ZawGyi
ဤသို့ဖြင့် အထက်တန်းသုံးနှစ်စလုံး၏အမှတ်တရဆိုးများကို ဝမ်ရိပေါ်နှင့်သာအတူဖြတ်သန်းခဲ့ရလေသည်။ ကျောင်းတက်စဉ်တစ်လျှောက်လုံးတွင်လည်း ကျောင်း၏နံပါတ်တစ်နေရာကို အပြိုင်အဆိုင်လုယူရန် အကြိတ်အနယ်ကြိုးပမ်းခဲ့ကြသော်လည်းနှစ်ယောက်စလုံးမှာ အမြဲပူးတွဲနှင့်သာကျေနပ်ခဲ့ရသည်။ အထက်တန်းပီးသောအခါတွင်တော့ ဤရေစက်ဆိုးမှလွတ်မြောက်ပီဟုထင်မှတ်ခဲ့သော်လည်း လက်တွေ့တွင်တော့ စိတ်ကူးနှင့်လွဲမှားစွာ သူ၏ဘဝက ဝမ်ရိပေါ်ဟူသည့်ချည်တိုင်တွင်သာ ထပ်မံကာရစ်ပတ်ရပြန်တော့သည်။ အထက်တန်းပီးလျှင် အိမ်ခွဲနေကာ တက္ကသိုလ်တက်မည့်သူ၏အကြံမှာ ဝမ်ရိပေါ်၏အဘိုးဖြစ်သူ ဥက္ကဋ္ဌကြီး၏စီစဉ်မှုဖြင့် သြစတေးလျတွင်သွားရောက်ကာ စီးပွားရေးဘွဲ့ကိုယူခိုင်းခဲ့သည့်အချိန်တွင် ပျက်ဆီးခဲ့ရလေတော့သည်။ သူ၏မူလရည်ရွယ်ချက်မှာလည်း နိုင်ငံခြားတွင်တက္ကသိုလ်တက်ရောက်ရန် ဖြစ်သော်လည်း ဝမ်ရိပေါ်နှင့်အတူတော့မဟုတ်ခဲ့ပေ။ ဥက္ကဌကြီးက နှစ်ယောက်စလုံးကိုအတူသွားတက်ခိုင်းခဲ့ကာ ဩစတေးလျတွင် ကွန်ဒိုဝယ်ပေးခဲ့ပီး နှစ်ယောက်အတူနေစေခဲ့သည်။ တက္ကသိုလ်အတူတက်ခဲ့သည့် တစ်လျှောက်လုံးတွင်တော့ စုပေါင်းကာအတူလုပ်ဆောင်ရသည်ကများပီး အမြဲလိုလိုသူနှင့်ဝမ်ရိပေါ်မှာ တစ်ဖွဲတည်းအတူကျတတ်သဖြင့် ထင်သလောက်မပြိုင်ဆိုင်နိုင်ခဲ့ပေ။ ဝမ်ရိပေါ်တစ်ယောက်ကတော့ တရုတ်ပြည်တွင်နာမည်ကြီးသည်သာမက ပြည်ပမှ နိုင်ငံခြားသူများကြားတွင်လည်း အလွန်ရေပန်းစားခဲ့ပြန်သည်။
တက္ကသိုလ်တွင်လည်းထူးချွန်ခဲ့သည့်သူ့ကိုတော့ ကျောင်းပီးသည်နှင့်ထိုနိုင်ငံရှိနာမည်ကြီးကုမ္မဏီတစ်ခုမှ ကမ်းလှမ်းလာခဲ့သည်။ ထိုကမ်းလှမ်းချက်မှာ သာမန်မျှမဟုတ်ဘဲ လုပ်သက်ရလာသည်နှင့်အမျှ အုပ်ချုပ်ရေးပိုင်းတွင်နေရာပေးမည်ဟုဆိုလာသဖြင့် သူလည်းအမှန်ပင်စိတ်ဝင်စားမိကာ ဩစတေးလျတွင်သာ အခြေချပီး တရုတ်သို့မပြန်တော့ရန်စဉ်းစားလိုက်တော့သည်။ ဝမ်ရိပေါ်ကိုတော့ Wang Group ၏ ဆက်ခံသူမှန်းသိသဖြင့် ကမ်းလှမ်းမှုမလုပ်ခဲ့ပုံရသည်။ သို့သော်လည်း ဘွဲ့မယူရသေးခင်ပင် ဥက္ကဋ္ဌကြီးကိုယ်တိုင်ရောက်လာသဖြင့်

YOU ARE READING
Meet Point Of Parallel Lines
Fanfictionငယ်စဉ်ကတည်းက အရာရာတွင် အနိုင်မခံအရှုံးမပေးစွာ ပြိုင်ဆိုင်ခဲ့သော လူနှစ်ယောက်... မထင်မှတ်ဘဲ မိဘများက လက်ထပ်လိုက်ကြသောအခါ ညီအစ်ကိုတွေဖြစ်လာကာ တစ်အိမ်တည်း အတူတူနေဖြစ်လာသော်လည်း... ဆုံမှတ်မရှိတဲ့မျဉ်းပြိုင်တွေဟာ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ ဆုံလာ...