၀၂၀

1.5K 382 0
                                    

စုန့်ချီ သူ့အရှေ့ကလူကို ပြတ်သားစွာမြင်လိုက်ရမှ သက်ပြင်းချလိုက်မိသည်

.......

စုန့်ချီ တစ်ခဏမျှ အေးခဲသွားရသည်။ သို့သော် ဝမ်ချန်ချူး၏စကားမှာ ထင်ကြေးသက်သက်သာ ဖြစ်သောကြောင့် ခေါင်းထဲမှချက်ချင်းထုတ်ပယ်လိုက်သည်။
သူဟာ ခိုင်မာပြတ်သားစွာဖြင့် ခေါင်းရမ်းပြလိုက်သည်။

"မဖြစ်နိုင်ဘူး "

"ငါ ဘာမှတောင်မပြောရသေးဘူးလေ "

စုန့်ချီက အသေအချာကိုငြင်းဆိုနေသည်ကို မြင်သော် ဝမ်ချန်ချူးမှာ မနေနိုင်တော့ဘဲ ပွစိပွစိရေရွတ်လိုက်သည်။

"အပြုစားခံရပြီး ရူးများသွားတာလား ? "

"မင်းဘာကို ပြောချင်တာမှန်း ငါသိတယ်..
မင်းက သခင်ရုန်ကို မိစ္ဆာဘုရင်လို့ သံသယဝင်နေတာ
ဟုတ်တယ်မို့လား ? "

စုန့်ချီက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ဝမ်ချန်ချူးကိုလည်း ရပ်တန့်သွားအောင် ဆွဲလိုက်သည်။
ဤကိစ္စကို ပြတ်ပြတ်သားသားဖြစ်အောင် ဆက်ဖြေရှင်းချင်နေသည့်ဟန်။

ဝမ်ချန်ချူးက သူ့ခေါင်းကိုငြိမ့်သည်။

"ဟုတ်တယ်.အမှန်ပဲ "

"ဒါဆို , ငါမင်းကိုမေးပါဦးမယ်.
မိစ္ဆာဘုရင်က စိတ်ဆတ်တယ်.
ရုန့်ရင်းကြမ်းတမ်းပြီး နိုင်ထက်စီးနင်းပြုမူတယ်ဆို.
မှန်ရဲ့လား ?

စုန့်ချီက မေး၏။

ဝမ်ချန်ချူး တစ်ခဏမျှတွေးတောနေမိသည်။ သူသည် မိစ္ဆာဘုရင် တစ်ခါမျှမမြင်ဖူးသော်လည်း ယင်းနှင့်ပက်သက်ပြီး ကောလဟာလများစွာ
ကြားခဲ့ဖူးသည်။ သူကြားခဲ့ဖူးသမျှ ကောလဟာ
လများသည် စုန့်ချီပြောဆိုနေသည်များနှင့် သိပ်တော့မကွာခြားလှပါချေ။ ထို့ကြောင့် သူပြန်ဖြေလိုက်သည်။

"မှန်ကောင်းမှန်နိုင်ပါတယ် "

" ပြီးတော့ ငါမင်းကိုအခုပြောခဲ့သလိုမျိုး သခင်ရုန်ကိုလည်းပြောခဲ့ဖူးတယ်.
မိစ္ဆာဘုရင်ကြောင့်မို့.ငါဘယ်လောက်တောင်
ထိခိုက်နစ်နာခဲ့ရပါတယ်.ငါ့အမုန်းတရားတွေက
သူ့အပေါ်မှာဘယ်လောက်တောင် နက်ရှိုင်းတယ်ဆိုတဲ့.အကြောင်းကိုလေ.
အဲ့ဒီနေ့တုန်းက ငါမိစ္ဆာမြို့တော်သွားချင်ရတဲ့ တစ်ခုတည်းသောအကြောင်းရင်းက
မိစ္ဆာဘုရင်ကိုသတ်ပြီးတော့ မိစ္ဆာမြို့တော်ကို
မြေအောက်ထဲစုံးစုံးမြှုပ်ပစ်ချင်တာလို့တောင်
သခင်ရုန်ကို ပြောခဲ့တာ.သူသာ မိစ္ဆာဘုရင်ဆိုရင်လေ.ငါ့ကို အဲ့ဒီလမ်းပေါ်မှာတင် သတ်ပစ်လိုက်ရမှာ မဟုတ်ဘူးလား ? "

FOX DEMON CULTIVATION MANUALWhere stories live. Discover now