၀၀၉

2K 461 15
                                    

မိစ္ဆာမြို့တော်ကိုဝင်ရောက်၍ မိစ္ဆာဘုရင်အား ချေမှုန်းမည့်အရှင်သခင်
.......

လူသွားလူလာ ကျဲပါးနေသော လမ်းသွယ်လေးတွင် ဖုန်နှင့်အမှိုက်သရိုက်များကင်းရှင်းနေသည်။ စုန့်ချီသည် ရုန်ပိုင်၏ပုံရိပ်လေးကို တစ်ချက်မျှဝေ့ကြည့်လိုက်ရုံဖြင့် မြန်မြန်ဆန်ဆန်ပဲ ဖမ်းမိသွားသည်။

သူဟာ ခြေလှမ်းခပ်သွက်သွက်လျှောက်သွားပြီး ရုန်ပိုင်ကို မှီလာသည့်အချိန်တွင်တော့ နောက်မှခပ်ဖြည်းဖြည်းလေးလိုက်လာသည်။
စုန့်ချီသည် နှစ်လိုဖွယ်ကောင်းအောင်ပြုံးပြလိုက်ပြီး ရုန်ပိုင်ဆီမှ မျက်သာရအောင်အစွမ်းကုန်ကြိုးပမ်းနေ၏။

" အကြီးအကဲရုန် , ခုနတုန်းက ကူညီတဲ့အတွက်ကျေးဇူးတင်ပါတယ် "

ရုန်ပိုင်က စိတ်ထဲမထားဟန်ဖြင့် ပြန်ဖြေလာသည်။

" ရပါတယ်..ငါမင်းကို ကူညီပေးခဲ့တာမျိုးမဟုတ်ပါဘူး..အဲ့ဒီအကောင်ပေါက်စက.ငါ့လမ်းမှာ လာပိတ်နေလို့ ဖယ်ရှားလိုက်ရုံတင်ပါ "

ရုန်ပိုင်၏ စကားကိုကြားသောအခါ စုန့်ချီဆွဲခေါ်လာခဲ့သည့်ဝံပုလွေပေါက်လေးက နှစ်ကြိမ်မျှတအီအီညည်းညူလိုက်သည်။ သူ့ခြေချောင်းလေး လေးချောင်းဖြင့် မြေပြင်ကိုကုတ်တွယ်ထားပြီး မနှစ်သက်ဟန်ပြသည်။

စုန့်ချီသည် ရုန်ပိုင်၏အဖြေစကားတစ်ဝက်ခန့်ကို ပြောင်ပြောင်တင်းတင်းပင် မသိကျေးကျွန်ပြုလိုက်သည်။ သူဟာ အရေထူထူနှင့် ရုန်ပိုင်အား အဆုံးထိ တောက်တဲ့တစ်ကောင်လိုကပ်တွယ်ထားဖို့ စိတ်ပိုင်းဖြတ်ပြီးသားဖြစ်သောကြောင့် ဗြောင်ကျကျပဲ မေးလိုက်၏။

" သခင်ရုန်က ဘယ်ကိုသွားနေတာလဲ ? "

" ယွီရှစ်တောင်ထွဋ်.မော့ယောင်ကျင့်ကြံရေးဂိုဏ်း "

ရုန်ပိုင်က ပြန်ဖြေလာ၏။

" တိုက်ဆိုင်လိုက်တာ ကျွန်တော်တို့တွေ သွားမယ့်နေရာတူကြတာပဲ ! "

FOX DEMON CULTIVATION MANUALWhere stories live. Discover now