၀၀၈

2.5K 499 20
                                    

အပိုင်း၈


ဖုန်းချန်းယွဲ့၏သမီးအငယ်ဆုံးလေးသည် ခရီးမှ နေအိမ်သို့ ပြန်ရောက်လာသည့်နေ့မှစ၍ အပြုအမူများက ပုံမှန်နှင့်မတူ ပျက်ယွင်းနေခဲ့သည်။ 

သူမဟာ ယခင်က ဖျတ်လတ်တက်ကြွသည့် မိန်းမငယ်လေးဖြစ်ခဲ့သော်လည်း ယခုမူ တစ်နေ့လုံး အခန်းကိုအမှောင်ချ၍ သော့ခတ်ပြီးသာနေလေသည်။ အခြားလူများနှင့် စကားပြောဆိုလျှင်လည်း အေးတိအေးစက်မျက်နှာပေးမျိုးသာ တပ်ဆင်ထားတတ်သည်။ 

ဖုန်းချန်းယွဲ့မှာ ဤသမီးအငယ်ဆုံးလေးကို အချစ်ဆုံးဖြစ်ရာ သူမ၏ယခုလိုပုံကြောင့် အလွန့်ကိုစိတ်သောကရောက်လျက်ရှိသည်။ သူသည် တောက်ဓမ္မရဟန်းများကိုပင့်၍ သူမဘာများ ချွတ်ယွင်းနေသည်လဲဟု စစ်ဆေးစေသည်။ သို့သော် ရဟန်းများက မည်မျှပင် ရိုးရာနည်းနှင့်ကုသပြီး ဆေးများတိုက်ကျွေးသော်လည်း ဘာမှထူးခြားမလာပေ။ သူမကလည်း ပေးသမျှဆေးတိုင်းကိုသောက်သည်ချည်းသာ။

ယနေ့ညတွင် ဖုန်းချန်းယွဲ့သည် ပူပန်သောကများစွာဖြင့် ညသန်းခေါင်လောက်မှ အိပ်ရာဝင်ဖြစ်ခဲ့သည်။ သူ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားချိန်၌ တိုးညင်းသောအသံတစ်ခုကြောင့် ဆတ်ခနဲလန့်နိုးလာရသည်။ သူသည် အသံလားရာသို့ကြည့်လိုက်သောအခါ နံရံနှင့်တံခါးကြားတွင် အနည်းငယ်မျှ ပွင့်ဟနေသည်ကို တွေ့လိုက်ရသည်။

ဤတံခါးက လေတိုက်လို့ ဟသွားတာများဖြစ်လေမလား။

သူ  အိပ်ရာပေါ်မှထလိုက်ပြီး ကိုယ်ပေါ်ကိုအဝတ်များလွှားခြုံလိုက်ကာ အမှောင်ထဲတွင် စမ်းတဝါးဝါးနှင့် တံခါးပေါက်ကို ထပိတ်ရန်ပြင်လိုက်သည်။ သို့သော် သူလှည့်လိုက်ရုံရှိသေး ဓားတစ်ချောင်းက လေကိုခွင်း၍ သူ့ထံသို့ထိုးစိုက်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ဖုန်းချန်းယွဲ့မှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပြီး ငယ်သံပင်အောင် အော်လိုက်သည်။ သူ့ကိုလုပ်ကြံလာသူမှာတော့ အေးစက်စက်မျက်နှာနှင့် သူ့သမီးငယ်လေးဖြစ်နေကြောင်းကို မှိန်ဖျော့ဖျော့လရောင်အကူဖြင့် မြင်လိုက်ရလေသည်။ 

FOX DEMON CULTIVATION MANUALWhere stories live. Discover now