းတွင်းသို့ လိုက်ဝင်လာပီး
"အမေရော သားရော တစ်ပုံစံတည်းပဲနော်။ မာနကလည်းကြီးလိုက်တာလွန်ရော။ ဘာမှလည်းမရှိကြပဲနဲ့"
"ပစ္စည်းဥစ္စာမပိုင်ဆိုင်တာ မှန်ပေမဲ့ ငါတို့မှာသိက္ခာရှိတယ်။ ငါတို့သားအမိက ဘယ်သူ့ဆီကမှ လက်ဖြန့်မတောင်းခဲ့ဖူးဘူး။ ကိုယ့်အားကိုယ်ကိုးပီးပဲ ရပ်တည်ခဲ့တာ။ အဲ့ဒီအတွက် ကိုယ့်ကိုယ်ကို ဂုဏ်ယူတာပဲရှိတယ်။ အဲ့တာကို မင်းရဲ့အတိုင်းအတာအရ မာနလို့သတ်မှတ်တယ်ဆိုရင်လည်း ပြဿနာမရှိဘူး သဘောပဲ။ လောလောဆယ်တော့ သိတတ်မှုအနည်းငယ်ရှိမယ်ဆိုရင် အခန်းထဲကထွက်သွားပေး ငါအနားယူတော့မလို့"

YOU ARE READING
Meet Point Of Parallel Lines
Fanfictionငယ်စဉ်ကတည်းက အရာရာတွင် အနိုင်မခံအရှုံးမပေးစွာ ပြိုင်ဆိုင်ခဲ့သော လူနှစ်ယောက်... မထင်မှတ်ဘဲ မိဘများက လက်ထပ်လိုက်ကြသောအခါ ညီအစ်ကိုတွေဖြစ်လာကာ တစ်အိမ်တည်း အတူတူနေဖြစ်လာသော်လည်း... ဆုံမှတ်မရှိတဲ့မျဉ်းပြိုင်တွေဟာ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ ဆုံလာ...