Part 57

12.5K 1K 169
                                        

ZawGyi

ဝမ်ရိပေါ်၏အခန်းထဲမှ အလျှင်အမြန်ထွက်လာခဲ့ပီး သူ၏ရုံးခန်းထဲပြန်ရောက်လာသည့်အခါမှသာ မတည်မငြိမ်ဖြစ်နေသော စိတ်အစဉ်ကိုသေချာပြန်စုစည်းလိုက်ပီး

"ဝမ်ရိပေါ်က ငါ့ကိုချစ်တယ်? မဖြစ်နိုင်လိုက်တာ? သူဘာလို့ ငါ့ကိုအဲဒီလိုပြောရတာလဲ...မဟုတ်မှ ဝမ်ရိပေါ်က ဆက်ခံသူနေရာပြိုင်ပွဲမှာ ငါ့ကိုအရှုံးပေးလိုက်ရလို့ တစ်ခုခုထပ်ပီးကြံနေတာများလား...ငါ့ဆီကအချစ်ကို ရအောင်ယူမယ်။ နောက်မှ အသည်းခွဲပီးထားခဲ့မယ်။ မဖြစ်ဘူး သူ့အကြံအစည်ထဲဝင်သွားလို့လုံးဝမဖြစ်..."

ရှောင်ကျန့်တစ်ယောက်တည်း ပေါင်းစုံလျှောက်ကာတွေးနေတုန်း အခန်းတံခါးမခေါက်ဘဲ ဝင်လာသည့် ဝမ်ရိပေါ်ကြောင့်

"ဘာ..ဘာလာလုပ်တာလဲ?"

ဘာမှမပြောဘဲ သူ၏ထိုင်ခုံနားသို့ လျှောက်လာသည့်ဝမ်ရိပေါ်က သူထိုင်နေသည့် ခုံ၏လက်တန်းတစ်ဖက်စီတွင်လက်ထောက်လာပီး

"ဘာဖြစ်လို့ ဆုံးအောင်နားမထောင်ဘဲထွက်သွားတာလဲ?"

နှစ်ယောက်သား၏ အတော်နီးကပ်နေသည့် မျက်နှာအနေအထားကြောင့် ရှောင်ကျန့်မှာ တံတွေးတစ်ချက်မျိုချလိုက်ပီး အကြည့်ချင်းမဆုံစေရန် မျက်နှာအားဘေးသို့လွှဲလိုက်ပီးမှ

"ငါ...ငါက ဘာကိုနားထောင်ရမှာလဲ? မင်း အဓိပ္ပာယ်မရှိ လျှောက်ပြောနေတာတွေကို ယုံမယ်ထင်နေတာလား? ဘာလဲငါ့ကို အနိုင်ယူဖို့အကွက်သစ်ရွှေ့နေတာလား ဝမ်ရိပေါ်"

မျက်နှာချင်းဆိုင်ရန် အနေရခက်နေပုံရသည့် ရှောင်ကျန့်မှာ မျက်နှာအားတစ်ဖက်သို့လွှဲဖယ်သွားသည့်အခါ မြင်နေရသည့်နားရွက်ဖျားလေးများသည်ကာ ပန်းရင့်ရောင်ဘက်သို့ကူးပြောင်းနေလေသည်။ ရှောင်ကျန့်အနေဖြင့် သူ့အားမယုံကြည်သည်မှာ ဝမ်ရိပေါ်အတွက် သိပ်တော့မထူးဆန်းပေ။ ချစ်ရသူအပေါ် သူကိုယ်တိုင်ပြုမူခဲ့သည့် အပြုအမူတွေကလည်း ယုံကြည်စရာတစ်ခုမှ မရှိခဲ့ဘူးမဟုတ်လား။ ဒီထက်ပိုပီး နားလည်မှုလွဲကာ ဝေးကွာရမည်ကိုစိုးရိမ်မိသဖြင့် ဖွင့်ဟဝန်ခံခဲ့သော်လည်း ရှောင်ကျန့်ထံမှ ယုံကြည်မှုကိုရရှိရန် အချိန်တစ်ခုယူရမည်ကို သေချာပေါက်သိသဖြင့်

Meet Point Of Parallel Lines Where stories live. Discover now