၀၈၇

1K 252 42
                                    

အကြင်သူသည် ရောက်ရှိလာခဲ့စဉ်ကအတိုင်း ရုတ်ခြည်းဆန်စွာ လျှို့ဝှက်ဆန်းကြယ်လှစွာ

.............

" အဲဒါဘယ်သူလဲ "

" မျက်နှာစိမ်းပဲ။ အရင်က သူ့ကို တစ်ခါမှမတွေ့ဖူးဘူး..."

" ထုရှန်းနဲ့ကျူးမျိုးနွယ်ရဲ့မင်္ဂလာပွဲကို မဖိတ်ဘဲဝင်လာရဲတဲ့အထိ အတော်ကိုအတင့်ရဲလှပါရဲ့ "

အဲဒါဘယ်သူလဲ?

လူပေါင်းမြောက်မြားစွာက တူညီသောမေးခွန်းကို ကျွတ်စီကျွတ်စီ မေးမြန်းနေကြသည်။ မည်သူမှ စုန့်ချီကို မသိကြပါချေ။ သူသည်ကား ရုန်ပိုင်နှင့်ဆုံစည်းခဲ့ရာ အခြားခေတ်ကာလတစ်ခုမှ လူတစ်ယောက်ဖြစ်၏။ ထို့နောက် အထက်မိုးကောင်းကင်မှ ဗြုန်းစားကြီး ပေါ်ပေါက်လာသူတစ်ဦးပမာ ရုန်ပိုင်၏အတိတ်သို့ ခရီးနှင်ခဲ့သည်။ ရုန်ပိုင်တောင်မှ သူ မည်သည့်နေရာမှလာခဲ့သနည်း၊ သူ၏ရည်ရွယ်ချက်က ဘာနည်းဆိုသည်ကို မသိရှိခဲ့ပါချေ။

သို့တိုင်အောင် သူသည် ရုန်ပိုင်၏ရှေ့တွင် မြဲမြံစွာရပ်တည်ပြီး ထက်မြသောဓားရှည်ကို ဆွဲထုတ်ကာ ထုရှန်းပိအား ခက်ထန်စွာ ပြောဆိုနေခဲ့သည်။

သူ့ဘက်တွင် ရပ်တည်ပေးခဲ့ဖူးသည့် နောက်ဆုံးလူမှာလည်း အနှီသစ်ပင်တွင် သံလုံးနှင့်စိုက်ခံရပြီး သေဆုံးသွားခဲ့သည်မှာကြာခဲ့လေပြီ။ ရုန်ပိုင်အနေနှင့် သူမကို နှလုံးသားထဲတွင် ဖုံးဝှက်ထားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်၏။

ထိုတစ်ခဏတွင် ရုန်ပိုင်မှာ ထိတ်ပျာသွားရသည်။ သူက လက်မြှောက်လျက် စုန့်ချီ၏လက်ကောက်ဝတ်ကို လှမ်းကိုင်လိုက်သည်။

" မင်းက ဘယ်လိုလုပ်ဒီရောက်နေတာလဲ "

စုန့်ချီကလည်း သူ့ကို လက်နောက်ပြန်၊ ပြန်လည်ဆုပ်ကိုင်လိုက်ပြီး ရုန်ပိုင်၏လက်ကလေးကို ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် သူနှင့် မျက်လုံးချင်းဆုံအောင်ကြည့်လိုက်ပြီး နောက်ပြောင်ကျီစယ်သည့်အပြုံးလေး ပြုံးပြလိုက်သည်။

" တကယ်လို့ ကျွန်တော်သာရောက်မလာခဲ့ရင် တခြားလူနဲ့ ခင်ဗျားလက်ထပ်သွားမှာကို ဒီအတိုင်းပဲ ထိုင်ကြည့်နေရတော့မှာလား "

FOX DEMON CULTIVATION MANUALWhere stories live. Discover now