Part 21

10.9K 1K 131
                                        

ZawGyi

"ဟန်ရှင်းကောနဲ့ ကျွန်တော် လက်ထပ်တော့မလို့"

ရှောင်ကျန့်၏စကားဆုံးသည်နှင့် ဥက္ကဌကြီး၏မျက်လုံးအစုံမှလွဲလျှင် ကျန်သည့်သူများအားလုံး၏ အကြည့်မျာသည်း ရှောင်ကျန့်ထံတွင်သာမြဲမြံနေကြသည်။ ယွီရှင်းလန်မှာတော့ မယုံကြည်နိုင်သောမျက်ဝန်းများဖြင့် သူမသားနာမည်ကိုသာရေရွတ်လိုက်မိသည်။

"ကျန့်အာ!"

"ဟုတ်တယ် မား.....အဲဒါကြောင့် အားလုံးနဲ့မိတ်ဆက်ပေးထားချင်လို့ ဒီနေ့ခေါ်လာခဲ့တာ"

"ကျန့်အာ ဒီကိစ္စက လွယ်လွယ်ဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ဘူး။ ဒါဘဝတစ်ခုလုံးနဲ့ဆိုင်တဲ့ကိစ္စ.....နောက်ပီး သားတို့နှစ်ယောက်လုံးကယောက်ျားလေးတွေလေ ဘယ်လိုလုပ်ပီး လက်ထပ်မယ်ပြောနေရတာလဲ"

"မား ကျွန်တော် လွယ်လွယ်ဆုံးဖြတ်ခဲ့တာမဟုတ်ပါဘူး။ သေချာစဉ်းစားပီးမှ ရွေးချယ်ခဲ့တာပါ။ နောက်ပီး အခုခေတ်မှာ ယောက်ျားလေးချင်း လက်ထပ်တာက ပြဿနာမရှိတော့ပါဘူး"

"သားတို့ချင်းသိတာမကြာသေးဘူးဆို? အဲဒါကိုအခုချက်ချင်းလက်ထပ်တော့မယ်ဆိုတော့ လွယ်လွယ်လေး သတ်မှတ်တာမဟုတ်ရင်ဘာလဲ?"

"မား....ကော နဲ့ ကျွန်တော်တွေ့တာမကြာသေးပေမဲ့ ဒီထက်ပိုပီး အချိန်ယူရင်လည်း ရလဒ်ကအတူတူပဲဆိုတာသေချာတယ်။ နောက်ပီး ချက်ချင်းကြီးလက်ထပ်မှာမဟုတ်ပါဘူး။ နောက်သုံးလလောက်နေမှ လက်ထပ်ပွဲကိုလုပ်မှာပါ။ အခုက ကျွန်တော်လုံးဝမအားသေးလို့"

"ဒါပေမဲ့ ကျန့်အာ.."

"မား ကျွန်တော် ဆုံးဖြတ်ပီးသားကို ပြင်မှာမဟုတ်ဘူး။ မားတုန်းကလည်း ကျွန်တော် မကန့်ကွက်ခဲ့သလို ကျွန်တော်တို့ကိုလည်း လက်ခံပေးစေချင်ပါတယ်"

"မားကို အချိန်ပေးပါဦး။ သေချာစဉ်းစားပါရစေ"

"ဟုတ်ကဲ့ပါ မား"

သူမစကားမဆုံးသေးခင် ဖြတ်ပြောလာတဲ့ သူမသားကြောင့် ယွီရှင်းလန်လည်း ဘာဆက်ပြောရမလဲ မသိတော့ပေ။ နောက်ပီး အခုလိုလူစုံနေတုန်းအချိန်ထက် နှစ်ယောက်တည်းရှိသည့်အချိန်ကျမှသာ ထပ်ပြောရန်စဉ်းစားလိုက်တော့သည်။ သူမအတင်းငြင်းနေလျှင် တစ်ဖက်လူကိုလည်း အားနာစရာကောင်းသည်မဟုတ်လား။ ယွီရှင်းလန်နှင့် ရှောင်ကျန့်တို့၏ စကားဆုံးသွားသည့်အခါမှသာ ဥက္ကဌကြီးက

Meet Point Of Parallel Lines Where stories live. Discover now