Epilogue

15.8K 1.1K 245
                                    

ZawGyi

"မင်း..ဘယ်သူလဲ? ဘာလိုချင်တာလဲ"

"ငါ့ကိုလွယ်လွယ်နဲ့မေ့သွားပီလား? အင်းပေါ့လေ မင်းကခံရတဲ့သူမှမဟုတ်တာ မေ့သွားတာမဆန်းပါဘူး..ဆိုတော့ သတိပြန်ရအောင်ပြောပြရရင်တော့ မင်းကြောင့်ဘဝပျက်သွားရတဲ့ ရှန့်ဝေပဲ"

"ရှန့်ဝေ"

တစ်ဖက်လူမှပြောလာသည့် အမည်အားလိုက်ရေရွတ်မိသည့် ဝမ်ရိပေါ်က တစ်ဆက်တည်းမှာပင် ပူလောင်လာသည့်ရင်အစုံနှင့်အတူ သတိရလိုက်သည်က ထိုလူယုတ်မာသည်ကား ရှောင်ကျန့်အား ကလပ်သို့ခေါ်ကာ ဖျက်ဆီးရန်ကြံခဲ့သည့်သူဆိုသည်ကိုပင်ဖြစ်သည်။

"ဘယ်လိုလဲမှတ်မိသွားပီလား?"

"မင်းလူယုတ်မာ!!! ရှောင်ကျန့်အခုဘယ်မှာလဲ!! သူတစ်ခုခုဖြစ်တာနဲ့ မင်းကိုငါ့လက်နဲ့သတ်မယ်လို့ ငါကျိန်ဆိုတယ်"

ထိန်းချုပ်နိုင်စွမ်းရော စဉ်းစားနိုင်စွမ်းပါမရှိတော့သည့် ဝမ်ရိပေါ်က ဖြစ်ပေါ်လာသည့် စိုးရိမ်ပူပန်မှုနှင့် ဒေါသတို့ပေါင်းစပ်ကာ ဆောက်တည်ရာမရ အော်ဟစ်မေးလိုက်သည်။

"စိတ်မပူပါနဲ့..မင်းမလာမချင်း မင်းရဲ့ယောက်ျားဘာမှမဖြစ်စေရဘုးလို့အာမခံတယ်...ဘာပဲပြောပြော သူကတစ်ချိန်တုန်းက ငါသဘောကျခဲ့ဖူးတဲ့သူပဲမလား? ငါက မင်းလောက်မရက်စက်တတ်ပါဘူး"

"ဘယ်ကိုလာရမလဲ ပြော?"

"နေရာကို ငါ Message ပို့ပေးလိုက်မယ်...ငွေသား သန်းတစ်ထောင်နဲ့အတူ မင်းတစ်ယောက်တည်းလာခဲ့။ ရဲတိုင်တာပဲဖြစ်ဖြစ် ဥာဏ်နီဥာဏ်နက်များမယ်တို့ ကြံရင်တော့ မင်းယောက်ျားရဲ့အလောင်းကိုပဲ ပြန်ရမယ်မှတ်"

လိုအပ်သည်များကို ဝမ်ရိပေါ်တစ်ယောက် အမြန်ဆုံးစီစဉ်ပီးသည်နှင့် ချိန်းထားသည့်နေရာသို့သွားလိုက်သည်။ ပုံမှန်အားဖြင့် ရှောင်ကျန့်၏နောက်တွင် သက်တော်စောင့်များတိတ်တဆိတ်လွှတ်ထားသော်လည်း ဒီနေ့တော့ သူနှင့်အတူအပြင်သို့လာခြင်းဖြစ်သောကြောင့် သက်တော်စောင့်များအား စောင့်မကြည့်ခိုင်းခဲ့မိသည်ကိုလည်း နောင်တရ၍မဆုံးနိုင်ဖြစ်နေရသည်။ ကားပေါ်တွင်လည်း စိတ်တွေအစိုးမရဖြစ်နေသည့် ဝမ်ရိပေါ်မှာ စတီယာရင်အားထုရိုက်၍

Meet Point Of Parallel Lines Where stories live. Discover now