Part 51

11.1K 1K 49
                                        

ZawGyi

အိပ်ယာဘေးတွင် ရှောင်ကျန့်ကိုမတွေ့တော့သဖြင့် ချက်ချင်းပင်ရေချိုးခန်းထဲတွင်သွားရှာတော့လည်းမရှိသောကြောင့် အောက်ထပ်သို့ဆင်းကာ တစ်အိမ်လုံးရှာကြည့်မိသည်။ နောက်ဆုံးဘယ်နေရာမှာမှ ရှာမတွေ့သဖြင့် ရှောင်ကျန့်ဖုန်း၏ တည်နေရာကိုကြည့်လိုက်သည့်အခါ အိမ်ထဲတွင်သာပြနေသောကြောင့် ကားတွင်တပ်ထားသည့် တည်နေရာပြစက်ကိုရှာကြည့်ပီးချက်ချင်းလိုက်သွားတော့သည်။ သို့ပေသိ ပူထူနေသည့်စိတ်အစဉ်ကြောင့် ရှောင်ကျန့်ကားရှိရာနေရာသို့ရောက်မှ သူသတိရလိုက်သည်က ဟိုနေ့ကကော်ဖီဆိုင်ရှေ့တွင်ရပ်ထားခဲ့သည့်ကားမှာ ယခုအချိန်အထိ ထိုနေရာတွင်ရပ်ထားသည့်အတိုင်းပင်ဖြစ်သည်။ ထိုအခါမှ ပိုမိုစိတ်ပူလာရသည့် ဝမ်ရိပေါ်မှာ ဝမ်အိမ်တော်တွင်သွားရှာသော်လည်း မတွေ့သလို ကုမ္ပဏီတွင်လည်း ရှောင်ကျန့်မှာရှိမနေပေ။ သူ့အနားမှ ထွက်ခွာသွားပီဖြစ်သော လူသားအား ဝမ်ရိပေါ်တစ်ယောက် ဘယ်နေရာတွင်လိုက်ရှာရမှန်းမသိစွာဖြင့် ကားစတီယာတိုင်အား ထုရိုက်ကာ

"ဒီလောက်...ဒီလောက် ဘေးနားမှာထားဖို့ အမျိုးမျိုးကြိုးစားခဲ့တာတောင် နောက်ဆုံးတော့ ထွက်သွားတာပဲလား...ကျေးဇူးပြုပီး ပြန်လာခဲ့ပါ..ရှောင်ကျန့် ငါ့ကိုတစ်ယောက်တည်းမထားခဲ့ပါနဲ့ ငါတောင်းပန်ပါတယ်။ အခုအချိန်အထိ ငါလုပ်ခဲ့တာတွေအားလုံးက ငါ့ကိုမင်းမထားခဲ့ဖို့လေ အဲဒါကြောင့် ပြန်လာခဲ့...ပြန်လာခဲ့လို့"

ကာစတီယာတိုင်ထက် မျက်နှာအပ်ကာငိုကြွေးနေမိသည့် ဝမ်ရိပေါ်က ဖခင်ဖြစ်သူအား မိခင်ကထားခဲ့သကဲ့သို့ ယခုလည်းသူ့အား ရှောင်ကျန့်ကထားရစ်ခဲ့ပီဟုသာ တစ်ထစ်ချယုံကြည်နေမိသည်။ ဝမ်အိမ်နှင့် ကုမ္မဏီမှ လွဲလျှင်ဘယ်မှသွားလေ့မရှိသည့် ရှောင်ကျန့်အား ဘယ်တွင်သွားရောက်ရှာဖွေရမည်မှန်း သူအမှန်ပင်မစဉ်းစားတတ်တော့ပေ။ ဒီရက်တွေအတွင်း သက်တော်စောင့်များဖြင့် စောင့်မကြည့်ခိုင်းခဲ့မိသည်ကိုသာ နောင်တရနေမိသည်။

"ဟင့်အင်း...ဘယ်ကိုပဲထွက်ပြေးထွက်ပြေး မင်းကိုငါ့အနားရောက်အောင်ပြန်ခေါ်ထားမှာ ရှောင်ကျန့်။ ကြိုက်တဲ့နေရာကိုပြေးထား...ငါ့လက်ထဲက မလွတ်စေရဘူး"

Meet Point Of Parallel Lines Where stories live. Discover now