၀၆၈

1.4K 320 5
                                    

ချန်ချုး၏နောက်ဆုံးထွက်သက်ကို ကူညီရာမဲ့စွာသာ ကြည့်နေနိုင်ခဲ့သည့် ကျူးယီရှုသည် နာနာကျင်ကျင် ရုန်းကန်ငိုယိုရင်း မူးလဲသွားတော့သည်။

စုန့်ချီသည် ချန်ချူး၏မျက်လုံးများကို မှိတ်ပေးလိုက်ပြီး မြေပြင်ပေါ်သို့ အသာအယာချပေးလိုက်သည်။ ထို့နောက် ဝတ်ရုံလက်ကိုများကို ခေါက်တင်ကာ သူ၏ဖြူလျသောလက်ဆယ်ချောင်းဖြင့် ကျင်းတစ်ကျင်းကိုစတင်တူးတော့သည်။

သူသည် ချန်ချူးအားမြှုပ်နှံပေးလိုခြင်းဖြစ်၏။ မည်သို့ပင်ဖြစ်စေ သူသည် သူ့ခန္ဓာကိုယ်ကို တောနက်ကြီးထဲ၌ သည်အတိုင်းပစ်မထားနိုင်ခဲ့ပါ။

ဖုန်းကျော့ကျွင်းက သက်ပြင်းရှည်ကြီးချသည်။

" မင်း အခုလိုဖြစ်မှာစိုးလို့ မင်းသူ့နာမည်ကို မေးတုန်းက ငါမပြောပြခဲ့တာ၊ ဒါပေမဲ့ နောက်တော့လဲ မင်းသိတာပဲလေ ဟုတ်တယ်မလား? သူ ကောင်းကောင်းရှင်သန်နေတယ် "

"ကျွန်တော်သိပါတယ် "

စုန့်ချီက မတုန်မလှုပ်သောအသံဖြင့် ပြောသည်။

"ကျွန်တော် ဝမ်းမနည်းပါဘူး၊ သူတို့တွေ သူ့ကို အန္တရာယ်ပြုတိုက်ခိုက်နေကြတုန်းက ကျွန်တော်က သူ့အရှေ့မှာ ရပ်တည်ပေးဖို့ သတ္တိမရှိခဲ့လို့ပါ.........."

မျက်ရည်တစ်စက်ဟာ သူ့မျက်ဝန်းအိမ်ထဲမှ မြေပြင်ပေါ်သို့ ပေါက်ခနဲကျလာသည်။ ထို့နောက်တွင်တော့ မျက်ရည်ကြည်များက ပုလဲလုံးများပမာ တစ်ပေါက်ပြီးတစ်ပေါက် စီးကျလာသည်။ အချို့သောမျက်ရည်စက်များက သူ့လက်ခုံပေါ်သို့ပင် လာရောက်တင်ကျန်သည်။

သူသည် နာကျင်မှုကိုမခံစားရသကဲ့သို့ လက်ချည်းသက်သက်ဖြင့် ကျင်းကိုဆက်လက်တူးထုတ်နေဆဲ။ သူဟာ ပြိုလဲနေသူတစ်ယောက်ပမာ လှုပ်ရှားမှုများက ဟန်ချက်မညီ ဖရိုဖရဲဖြစ်လျက်။

" သူက လူကောင်းလေးဆိုတာ ကျွန်တော်သိပါတယ်၊ သူအခုလိုဖြစ်ရတာက အသက်တစ်ချောင်းကိုကယ်လိုက်ရလို့မှန်းလဲ ကျွန်တော်သိပါတယ်၊ ဒဏ်ရာအပြင်းအထန်ရနေတဲ့ ကျူးယီရှုတောင်မှ သူတို့ကို အပြေးအလွှားသွားပြီး တားခဲ့သေးတာ၊ ဒါပေမဲ့ ကျွန်တော်ကတော့ ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး.........."

FOX DEMON CULTIVATION MANUALWhere stories live. Discover now