ZawGyi
လေယာဉ်ပေါ်မှဆင်းလာကာ လူဝင်မှုကြီးကြပ်ဌာနကိုဖြတ်ကျော်လာပီးသောအခါတွင်တော့ အရှေ့မှဦးဆောင်၍လျှောက်သွားနေသည့် ဝမ်ရိပေါ်မှာအနောက်သို့ပြန်လှည့်ကြည့်မိရာ ခပ်လှမ်းလှမ်းတွင်ကျန်နေခဲ့သည့်ရှောင်ကျန့်ကြောင့် မျက်မှောင်တို့ကို အလိုမကျစွာစုကြုတ်ထားလိုက်မိပီး ရှောင်ကျန့်ရှိရာနေရာသို့ပြန်လျှောက်သွားလိုက်ကာ
"ခြေထောက် ဘာဖြစ်တာလဲ?"
"ဟို....ဖိနပ်ပေါက်တာ"
အရှေ့တွင်သွားနေသည့် ဝမ်ရိပေါ်က သူ့ထံသို့ပြန်လာကာ မေးနေသာကြောင့် ရှောင်ကျန့်လည်း အမှန်အတိုင်းဝန်ခံမိတော့လေသည်။ ပေကျင်းလေဆိပ်မှာကတည်းက စီးလာသည့်ဖိနပ်က ဒုက္ခပေးနေသဖြင့် လမ်းသေချာမလျှောက်နိုင်ဖြစ်နေခဲ့ရခြင်းသာ။
"ကျစ်! အဲ့ဒါပေါ့ ခရီးသွားတာကို ပေါ့ပေါ့ပါးပါး ဖိနပ်စီးမလာဘဲ ရုံးတက်တဲ့ ရှုးဖိနပ်မျိုးနဲ့လာမှတော့ ဖြစ်ပီပေါ့"
စိတ်အလိုမကျဟန်ဖြင့် သူ့အားပြောနေသည့်ဝမ်ရိပေါ်အား
"ဟ! ငါတို့က အလုပ်ကိစ္စနဲ့လာတာလေ။ အပျော်ခရီးထွက်လာတာမှမဟုတ်တာ။ အလုပ်ထဲမှာစီးရမဲ့ဟာပဲ တစ်ခါတည်းစီးလာတာပေါ့။ တစ်ပတ်လောက်ပဲနေမှာကို ဖိနပ်ဘယ်နှရံသယ်လာရမှာလဲ"
"အဲ့ဒီမှာထိုင်ပီးစောင့်နေ"
လေဆိပ်အတွင်းရှိထိုင်ခုံတစ်နေရာတွင် သူ့အားထိုင်ခိုင်းနေသဖြင့်
"ဘာလုပ်မလို့လဲ"
"ထိုင်ဆိုထိုင်နေ ပြန်လာခဲ့မယ်"
သူ့အားထိုင်ခိုင်းထားပီး ဘယ်ထွက်သွားမှန်းမသိသည့် ဝမ်ရိပေါ်က နာရီဝက်ခန့်အကြာတွင်ပြန်ရောက်လာပီး
"ရော့ အဲ့ဒီဟာစီးလိုက်"
ကမ်းပေးလာသည့်အိတ်ကို ယူကြည့်လိုက်သောအခါတွေ့လိုက်ရသည်က ပေါ့ပေါ့ပါးပါး walking shoe တစ်ရံ။ သို့သော်ငြား အရာင်မှာ ပန်းရောင်ဖြစ်နေသောကြောင့်
"ဘာဖြစ်လို့ပန်းရောင်ကြီးလဲ"
"လှလို့"
YOU ARE READING
Meet Point Of Parallel Lines
Fanfictionငယ်စဉ်ကတည်းက အရာရာတွင် အနိုင်မခံအရှုံးမပေးစွာ ပြိုင်ဆိုင်ခဲ့သော လူနှစ်ယောက်... မထင်မှတ်ဘဲ မိဘများက လက်ထပ်လိုက်ကြသောအခါ ညီအစ်ကိုတွေဖြစ်လာကာ တစ်အိမ်တည်း အတူတူနေဖြစ်လာသော်လည်း... ဆုံမှတ်မရှိတဲ့မျဉ်းပြိုင်တွေဟာ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ ဆုံလာ...