Snoypsis

28.7K 1.1K 47
                                    

-Unicode-

ကြုံတောင့်ကြုံခဲဖြစ်ရပ်ဆန်းတစ်ခုကြောင့် စုန့်ချီသည် မိစ္ဆာဘုရင်၏သွေးကို မှားယွင်းစွာ သောက်သုံးမိခဲ့သည်။ ထို့ကြောင့် သူသည်လည်း မိစ္ဆာအဖြစ်သို့ အသွင်ပြောင်းခဲ့ရသည်။ အင်အားချိနဲ့သော ကျင့်ကြံသူလေးသည် ရေငုံနှုတ်ပိတ်နေဖို့သာ တတ်နိုင်ခဲ့သည်။

ထို့ထက် ပို၍စိတ်ဆင်းရဲဖွယ်ရာ ကိစ္စရပ်မှာ စုန့်ချီရောက်လေရာအရပ်တွင် အလျိုလျိုထွက်လာသော မိစ္ဆာများ၏ တိုက်ခိုက်ခြင်းကိုခံရပြီး ထိုအကောင်များသည် သူ့သွေးကို တောင့်တမှုဖြင့် အော်ဟစ်သောင်းကျန်းကြသည်၊ သို့မဟုတ် သူ၏ လည်ဂုတ်ကို ဖျစ်ညစ်ကြကာ မိစ္ဆာဘုရင်နှင့် စုန့်ချီ၏ ပက်သက်နှီးနွှယ်မှုကိုလည်း စစ်မေးတတ်ကြသေးသည်။

ဤသို့ဖြင့် စုန့်ချီသည် မိစ္ဆာဘုရင်ကို လုံးလုံးလျားလျား ဆန့်ကျင်မုန်းတီးသူတစ်ယောက်ပင်ဖြစ်တော့သည်။ ချီးမွမ်းထောပနာပြုသူများကို အကြွင်းမဲ့သောက်ဂရုမစိုက်ဘဲ သူသည် လောကနံပါတ်တစ် တိုက်ခိုက်ဆန့်ကျင်မည့်သူဖြစ်၏။

စုန်ချီသည် ဘဝတစ်လျှောက်လုံး 'မိစ္ဆာနယ်မြေတံခါးရှင်' အား လိုက်လံရှာဖွေရင်းဖြင့် ကုန်ဆုံးပြေးလွှားခဲ့သည်။ လမ်းတစ်လျှောက်တွင် အင်အားကြီးပုဂ္ဂိုလ်တစ်ယောက်၏ ခြေတော်ရင်း၌ကပ်တွယ်ကာ ထိုသူ့အား သူနှင့်အတူ မိစ္ဆာဘုရင်အား သတ်ဖြတ်ပြီး ကမ္ဘာမြေလောကအား မကောင်းဆိုးဝါးရန်မှကာကွယ်ကာ ငြိမ်းချမ်းခြင်းများဆောင်ကျဉ်းကြမည်ဟု အပတ်တကုတ်ကြိုးစားအားထုတ်ကာ ဖြောင်းဖျခဲ့သည်။

စုန့်ချီ , "ကျုပ်အနှေးနဲ့အမြန် မိစ္ဆာဘုရင်ကို အရေခွံဆုတ်ပစ်မယ်..သူ့အသွေးအသားတွေကို သောက်သုံးပြီး အသားစိုင်တွေကို ဆုတ်ဖြဲပြမယ်!"

ရုန်ပိုင်သည်ကား ပြုံးလျက်, "မင်းရဲ့ အမြော်အမြင်တွေက အထင်ကြီးလေးစားလောက်ပါပေတယ်"

သို့သော်......
မည်သူကများသိခဲ့မည်နည်း? မိစ္ဆာနယ်မြေဆီသို့ ဝင်ရောက်လာသည့်အချိန်တွင်.......

ရာချီထောင်ချီ များပြားလှစွာသော မိစ္ဆာကောင်များ အုန်းအုန်းကျွက်ကျွက်ရောက်ရှိလာကြပြီး သူ့ဘေးမှပုဂ္ဂိုလ်အား ခေါင်းငုံကာ အရိုအသေပေးကြသည်။ ထိုပုဂ္ဂိုလ်၏ ခြေထောက်အောက်တွင် ဝပ်တွားခယကြပြီး ကျယ်လောင်စွာ ကောင်းချီးပေးဟစ်ကြွေးကြသည်။

FOX DEMON CULTIVATION MANUALWhere stories live. Discover now