ZawGyi
ဒီနေ့ရုံးဆင်းချိန်တွင် လူကနုံးချည့်ချည့်ဖြစ်နေသည်ဟုခံစားမိသဖြင့် အိမ်မပြန်ခင် ကော်ဖီဆိုင်သို့ဝင်ကာ ကော်ဖီဝယ်ပီး ဆိုင်မှပြန်ထွက်ခါနီးတွင်
"ရှောင်ကျန့်မလား?"
နောက်ကျောဆီမှ မိန်းကလေးတစ်ယောက်က သူ၏အမည်ကိုခေါ်လိုက်သဖြင့် လှည့်ကြည့်မိသောအခါ
"ချိုယဉ်မေ?"
"ရှောင်ကျန့် ဟုတ်တာပဲ....ငါက လူမှားတယ်ထင်လို့"
သူ့အားတခုတ်တရ နှုတ်ဆက်နေသည့် ချိုယဉ်မေကြောင့် ရှောင်ကျန့်အနည်းငယ်တော့ ထူးဆန်းနေမိသည်။ အဘယ်ကြောင့်ဆိုသော် ချိုယဉ်မေနှင့် သူကကျောင်းတုန်းကလည်း ခင်မင်ရင်းနှီးမှုမရှိခဲ့ဘူးမဟုတ်လား...သို့ပေသိ သူ့အားလာပီးနှုတ်ဆက်နေသူတစ်ယောက်အား ရှောင်ကျန့်လည်း မသိချင်ယောင်မဆောင်နိုင်သဖြင့်
"ဟုတ်တယ် ကုမ္မဏီကအပြန် ကော်ဖီသောက်ချင်လာလို့ ဝင်ဝယ်တာ"
"အခုလိုတွေ့ရတာ ကောင်းလိုက်တာ...ဟိုနေ့က ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာတည်းက လာနှုတ်ဆက်မလို့ပဲ....နင်တို့က ကြာကြာမနေဘဲ ချက်ချင်းပြန်သွားလို့...ဟိုလေ...စိတ်မရှိဘူးဆိုရင် ဆယ်မိနစ်လောက် အချိန်ပေးနိုင်မလား?"
အနေအေးသည့် ချိုယဉ်မေဘက်မှ သူ့အားစကားတွေ အများကြီးစပြောနေသဖြင့် ရှောင်ကျန့်မှာ အနည်းငယ်ထူးဆန်းနေမိသော်ငြား
"အင်း...ရပါတယ်"
"အဲဒါဆို ကော်ဖီသောက်ရင်းပြောကြတာပေါ့"
"အင်း"
ဤသိုဖြင့် ကော်ဖီဆိုင်တွင်ထိုင်လိုက်ပီးသောအခါ
"အခုလို ရုတ်တရက်ကြီးလာခေါ်လို့ ထူးဆန်းနေမယ်မှန်းသိပါတယ်။ ဒါပေမဲ့ ငါကလည်း မဖြစ်မနေပြောချင်တာလေးရှိလို့ပါ...တခြားတော့ မဟုတ်ပါဘူး...ငါအခုလုပ်နေတဲ့ ပရဟိတအဖွဲ့အစည်းက ကလေးတွေအတွက် ရန်ပုံငွေရှာတဲ့အနေနဲ့ ပန်းချီပြပွဲလုပ်ဖို့ရှိလို့လေ...အဲဒါ ငါမှတ်မိသလောက်တော့ နင်ကကျောင်းတုန်းက ပန်းချီဆွဲတာ ဝါသနာပါခဲ့တော့ နင်ဆွဲထားတဲ့အထဲက ပန်းချီကားတစ်ကားလောက်ပဲဖြစ်ဖြစ် လှူပေးလို့မရဘူလားလို့ပါ...Wang Group CEO ရဲ့ ပန်းချီကားပါဝင်တယ်ဆိုရင် ငါတို့ပွဲကိုစိတ်ဝင်စားတဲ့သူတွေ ပိုများလာမှာမို့...ကျေးဇူးပြုပီး ကူညီပေးလို့မရဘူးလား?"
DU LIEST GERADE
Meet Point Of Parallel Lines
Fanfictionငယ်စဉ်ကတည်းက အရာရာတွင် အနိုင်မခံအရှုံးမပေးစွာ ပြိုင်ဆိုင်ခဲ့သော လူနှစ်ယောက်... မထင်မှတ်ဘဲ မိဘများက လက်ထပ်လိုက်ကြသောအခါ ညီအစ်ကိုတွေဖြစ်လာကာ တစ်အိမ်တည်း အတူတူနေဖြစ်လာသော်လည်း... ဆုံမှတ်မရှိတဲ့မျဉ်းပြိုင်တွေဟာ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ ဆုံလာ...
