၀၅၇

1.6K 334 6
                                    

အကယ်၍ ချင်ယွိသာ အထုပ်လေးပိုက်လျက် တပ်ခေါက်ပြန်သွားမည်ဆိုပါက မိစ္ဆာဘုရင်ကိုသေချာပေါက်တွေ့နိုင်တော့မည်မဟုတ်ပေ။ ထို့ကြောင့်ပင် သူမသည် သူမအားအဖတ်မလုပ်ကြသည့် ယောက်ျားပျိုနှစ်ဦးနောက်မှ ငြိမ်ငြိမ်ဆိမ်ဆိမ်လေးလိုက်လာကာ သူမ တစ်ခါမျှမရောက်ဖူးသော မိစ္ဆာလောက၏ ရှုခင်းများကို လှည့်ပတ်ကြည့်ရှုနေတော့သည်။

သုံးယောက်သား လမ်းမပေါ်တွင် ရည်ရွယ်ချက်မရှိ ယောင်လည်လည်ဖြင့် လျှောက်လည်နေကြစဉ် လူနှစ်ယောက်က ဒရောသောပါးပြေးလာကြသည်။

" မြန်မြန်၊ စတောင်စနေလောက်ပြီ! "

ထိုနှစ်ယောက်ထဲမှ တစ်ယောက်က စုန့်ချီ၏ပုခုံးကိုဝင်တိုက်သွားပြီး စုန့်ချီလက်ထဲမှ ကောက်ညှင်းကျည်တောက်မုန့်လေးက အောက်ပြုတ်ကျသွားသည်။ မုန့်လေးက မြေကြီးပေါ်ပြုတ်ကျသွားပြီး ဖုန်များပေသလူးကာ စားလိုမရတော့ချေ။

စုန့်ချီသည် တစ်ခါဏကြာသည်ထိ ကြောင်အမ်းအမ်းဖြစ်နေပြီးနောက်မှ ကောက်ညှင်းကျည်တောင်မုန့်လေးကို ငုံကြည့်လိုက်သည်။ သူ သက်ပြင်းချလိုက်၏။

"အာ ဆိုးတာပဲ၊ ကျွန်တော် တစ်ကိုက်ပဲကိုက်လိုက်ရသေးတယ်၊ နှမြောလိုက်တာ! "

သူ့ကို တိုက်ချသွားသည့် ထိုလူက သူ့စကားကိုကြားသွားပြီး နောက်ပြန်လှည့်လာကာ တောင်းပန်လျက် အလျော်အစားပြန်ပေးလာသည်။

" ဒီကအဆွေလေး..ကျုပ်တောင်းပန်ပါတယ်၊ နောက်တစ်ခုထပ်ဝယ်လိုက်ပါ။ ကျုပ်တို့အလျင်လိုနေ...."

စုန့်ချီသည် ကမ်းလာသည့် အလျော်အစားငွေကို လက်ခံမည်မပြုဘဲ ထိုလူ၏လက်ကိုဆွဲလိုက်သည်။

"ခင်ဗျားတို့ ခုနက ဘာအကြောင်းပြောနေကြတာလဲ"

စုန့်ချီ သူတို့ထံမှ ပျော်ရွှင်စရာအငွေ့အသက်ကို ခံစားမိနေသည်။

" မြို့တော်အကြီးအကဲဟွားကိ်ုယ်တိုင် ဦးစီးကျင်းပတဲ့ လေလံပွဲလေ..လေလံပွဲက ပစ္စည်းမှန်သမျှက အတော်လေးရှားရှားပါးပါးမို့လို့ ကျုပ်တို့တွေ သွားကြည့်ကြမလို့ပါ "

FOX DEMON CULTIVATION MANUALWhere stories live. Discover now