၀၀၅

2.6K 497 10
                                    

များပြားလှတဲ့မိစ္ဆာအပေါင်းကို အကြည့်လေးတစ်ချက်သာ စွန့်ကြဲပြီး ထွက်ခွာသွားလေသတဲ့

ညလေသည် အေးစိမ့်နေ၏။ ကောင်းကင်ယံတွင် တောက်ပစွာအရောင်ဖြာနေသည့် သော်တာလသည် ငွေရည်ဆမ်းသောအလင်းရောင်ဖြင့် မြေပြင်တစ်ခွင် ပက်ဖြန်းပေးနေလေ၏။

စုန့်ချီသည် လဲ့ယွီမြို့အဝင်ဝတွင်ရပ်နေပြီး သူ့အရှေ့ရှိ ထူပိန်းနေသောမြူခိုးများကို ကြည့်နေသည်။ ဤမြူခိုးများကား မကောင်းဆိုးဝါး အငွေ့အသက်များဖြင့် ပြည့်နှက်နေပေ၏။

စုန့်ချီသည် သူ၏အသက်ကယ် ဓားကောက်ရှည်ကို မြဲမြံစွာကိုင်ဆောင်ပြီး လဲ့ယွီမြို့ထဲသို့ ဝင်ခဲ့တော့သည်။

ထိုအခိုက်အတန့်တွင် မကောင်းဆိုးဝါးအငွေ့အသက်များသည် အုံကြွလာကာ လေထဲသို့ ပျံ့နှံ့စပြုလာသည်။ ပတ်ဝန်းကျင်တစ်ခွင်ဟာလည်း လေတိုက်သံတိုးသဲ့သဲ့ပင် မကြားရသည်အထိ တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။

စုန့်ချီသည် လမ်းမကြီးအတိုင်းဆက်လျှောက်လာသည်။ မကြာလိုက်ခင်ပင် အောက်ကိုခေါင်းညွှတ်နေလျက် မြေကြီးပေါ်ဒူးထောက်ကာ လက်နောက်ပြန်ကြိုးတုပ်ခံထားရသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။

သူသည် ထိုလူအနားသို့ ချဉ်းကပ်သွားလိုက်ပြီး ခပ်တိုးတိုးခေါ်လိုက်၏။

" ဟူချီ "

သူ့အရှေ့မှလူက ခေါင်းမော့လာပြီး နီရဲနေသောမျက်လုံးများဖြင့် စုန့်ချီကိုကြည့်လာ၏။ သူ့ပါးစပ်က အဝတ်စဖြင့် အဆို့ခံထားရသည်။ ထိုလူဟာ တစ်ခုခုမေးလိုသဖွယ် ဝူးဝူးဝါးဝါးငိုညည်းလာသည်။

ဤလူကား ဟုချီပင်။

စုန့်ချီက ခပ်ထေ့ထေ့ပြုံးလိုက်သည်။

" ဘာတွေငိုနေတာလဲ၊ ဒါက ခင်ဗျားတင်နေခဲ့တဲ့ အကြွေးတွေပဲလေ။ အခု အကြွေးရှင်က ဒီမှာရောက်နေပြီ။ ခင်ဗျားအကြွေးပြန်ဆပ်ဖို့ အချိန်ကျပြီ"

ဟူချီက မျက်လုံးများကို ဖိပိတ်လျက် ခေါင်းကိုခါရမ်းလိုက်ရာ မျက်ရည်များက တသွင်သွင်စီးကျလာသည်။ သူ့ပုံစံက တကယ့်ကို သနားစဖွယ်ကောင်းနေပါသော်လည်း စုန့်ချီမှာမူ သနားစိတ်အလျဉ်းမဖြစ်မိ။

FOX DEMON CULTIVATION MANUALWhere stories live. Discover now