၀၇၆

1.6K 369 16
                                    

စုန့်ချီ ကြက်သေသေသွားသည်။

ရုန်ပိုင်က သူ့အား တင်းကြပ်နေအောင်ဖက်ထားသဖြင့် သူ့ဒဏ်ရာများကို ဆုတ်ဖြဲပစ်သလိုဖြစ်နေ၏ ၊ သို့သော်လည်း စုန့်ချီမှာမရုန်းရဲပေ။ သူ လက်များကို ဖြည်းညင်းစွာမြှောက်လိုက်ပြီး ရုန်ပိုင်၏ကျောကုန်းလေးကို အသာအယာပုတ်ပေးလိုက်ကာ နူးညံ့ငြင်သာသောအသံဖြင့် မေးလိုက်၏။

" ကျွန်တော် လမ်းလျှောက်ထွက်သွားရုံတင်ပါ၊ ဘာပြဿနာဖြစ်လို့လဲ "

" ဒီမှာပဲ နေနေမယ်လို့ မင်းပြောခဲ့ပြီးတော့....."

ရုန်ပိုင်က တီးတိုးညည်းသည်။

" မင်း ထွက်သွားလိုက်ပြီလို့ ကိုယ်ထင်သွားတာ "

စုန့်ချီ အနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ သူ ပြုံးကာပြောလိုက်သည်။

" ကျွန်တော် သွားမယ်ဆိုရင် ခင်ဗျားကိုသေချာပေါက် ကြိုတင်အသိပေးခဲ့မှာပါ ၊ မစိုးရိမ်ပါနဲ့ "

ရုန်ပိုင်ဟာ သူ့အား အဘယ်ကြောင့် အလွန်အမင်းတန်ဖိုးထားနေသည်လည်း သူနားမလည်နိုင်ပေ။ သူဟာ စစ်ဟွမ်းတောင်တွင် ရုတ်တရက်ပေါ်လာခဲ့သည့် သာမညောင်ညမိစ္ဆာလေးတစ်ကောင်သာမဟုတ်ပါလား ။

သို့ပေမည့် သူ့အပေါ် ရုန်ပိုင်၏တွယ်တာမှုက အလွန်အမင်းကိုသိသာထင်ရှားလွန်းပါ၏။

သူဟာ ခဏတစ်ဖြုတ်လေးသာပျောက်သွားခဲ့ခြင်းဖြစ်သော်လည်း ရုန်ပိုင်မှာမူ ဤကဲ့သို့ဆောက်တည်ရာမရသည်အထိ ပုံပန်းပျက်နေခဲ့လေသည်။ ယင်းက စုန့်ချီအား ဝေခွဲရခက်စေသည်။

ရုန်ပိုင်၏ဝင်သက်ထွက်သက်လေများက သူ့နားရွက်အနားတွင် ကျီစယ်နေသည်။ နေရခက်စေသော လေပူငွေ့များကြောင့် စုန့်ချီ ခေါင်းကိုတစ်ဖက်သို့စောင်းလိုက်သည်။ သူ လှုပ်ရှားမှုပြုလိုက်သည်နှင့် ရုန်ပိုင်၏လက်များက လျှောဆင်းလာပြီး သူ့ပုံခုံးကို အားပါပါပွေ့ဖက်လိုက်ရာ စုန့်ချီမှာ ခပ်တိုးတိုးညည်းလိုက်ရသည်။

" နာလို့လား "

ရုန်ပိုင်က လက်များကိုလွှတ်ပေးလိုက်ပြီး မျက်လွှာချကာ သူ့အားစိုက်ကြည့်လာသည်။ ထို့နောက်တွင် သူက စုန့်ချီ၏လက်ကောက်ဝတ်ကို ထွေးဆုပ်လျက် နန်းတော်ဆောင်ထဲသို့ ဆွဲခေါ်သွားတော့၏။

FOX DEMON CULTIVATION MANUALWhere stories live. Discover now