Part 3

13K 1.3K 83
                                        

ZawGyi

မနေ့က တစ်နာရီလောက် အဘိုးရဲ့ဆုံးမစကားများကို နားထောင်လိုက်ရပီးနောက်တွင် လူကအဆင်မပြေတော့ပေ။ ပါတီဆိုတာလည်း ဘာဖြစ်သွားမှန်းကိုမသိ။ ကိစ္စအားလုံးပီးသောအခါ ရှောင်ကျန့်ကိုသူ့အခန်းမှာသွားရှာတော့ ကိုယ်တော်ချောကအမှန်ကို စိတ်အေးလက်အေးအိပ်နေပီဖြစ်သည်။ အခုသူရလိုက်တဲ့ စီမံကိန်းအတွက်ရှောင်ကျန့်က ဒီအတောအတွင်း နေ့နေ့ညညမအိပ်မနေအလုပ်လုပ်ခဲ့တာကို သိနေခဲ့သောကြောင့် နှိုးပီးပြဿနာမရှာချင်တော့သဖြင့် ယခုကိစ္စကိုအကြွေးအနေနဲ့သာမှတ်ထားလိုက်တော့သည်။ ဒီနေ့လည်း ကုမ္ပဏီသို့ မနက်ခပ်စောစောထွက်လာခဲ့ရသဖြင့် ရှောင်ကျန့်နဲ့ စာရင်းမရှင်းနိုင်သေး။ အမှန်တော့ အခုအချိန်ကစပီး သူလည်းအမှန်ပင်အလုပ်များတော့မည်ဖြစ်သဖြင့် လောလောဆယ် ရှောင်ကျန့်ကိုလှည့်ပင်ကြည့်နိုင်ဦးမည်မဟုတ်။ အလုပ်လုပ်နေတုန်း အခန်းထဲကို ယွီပင်း ဝင်လာပီး

"ရိပေါ် မနေ့က ဥက္ကဌကြီးကိုယ်တိုင် ပါတီကိုလာပီး ချီးမြှောက်သွားတယ်ဆို"

အားရဝမ်းသာဟန်ဖြင့်မေးလာသော ယွီပင်းကြောင့်စားပွဲပေါ်ရှိ စက္ကူဖိသောဖန်တုံးနှင့်လှမ်းပစ်ပေါက်သောအခါ အထာနပ်နေပီဖြစ်သောယွီပင်းက ခန္ဓာကိုယ်အားတစ်ဖက်သို့ တိမ်းကာရှောင်လိုက်လေသည်။ သူ့သူငယ်ချင်းအရင်း တစ်ဖြစ်လဲအတွင်းရေးမှူး ယွီပင်းက အမှန်တော့ ရှောင်ကျန့်ဘက်တော်သားဟုတောင်ပြော၍ရလောက်သည်။ ကျောင်းတုန်းကတည်းက ယွီပင်းကရှောင်ကျန့်ရော ရိပေါ်ရောနှင့်ပါ အရမ်းခင်မင်ခဲ့သည့်သူငယ်ချင်းဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်နှင့်မှ အဆင်မပြေသည့်ရိပေါ်ကြောင့်သာ ယွီပင်းက သူ့အတွင်းရေးမှူးလာလုပ်နေရခြင်းသာ...

"မင်းမဟုတ်လား? မင်း မနေ့က ရှောင်ကျန့်ကိုသွားပြောလိုက်တာမလား? ငါ့အစီအစဉ်တွေကို။ အဘိုးက ရှောင်ကျန့်နဲ့ ရှေ့ဆင့်နောက်ဆင့်ရောက်လာတာ သေချာပေါက်ကြိုသိနေလို့ပဲ"

"စွပ်စွပ်စွဲစွဲတွေ ဝမ်ရိပေါ်ရာ။ အိမ်မှာပါတီလုပ်တာကို မင်းကငါကိုတောင်ပေးသိလို့လား။ သိမှပြောလို့ရမှာပေါ့"

Meet Point Of Parallel Lines Where stories live. Discover now